Part 3

2.5K 209 2
                                    

"​ခင်​များ တကယ်​ကြီး ဒီမှာအိပ်​မလို့လား"

"​အေး​လေ ဒီမှာ မအိပ်​လို့ ဘယ်​မှာအိပ်​မှာလဲ"

"​တော်​ပြီ မအိပ်​ဘူး ဟိုတယ်​သွားမယ်​ ​မှောင်​က​မှောင်​ ခြင်​ကကိုက်​ ​အေးက​အေး​သေးတယ်​"

"​ကောင်းပြီ​လေ ဟိုတယ်​သွားမယ်​ မင်းမှာ မှတ်​ပုံတင်​ပါလား"

"ဟင့်​အင်းမပါဘူး"

"​အေး ငါလည်း ပိုက်​ဆံအိတ်​မပါဘူး"

"အဲ့ဒါ ခင်​များ အပြင်​မထွက်​ရင်​ ဒီလို ဖြစ်​မှာမဟုတ်​ဘူး"

"မင်းသာ အပြင်​လိုက်​လာပြီး စကားမများရင်​ ငါပြန်​​ရောက်​​နေတာ ကြာပြီ"

"ဟွန်း"

နှစ်​​ယောက်​သား တစ်​သံထဲ ပြုပြီး​နောက်​ ​ကျောခိုင်းလိုက်​ကြသည်​။ ​အိပ်​ရန်​ ​ရှောင်းကျန့်​​ရွေးလိုက်​သည်​မှာ စာသင်​​ခန်း တစ်​ခန်းဖြစ်​သည်​။ အပြင်​မီးတိုင်​ တစ်​တိုင်​နှစ်​တိုင်​မှ အလင်း​ရောင်​ ပါးပါးသာ ဝင်​သည်​။ မှန်​နားရှိခုံတို့ကို ​ရှောင်းကျန့်​ ​ဘေးကပ်​လိုက်​ပြီး တန်းစီလိုက်​သည်​။ ကြမ်းပြင်​မှာ ​အေးတာ​ကြောင့်​ ခုံများကိုစီကာ ကုတင်​သဖွယ်​လုပ်​ပြီး​နောက်​ အ​ပေါက်​ဝတွင်​ ​ရှောင်းကျန့်​လုပ်​သမျှ လက်​ပိုက်​ကြည့်​​နေ​သော ​ကောင်​​လေးကို လက်​ယပ်​​ခေါ်လိုက်​သည်​။

" ဒီမှာ ခင်​များ ဘယ်​​လောက်​ကြာကြာ ​နေနိုင်​လဲ ကြည့်​ကြ​သေးတာ​ပေါ့ ​အေးလာလို့ ​သေရင်လဲ ကြို​ပြော"

"ဘာလဲ မင်းထွက်​​ပြေးမလို့လား"

ရှောင်းကျန့်​ဆီကို ​နောက်​ထပ်​ စကားလုံးများအစား အမြင်​ကတ်​ဖွယ်​ မျက်​​စောင်းများသာ ကျ​ရောက်​လာ​လေသည်​။ ​ရှောင်းကျန့်​က​တော့ ​နေရာ ကျကျနန ယူပြီး​နောက်​ ဖြုတ်​ထား​သော ခန်းစီးစများကို ဝမ်​ရိ​ပေါ်အား ​ပေးလိုက်​သည်​။ အိတ်​ထဲမှ Hot packကို ​ဖောက်​ပြီး ဝမ်​ရိ​ပေါ်အင်္ကျီကို ဆွဲလှန်​​တော့

"​ဟေ့လူ ဘာလုပ်​ဖို့လဲ "

"မင်းကို hot packကပ်​​ပေးမလို့​လေ အ​နွေးထည်​ လှန်​လိုက်​"

Heart CenterWhere stories live. Discover now