Part 2

2.9K 202 0
                                    

ဒေါက်​ ​ဒေါက်​ ​ဒေါက်

"ဝမ်​ရိ​ပေါ် ​ဟေး ထ​တော့ တံခါးဖွင့်​​ပေးဦး"

"ဘယ်​သူလဲ တံခါးက ပိတ်​ကို မထားတာ ဝင်​လာခဲ့"

အိပ်​ရာ​ပေါ်က မထ ​ခေါင်းအုံးကြီးကို ဖက်​၍ ဝမ်​ရိ​ပေါ် ​အော်​လိုက်​ခြင်းဖြစ်​သည်​။

"ဒီမှာ မင်းအခန်း​ဖော်​ အသစ်​ လာပြီ ထဦး မိတ်​ဆက်​​ပေးမလို့"

"ကျစ်​ ​ပြောဗျာ ဘယ်​သူတုန်း"

လူရှိရာဘက်​လှည့်​ပြီး မျက်​လုံးဖွင့်​​တော့မှာ အ​ဆောင်​မှူးကို ​တွေ့ရတာ​ကြောင့်​ ငုတ်​တုတ်​ထိုင်​လိုက်​ရသည်​။

"​ရှောင်းကျန့်​ ဝင်​ခဲ့​လေ"

ဟမ်​ ဘယ်​သူကြီး။ ​ရှောင်းကျန့်​ဟုတ်​လား။ ဟို​ရှောင်းကျန့်​ကို ​ပြောတာလား။

"မင်္ဂလာပါ ဝမ်​ရိ​ပေါ် ကိုယ်​က ​ရှောင်းကျန့်​ပါ"

အခန်းထဲသို့ဝင်​ လာပြီး လက်​​ပေးလာ​သော သူ၏ မျက်​နှာကို ​သေချာကြည့်​​နေမိဆဲ။ ​ကျောင်းပိတ်​ရက်​မို့ ​ပေါ့​ပေါ့ပါးပါး ဝတ်​ဆင်​ထား​သော်​လည်း မနက်​မိုးလင်းတာနဲ့ သန့်​ပြန့်​​နေသူကို ကြည့်​ကာ အခုထိ အိပ်​​ရေးမဝ​သေး​သော ကိုယ့်​ပုံက မှန်​ထဲက ရယ်​ပြ​နေသည်​။

လက်​ပြန်​ကမ်း​ပေးပြီး​နောက်​​တော့

"မင်္ဂလာပါ ဒါနဲ့ ခင်​များက အတန်းကြီးတယ်​ မဟုတ်​လား အတူ​နေလို့ရတယ်​လား"

မေးလိုက်​သည်​က အ​ဆောင်​မှူးကိုဆို ​ပေမယ့်​ အကြည့်​က​တော့ သူ့ထံက မလွှဲမိ။

"ရလို့ ​ခေါ်လာပြီပဲ သူ့ပစ္စည်း​တွေ ကူသယ်​​ပေးလိုက်​ပါဦး"

"အာ ဟုတ်​ ခဏ​လေး ကျွန်​​တော်​ မျက်​နှာသစ်​ဦးမယ်​"

ရေချိုးခန်းထဲ​ရောက်​​တော့ မ​နေ့ထဲက မချွတ်​ရ​သေးသည့်​ အားကစား​ဘောင်းဘီ​ကို ကြည့်​ကာ စိတ်​ညစ်​မိသည်​။ ဒုက္ခပဲ သူ့​ရှေ့မှာမှ အင်္ကျီကမပါ ​ဘောင်းဘီက မ​နေ့ကတည်းကဟာနဲ့။ ငါ့ဂုဏ်​သိက္ခာ​လေး​တွေ ကျိုးပဲ့ပါပြီ။

Heart CenterWhere stories live. Discover now