ဒေါက် ဒေါက် ဒေါက်
"ဝမ်ရိပေါ် ဟေး ထတော့ တံခါးဖွင့်ပေးဦး"
"ဘယ်သူလဲ တံခါးက ပိတ်ကို မထားတာ ဝင်လာခဲ့"
အိပ်ရာပေါ်က မထ ခေါင်းအုံးကြီးကို ဖက်၍ ဝမ်ရိပေါ် အော်လိုက်ခြင်းဖြစ်သည်။
"ဒီမှာ မင်းအခန်းဖော် အသစ် လာပြီ ထဦး မိတ်ဆက်ပေးမလို့"
"ကျစ် ပြောဗျာ ဘယ်သူတုန်း"
လူရှိရာဘက်လှည့်ပြီး မျက်လုံးဖွင့်တော့မှာ အဆောင်မှူးကို တွေ့ရတာကြောင့် ငုတ်တုတ်ထိုင်လိုက်ရသည်။
"ရှောင်းကျန့် ဝင်ခဲ့လေ"
ဟမ် ဘယ်သူကြီး။ ရှောင်းကျန့်ဟုတ်လား။ ဟိုရှောင်းကျန့်ကို ပြောတာလား။
"မင်္ဂလာပါ ဝမ်ရိပေါ် ကိုယ်က ရှောင်းကျန့်ပါ"
အခန်းထဲသို့ဝင် လာပြီး လက်ပေးလာသော သူ၏ မျက်နှာကို သေချာကြည့်နေမိဆဲ။ ကျောင်းပိတ်ရက်မို့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော်လည်း မနက်မိုးလင်းတာနဲ့ သန့်ပြန့်နေသူကို ကြည့်ကာ အခုထိ အိပ်ရေးမဝသေးသော ကိုယ့်ပုံက မှန်ထဲက ရယ်ပြနေသည်။
လက်ပြန်ကမ်းပေးပြီးနောက်တော့
"မင်္ဂလာပါ ဒါနဲ့ ခင်များက အတန်းကြီးတယ် မဟုတ်လား အတူနေလို့ရတယ်လား"
မေးလိုက်သည်က အဆောင်မှူးကိုဆို ပေမယ့် အကြည့်ကတော့ သူ့ထံက မလွှဲမိ။
"ရလို့ ခေါ်လာပြီပဲ သူ့ပစ္စည်းတွေ ကူသယ်ပေးလိုက်ပါဦး"
"အာ ဟုတ် ခဏလေး ကျွန်တော် မျက်နှာသစ်ဦးမယ်"
ရေချိုးခန်းထဲရောက်တော့ မနေ့ထဲက မချွတ်ရသေးသည့် အားကစားဘောင်းဘီကို ကြည့်ကာ စိတ်ညစ်မိသည်။ ဒုက္ခပဲ သူ့ရှေ့မှာမှ အင်္ကျီကမပါ ဘောင်းဘီက မနေ့ကတည်းကဟာနဲ့။ ငါ့ဂုဏ်သိက္ခာလေးတွေ ကျိုးပဲ့ပါပြီ။
YOU ARE READING
Heart Center
Romanceနှင်းတွေကျရာ အရပ်မှာ ငါနေမယ် ဆောင်းရောက်တိုင်း မင်းကိုရှာမယ် နှလုံးသား ဗဟို ရှိရာအရပ်မှာ ငါတို့ ပြန်တွေ့ကြမယ်