Part 1

7.1K 256 0
                                    

ကမ္ဘာ​ပေါ်မှာ အပူရယ်​ အ​အေးရယ်​ အအးရယ်အချစ်ရယ်အမုန်းရယ် ဆိုသကဲ့သို့ ဆန့်ကျင်ဘက်တို့ ဒွန်​တွဲ​နေသည်​။ ​ဆန့်​ကျင်​ဘက်​ဆိုတာ ယှဉ်​တွဲလို့ရသလားလို့ ​မေးရင်​ တစ်​ချို့က​ဖြေမယ်​ ​တောင်​ဘက်​သွားတဲ့ သူနဲ့ ​မြောက်​ဘက်​သွားတဲ့သူဟာ ဘယ်​​တော့မှ မဆုံနိုင်​ဘူးလို့​ပေါ့။ ​လောကမှာ နိယာမ တစ်​ခုရှိ​သေးတယ်​ ကမ္ဘာကြီးဟာ လုံးဝန်းတာ​ကြောင့်​ တစ်​​နေ့မှာ စမှတ်​ကို ပြန်​​ရောက်​နိုင်​သတဲ့။ ​မြောက်​စူးစူးကို ခရီးသွားသူဟာ ​တောင်​ဘက်​က​နေ ​မြောက်​ဘက်​ရှိရာ မျက်​နှာမူပြီး စမှတ်​ကိုမ​ရောက်​ခင်​ ​တောင်​ဘက်​စူးစူးကို ခရီးထွက်​သူနဲ့ ပြန်​ဆုံ​တွေ့နိုင်​တယ်​ဆိုတာကို​ရော ယုံကြမလား။

ဆန့်​ကျင်​ဘက်​တို့သည်​ အမြဲတမ်း​တော့ ကွဲလွဲမ​နေတတ်​ဘူးဟူ​သော အယူအဆကို လက်​ခံနိုင်​​အောင်​ ကြိုးစားကြည့်​ရင်​​တော့ဖြင့်​။
____________________________________

"ဝမ်​ရိ​ပေါ် မြန်​မြန်​ အသင်းတစ်​ခုလုံး မင်းကို မ​တွေ့လို့ ရှာ​နေကြတာ ပွဲစ​တော့မယ်​ ဖိနပ်​ကြိုးမြန်​မြန်​ချည်​ပြီး ထွက်​ခဲ့​တော့"

အခန်း​ပေါက်​ဝကို အ​မောတ​ကော ​ပြေးလာကာ ​ပြောလိုက်​သည့်​ ဇီရန်​​ကြောင့်​ ဝမ်​ရိ​ပေါ် ပြုံးလိုက်​မိကာ

"အင်း လာခဲ့မယ်​ သွားနှင့်​"

ဖိနပ်​ကြိုးကို ခပ်​မြန်​မြန်​ ချည်​ကာ အားကစားဂျာကင်​ကို လမ်း​လျှောက်​ရင်း ဝတ်​​နေလိုက်​သည်​။

"အား......ဝမ်​ရိ​ပေါ်"

အားကစား ခန်းမထဲ ​ရောက်​သည်​နှင့်​ မိန်းက​လေးတစ်​ဦး၏ ခပ်​ဆူးဆူး အသံကို ကြားလိုက်​ရသည်​။
အထူးအဆန်း​တော့ မဟုတ်​​​ပေ။ ဝမ်​ရိ​ပေါ်ဟူသည်​ ​ကျောင်း၏ ​ပေါ်ပြူလာ အဖြစ်​ဆုံး ​ကျောင်းသားပင်​ဖြစ်​သည်​။ ဝမ်​ရိ​ပေါ်ရှိရာတွင်​ မိန်​က​လေးအများစု ရှိမည်​။ ဝမ်​ရိ​ပေါ်၏ ဓာတ်​ပုံများကို ခိုးရိုက်​ကြမည်​။ အချင်းချင်း ပြန်​ရှဲကြမည်​။ မုန့်​​တွေပို့မည်​။ စကားမရှိ စကားရှာ အရည်​မရ အဖတ်​မရ​တွေ လာလုပ်​ကြမည်​။ ဤအရာများသည်​ ​ဝမ်​ရိ​ပေါ်၏ တစ်​​နေ့တာ လုပ်​ငန်းစဉ်​ကြီးလိုသာ လည်​ပတ်​​နေခဲ့သည်​။

Heart CenterWhere stories live. Discover now