Part 29

3.1K 125 0
                                    

သူခင်းသောလမ်း
အပိုင်း(၂၉)
#သူခင်းသောလမ်း

“ကလင်...ကလင်...ကလင်...”
ဂျွန် လက်ထဲက ပန်ချခဲ့ပြီး ဖုန်းကိုင်လိုက်သည်..။
“ဟလို...”
“ဒီဒီ သွားပြီလား..”
“အင်း..”
“..ကားသမားက စောင့်နေတာ ကြာပြီ လို့ ဖုန်းဆက်တယ်..ဘယ်ကားနဲ့ သွားလိုက်တာလည်း..”
“မသိဘူး..အနက်ရောင်ကားပဲ..”
ဂျွန်အပေါ်ကနေ လှမ်းကြည့်တော့ မြင်လိုက်တာ အနက်ရောင် ကားထဲ ဒီဒီ ၀င်သွားတာပါ..။
“ဟာ..ဒုက္ခပါပဲ...အဲ ဒါ တို့ကား မဟုတ်ဘူး..ဖုန်းခေါ်တာလည်း မကိုင်လို့..ဟို အကို တစ်ခုလောက် ကူညီပါလား..ဒီဒီ ကျောပိုးအိတ် ကလေးထဲမှာ ဖိတ်စာကဒ် ထည့်ထားတယ်..အဲ ဒါလေး တစ်ချက်ပြောပါလား.”
ဂျွန် အခန်းထဲ ပြေး၀င်ပြီး ကျောပိုးအိတ်ကလေးကို သွန်ချလိုက်တော့ ကဒ် သုံးခုတောင်...
သုံးခု စလုံးယူပြီး..ပြန်ပြေးထွက်လာခဲ့လိုက်သည်..။
“သုံးခုတောင်..”
“အနက်ရောင်ကိုပဲ ပြောပါ အဲဒါ လရောင် မွေးနေ့ လုပ်မဲ့ နေရာ..”
“ဟုတ်..××××××× ”
“ရပြီ..ကျွန်မ ဖုန်းထပ် ဆက်ကြည့်လိုက်မယ်..လရောင်တို့ မွှေပြီ ထင်ပါတယ်..”
“ဘာ..”
“မဟုတ်ပါဘူး..စိတ်မပူပါနဲ့..”
ဂျွန် ဖုန်းချပြီးတာနဲ့ ကားသော့ ယူပြီး ပြေးဆင်းလာခဲ့လိုက်သည်..။
ကဒ်ကို လက်ထဲမှာ ဆုတ်ချေရင်း တိုးလာသွေးတွေက နားထင်ကျောကိုထောင်စေသည်..။
“ဖိတ်စာကဒ် ပြပါ အကို..”
အ၀ ရောက်မှ ဖိတ်စာကဒ်တောင်းတော့ ကားထဲ ပြန်ယူရသည်..
ဆုပ်ချေထားလို့ ကြေမွနေတာကို ပြန့်အောင်သေချာဖြန့်ပြီး ပြန်လျှောက်လာတော့ ဒီဒီ မန်နေဂျာလည်း အ၀မှာ ရောက်နေပြီ..။
“ဒီဒီ ဆီ လာတာ ခေါ်လိုက်..”
‘ဖိတ်စာ မပါရင် ၀င်လို့ မရပါဘူး..”
“တို့ တူတူ လာတာပါ..”
ဂျွန်၀င်ပြောပြီး ကဒ်ပေးလိုက်တော့ မယုံသလို သေချာ ကြည့်သည်..။
“မြန်မြန် ဖယ်လေ..”
“ဟုတ်ကဲ့.ဆောဒီးပါ..တာ၀န်အရမို့ပါ..”
