Baekhyunအလုပ်ဝင်ပြီးနောက်ပိုင်းတွင်သူတို့ကုမ္ပဏီကထုတ်တဲ့jewel တွေကပိုပြီးထိုးဖောက်လာနိုင်တယ်။Men wears တွေကိုဦးစားပေးလာတာကြောင့်စျေးကွက်ထဲမှာအောင်မြင်မှုအတော်ရသည်။
စင်စစ်ဆိုလျှင်အတော်အရည်အချင်းရှိတဲ့ကောင်လေးဖြစ်တာကြောင့်"ကျွန်တော့်ကိုအလုပ်မခန့်ရင်နောင်တရမယ်"ဆိုတဲ့စကားကအပိုမဟုတ်ဘူးဆိုတာနားလည်လာသည်။

တစ်ခုလေးဘဲ...ကြီးသူငယ်သူရွယ်တူအကုန်လုံးနဲ့အဆင်ပြေပြီးသူတစ်ယောက်ထဲနဲ့သာကွက်ပြီးအဆင်မပြေနေခြင်းပင်

အခုတလောဝန်ထမ်းတွေပြောနေတဲ့စကားရှိပါတယ်...ဘာတဲ့...Baekhyunလိုရည်မွန်တဲ့ကောင်လေးနဲ့တောင်အဆင်မပြေဘူးဆိုတော့မန်နေဂျာချုပ်ရဲ့ပေါင်းသင်းဆက်ဆံရေးကသိပ်ကောင်းပုံမရဘူးတဲ့လေ

ကြည့်လေကြည့်လေဒေါသထွက်လာလေ...ကြည့်စမ်း မိန်းကလေးတွေဝိုင်းနေတဲ့အလယ်မှာလူတတ်ကြီးလုပ်နေတာ
ရယ်နေတာလည်းမျက်လုံးတွေပျောက်၊သွား၃၂ချောင်းလုံးပေါ်နေပြီ ငါ့ရှေ့မှာဆိုအမြဲတမ်းမှုန်ကုပ်ကုပ် မျက်ပေတုံးပုံစံနဲ့...ကတောက်စ်

"Madamနဲ့ဆိုဘယ်ဒီဇိုင်းနဲ့သင့်တော်မလဲဆိုတော့..."

Ah...yah Park Chanyeol အဲလေ မန်နေဂျာParkဘာလို့လဲ ကျွန်တော့်လက်ကိုလွှတ်လို့ ဘယ်ခေါ်သွားမလို့လဲ...အ....နာတယ်လို့!!!

ဟူး....ပျော်လား!

Nae...ဘာကိုပျော်ရမှာလဲ!

မိန်းကလေးတွေကိုပုံပြင်ဆန်ဆန်ဇာတ်လမ်းတွေနဲ့ချုပ်နေရတာပျော်လား!

"Imm ပျော်တယ်"

Borr!!!

"ဟုတ်တယ်လေ...ကိုယ်ပြောပြနေတာကိုစိတ်ဝင်တစားနားထောင်နေကြတော့ပျော်တာပေါ့"

"မင်းကတော့...ဟူး"

နေပါအုံး
ခင်ဗျားကဘာတွေဒေါသထွက်နေတာလဲ!

မင်းကြောင့်လေ!

"...."

မင်းလေ!!!ပြောမယ်ဆိုလည်းကိုယ့်လက်ဝတ်ရတနာကိုများများဝယ်အောင်ဆွယ်ပါ့လား...ဘာတဲ့လက်စွပ်ထက်ချစ်တဲ့စိတ်ကအရေးကြီးတယ်ကလုပ်လိုက်သေးတယ် အတော်စိတ်ကူးယဥ်တတ်တာဘဲ...ဟွန့်!

IMMUTABLEOù les histoires vivent. Découvrez maintenant