မျက်ထောင့်တွေနီရဲကာ အံကိုတင်းတင်းကြိတ်ထားပုံက အငိုထိန်းထားသည်မှာသေချာပေါက်.....
"ကိုရယ် သတိရလိုက်တာ....နေ့ရက်တိုင်းကို Tae ဘယ်လိုနေရပါ့မလဲ"
Tae မှာမျက်ရည်တွေတစ်ယောက်တည်းအသံတိတ်ကျကာတစ်လမ်းလုံးပါလာလေ၏။
.
.Jimin မှာ Yoongi ပေးလိုက်သည့်ဆေးထုတ်ကြီးကိုကြည့်ပြီး ခံစားချက်ကတစ်မျိုးကြီးပင်....
"ဟူး....ရင်ထဲနေလို့မကောင်းလိုက်တာ...ငါဘာဖြစ်နေတာလဲ"
ကားပေါ်တက်ခါနီး သူ့ကိုကြည့်နေသည့် Yoongi ၏မျက်လုံးများက ခွဲခွာဖို့အတွက် သူ့ကိုအလွတ်မှတ်နေသလို မျက်တောင်မခတ်စိုက်ကြည့်နေခဲ့၏။
မပြန်ခင် သွားတွေ့ခဲ့သည့်ရက်ကလည်း ထူးထူးဆန်းဆန်းစကားတွေနှင့် စကားတွေဆွေးဆွေးမြေ့မြေ့ပြောခဲ့ကြသေးသည်။
မြင်ယောင်လာသည်ကသွားသေးသေးလေးများနှင့်သွားဖုံးများပေါ်သည်အထိ ရယ်ပြသောအပြုံးများ....
"ဟာ....ငါဘာတွေဖြစ်နေတာတုန်း"
မျက်လုံးထဲတွင်ပေါ်လာသည့်ထိုအဖိုးကြီး၏အပြုံးကြောင့် ခေါင်းကိုခါထုတ်ပစ်ကာ နားကြပ်တပ်ပြီး အတင်းအိပ်ပစ်လိုက်၏။
ဒါတောင် အိမ်မက်မက်လိုက်ပါသေးသည်.....ထိုအဖိုးကြီးက သူ့ကို ချစ်စကားတွေပြောနေတယ်လို့....
≡ The Village That Start Our Love ≡
ဘာလိုလိုနဲ့သူတို့မြို့ကိုပြန်ရောက်လာတာ ၂ ပတ်ပင်ရှိပြီ......ပြန်ရောက်ကတည်းကကိုယ့်အလုပ်နဲ့ကိုယ်မလို့ မအားကြ.....
Jin Hyung မှာလည်း ပြန်ရောက်ကတည်းကအလုပ်တွေချည်းဖိလုပ်နေခဲ့သည်။ NamJoon ကိုအမြဲသတိမရနေမိအောင်ဖြစ်မည်။
Jimin မှာလည်း Yoongi ထည့်ပေးလိုက်သောအားဆေးများကို မနက်တိုင်းတစ်လုံးစီသောက်ကာ ရုံးသွားလေသည်။ Hobi တောင်းသောက်သည်တောင် မပေး,......
TaeHyung မှာလည်းပြန်ရောက်ကတည်းက ရှောင်ဖယ် ရှောင်ဖယ်နှင့်......မျက်နှာကလည်းသိပ်မလန်းပေ.....
ESTÁS LEYENDO
The Village That Starts Our Love [Season 2] (Completed)
FanficCollaboration with JeonYiMon 💜