ဘေးက လူ ဘယ်ဆီ ထားခဲ့မှန်းမသိ..ဂျွန် တစ်ယောက်တည်း ပြေး၀င် သွားခဲ့လိုက်သည်..။
ခုံမှာ ထိုင်နေတဲ့ ဒီဒီ ကို ပခုံးဖက်ပြီး ခေါ်ပြီး အခန်းထဲ ၀င်သွားတဲ့ မြင်ကွင်းကြောင့် ဂျွန် ကျောခိုင်းပစ်လိုက်သည်..။
“ဒီဒီ တကယ်လား..”
ဒေါသထက် နာကျင်မှု က ပိုများတော့ လက်သီးဆုပ် ထွက်လာခဲ့လိုက်သည်..။
“တွေ့လား..ဒီဒီ ကိုတွေ့လား..”
“မတွေ့ဘူး..”
ဒီဒီ သိက္ခာကို ငဲ့ ပြီး လိမ်လိုက်ပေမဲ့ ရင်ဘတ်မှာတော့ တွေ့လိုက်ရတဲ့ မြင်ကွင်း ကြောင့် ဆူးဒဏ်ရာတွေ အပြည့်...။
“ကျွတ်..ဆေးခတ်လိုက်ရင်တော့..သွားပြီ..”
“ဘာ..”
“ဟုတ်တယ်..အရင် က မော်ဒယ်ကို လည်း အဲလိုတွေ ရှုပ်ဖူးတယ်..”
ဂျွန် ပြန်လှည့်ပြီး အခန်းဆီ ကို တရှိန်တိုးပြေးသွားလိုက်သည်..။
ဒီဒီ က ကုတင်ပေါ်မှာ လဲနေပြီး..ဂါ၀န်လက်က ပခုံးထိ လျောချနေသည်..။
“တောက်..ဖြောင်း..”
“အား..”
“မင်း..ခွပ်..ဒုန်း..”
ဂျွန် စိတ်ထဲ ရှိသလောက် မျက်နှာကို တည့်ထိုးနေတာ..မန်နေဂျာ ၀င်ဆွဲမှ ရပ်လိုက်သည်..။
မန်နေဂျာ က သတင်းသမားတွေ ရှိလို့ အခန်းတံခါးပိတ် လော့ချ လိုက်ပြီး..
“ငွေလရောင်..နင်..လုပ်ပြန်ပလား..”
“ဒီခွေးကောင် က ဘာလည်း..”
နှုတ်ခမ်းစွန်းက သွေးကို သုတ်ရင်း ဂျွန်ကို စောင်ပေပေ ကြည့်ပြီး ပြန်ထသည်..။
“မင်းဟာမ က လက်ဖျားနဲ့တောင် အထိမခံဘူး..ဒီမှာ မြင်လား..”
ပါးစောင်းပြတော့ လက်သည်းရာတွေ နဲ့ နဖူး လှန်ပြတော့လည်း နဖူးက အလုံးထွက်နေသည်.။
“ဟွန့်..ဒီလောက်မာကျောတာ မမြင်ဖူးဘူး..တောက်...သတိလစ်သွားတုန်းလေး.. ပွဲ ြ့ပီးပြီ..ဘာဖြစ်လည်း...သူထက်သာတာနဲ့ တွေ့လိမ့်မယ်.မက်မနေနဲ့”
“ခွေးစကား...”
ဂျွန် ဆွဲနေတဲ့ ကြားက တစ်ချက်ရအောင် ပိတ်ထိုးလိုက်သည်..။
ဒေါသ မလျော့သေး..ရှေ့ဆက်တော့..
“..ဒီဒီ ကို ကြည့်ပါအုံး..သတိလစ်နေတာ.”
“ဟင်..’ဒေါသတွေထက် စိုးရိမ်စိတ်ပို ပြီး ကုတင်အနားကို ပြေးကပ် သွားလိုက်သည်.။
“ဒီဒီ..”
