"အဟမ်း ဘာကူသယ်ပေးရဦးမလဲ"
"ရပါပြီ ကိုယ်အကုန် သယ်ပြီးပြီ မင်းဘာမှ မစားရသေးဘူးမလား ကိုယ် မီးဖိုချောင် သုံးမယ်နော်"
နှစ်လိုစွာ ပြုံး၍ စကားပြောတတ်တာ သူ့အကျင့်များလား။ ပြုံးလိုက်ရင် ခင်များက တကယ်ချောတာ။ ကျစ် ဘာလို့ ပြည့်စုံနေရတာလဲ တကယ်ပဲ။
မျက်နှာကို ရေသုတ်ပြီး မီးပူမထိုးရသေးသည့် အဝတ်ပုံထဲမှ တီရှပ်တစ်ထည် ကောက်ဝတ်ကာ ဘောင်းဘီလည်း လဲဝတ်လိုက်သည်။
ယောင်ယမ်း၍ ခေါင်းညိတ်လိုက်သော်လည်း မီးဖိုချောင်က ဘာမှ မရှိသည်ကို သတိရတော့ ပြေးရပြန်သည်။
"ကြည့်ရတာ မင်း မသုံးဘူးနဲ့တူတယ် ခေါက်ဆွဲထုပ်ကလွဲရင် ဘာမှ မရှိဘူး"
ထိုအခါမှ ပါကင်လိုက် ဝယ်သိမ်းထားသော ခေါက်ဆွဲဘူးနှင့် အထုတ်များက ကျွန်တော့ကို လျှာထုတ်ပြောင်နေသလို။
"ကိုယ့်မှာ အိုးတွေတော့ ရှိတယ် အခန်းပြောင်းရမှာဆိုတော့ ချက်စရာ မဝယ်ထားမိဘူး ဒီတိုင်း အပြင်မှာ သွားစားကြမလား"
ပြုံး၍ ဆိုလာသူကြောင့် အံ့ဩမိသွားသည်။ ဝမ်ရိပေါ် တစ်သက်နှင့်တစ်ကိုယ် မနက်စာအကြောင်း အလေးမထားဖူးပေ။ ဆာသည့်အချိန်မှ များများ စားတတ်သည်က ကိုယ့်အကျင့်ပင်။
"နေတော်တော် တောင် မြင့်နေပြီ ဒီထက် မပူခင် ဈေးပါတစ်ခါတည်း ဝယ်ရမယ် ဒီနေ့ ကိုယ် စ ရောက်တဲ့ အနေနဲ့ မင်းကို ချက်ကျွေးမယ် ဈေးတော့ လိုက်ကူနော် မီးဖိုချောင်က ပစ္စည်း လုံးဝမရှိတာမို့လို့လေ"
"အယ် ဟုတ် ဟုတ်ကဲ့"
ဘယ်လိုကြီးလဲဟ။ အခုမှ စ တွေ့တာလေ။ တရင်းတနှီး ကြီးကို ခေါ်နေတော့တာပဲ။ လိုက်ဆိုတော့လည်း လိုက်ရုံပေါ့ မဟုတ်လည်း လုပ်စရာက အိပ်နေဖို့ပဲ ရှိတာ။ အိပ်ရေး မဝတာက လွဲရင် အဆင်ပြေပါတယ်။
YOU ARE READING
Heart Center
Romanceနှင်းတွေကျရာ အရပ်မှာ ငါနေမယ် ဆောင်းရောက်တိုင်း မင်းကိုရှာမယ် နှလုံးသား ဗဟို ရှိရာအရပ်မှာ ငါတို့ ပြန်တွေ့ကြမယ်
Part 2
Start from the beginning