မျက်နှာ နုနု လေးက ငိုထားလို့ ပါးပြင်ပေါ်မှာ မျက်ရည်စက်တွေ. မခြောက်သေး.။
ဂျွန် ကိုယ့်ကိုယ်ကို ဒေါသထွက်မိသည်..။
စတွေ့ကတည်း က သာ လိုက်လာမိရင် ဒီဒီ မျက်ရည်ကျ ရမယ် မထင်..။
ဒီဒီ ရဲ့ သစ္စာတရား ...ကိုယ်က မယုံမိတာ..တောက်..။
“ဂျွန် ဆိုတာ ခင်ဗျား လား...မေ့လဲ တဲ့  အထိ အဲ ဒါပဲ တနေတာ.”
“ခင်ဗျား မသေချင်ရင် အပေါက်ပိတ်ထားနော်..”
ဂျွန် ကြုံးအော်လိုက်တော့မှ ပခုံးတွန့်ပြီး ခုံမှာ ခြေချိတ် ထိုင်လိုက်သည်..။
ဒီဒီ အကျီ င်္ လက် ပုခုံးပေါ် ပြန်တင်ပေးပြီး ပွေ့ချီ လိုက်သည်..။
တံခါးဖွင့်ဖို့ လက်အရောက် လမ်းတစ်၀က်မှာ တင် အတားခံလိုက်ရသည်..။
“အခုထွက်သွားရင် မီဒီယာတွေ သိသွားလိမ့်မယ်..”
“သိပေစ..”
“အလုပ်တွေပါ ရပ်သွားရင် ဒုက္ခရောက် လိမ့်မယ်..”
“ခင်ဗျားတို့က လူတစ်ယောက်လုံး  သတိလစ်နေတာကို ဘာဖြစ်နေတာလည်း..”
“ကျွန်မ ပြောတာ နားထောင်ပါအုံး..ခဏနေရင် မီဒီယာတွေ..”
စကားမဆုံးခင် တံခါးဖွင့်ပြီး ထွက်လာခဲ့လိုက်သည်..။
လူရှင်းတဲ့ ဘေးပေါက်က ထွက်လာချိန်  ဒီဒီ ကို ပဲ စိုးရိမ်နေမိသည်
ကားထဲ ရောက်တာနဲ့ ခါးပတ် ပတ်ပေးပြီး အနားက ဆေးရုံကြီးဆီ ဦးတည်မောင်းလိုက်သည်..။
“သတိလစ်သွားလို့ပါ..”
ဒီဒီ ကို လှည်းပေါ်တင်ပြီး တွန်းပြေးတော့ ဂျွန်လည်း ပြေးလိုက်နေရသည်..။
“သွေးပေါင် ကျ တာပဲ..”
“ဘာဆေးသောက်လည်း..ဆေးစစ်ချက်ရှိလား..ဘာတွေ ဖြစ်တယ်ပြောလည်း..ဘယ်တုန်းက မူးလဲ တာလည်း..”
“ဟို..ဟို..မသိပါဘူးဆရာ..”
ဆရာ၀န်က သဘောပေါက်သလိုမျိုး ခေါင်းငြိမ့်ပြီး ဆေးပုလင်းကို  ဖြတ်လိုက်သည်..။
ဆေးထိုးပြီးတော့ ဆေးပါ ဆက်သွင်းနေပေမဲ့ ဒီဒီ သတိမရသေး...။
“ဆရာ..လူနာ သတိမရသေးတာ..”
“အော်..သတိမလစ်ပါဘူး..အိပ်ပျော်နေတာ...”
“ခင်ဗျာ..”
“ဆေးသွင်းတာ ကုန်ရင် ပြန်ခေါ် သွားလို့ ရပါပြီ...အချိုဓာတ်နည်းနေတယ်နော်..အစားအသောက်ပြောင်းပေးပါ..”
“ဟုတ်..”
“စိုးရိမ်စရာမရှိပါဘူး..”ဆရာ၀န်က ပခုံးကိုင် အားပေးသွားပေမဲ့..ကုတင်ပေါ်မှာ မျက်တောင်လေးတွေ အဖျားကပ် ပြီး နှုတ်ခမ်းစေ့ထားတဲ့ ဒီဒီ ကို မြင်တော့ စိုးရိမ် စိတ်က ရင်ထဲ ပြည့်လာရပြန်သည်..။
“အား...သွား..”
ဒီဒီ ခေါင်းရမ်းရင်း..လက်တွေက ကယောင်ကတမ်း လိုက်ဆွဲနေတာ..
“ဒီဒိ..”
ဂျွန် လက်တွေကို ဖမ်းဆုပ် ကိုင်လိုက်ပြီး ပါးလေးကို ပုတ်ရင်း...နိုးလိုက်သည်.။
“ဒီဒီ..”
ဒီဒီ က ရုတ်တရက်ထထိုင်ပြီး ကြောက်လန့်တကြား ဘေးဘီ ကို လိုက်ကြည့်နေသည်..။
“ဒီဒီ..”
“ဟင်..ဂျွန်...အဟင့်..ဟီး...”
ဒီဒီ က အသံထွက် ငိုပြီး ဂျွန် ကို လှမ်းဆွဲ ပြီး ဖက်လိုက်သည်..။
“ရှုး..ရှုး..တိုးတိုး..အခန်း၀မှာ သတင်းသမားတွေ ရောက်နေတယ်..”
ဂျွန် မဟုတ်တာပြောပြီး ခြောက်လိုက်ရသည်..မဟုတ်ရင် တိတ် မှာ မဟုတ်...။
“အင့်..ငါ..ကို”
“ရှုး..မပြောပါနဲ့ ဆို..”
“အာ..နင်ကလည်း..တစ်မျိုး..ဘာဖြစ်နေတာလည်း..ပြောမလို့ဟာကို..ဟီး..”
ငိုနေရင်း စိတ်မရှည်စွာ ဂျွန်ကို အော်နေသည့် ဒီဒီ ကို အပြုံးတစ်ခုနဲ့ စိုက်ကြည့်နေမိသည်..။
“အင်း..နင့်ကို စောင့်နေတာ  အိမ်ရောက်မှ ပြောတော့..”
“အမ်း..ဟီး..”
မငိုတော့ဖို့ ပြောပေမဲ့ တစ်ချက်တစ်ချက် ထထ အော်နေတုန်းပါပဲ...။
ဂျွန် ကို တွဲ ပြီး ထွက်လာတော့ ဘေးဘီ ဝဲယာ အကုန်လုံးကို မျက်လုံး ကစားပြီး သတင်းသမားဆိုတာတွေကို လိုက်ရှာ မိပေမဲ့ မတွေ့မိ... နောက်ကျ လို့ ပြန်သွားကြတာ ဖြစ်မည်..။
ကားထဲမှာ လမ်းတစ်လျှောက်ငိုလာတာလည်း...မတိတ်သေး...ပြန်မူးတော့မှာပဲ...။
“တော်ပြီလေ..”
“အဟင့်..”
“အ..နေအုံး..အိမ်ပေါ်ရောက်မှ..”
“ဟီး..”
ဒီဒီ ဖက်ဖို့ လုပ်တော့ လက်ကို တွန်းပြီးတားနေတာ...ဒီဒိ နဲ့ ထိဖို့တောင် ရွံနေတာလား..။
ငိုရင်း လှေကားတွေကို ပြေးတက်လာလို့ မျက်ရည် တစ်ချို့ လွှင့်စင် ကျကျန်ခဲ့သည်..။
တံခါးသော့ဖွင့် ပြီး အခန်းထဲ ၀င်ပြေးလိုက်သည်..။
“ဒီဒီ..”
ဂျွန် ပြေးလိုက်လာပေမဲ့ အခန်းထဲ ရောက်သွားပြီး လော့ခ်ချ ထားလိုက်ပြီ...။
ရမလား..ဒီကောင် ဒီလောက်မြိုသိပ် လာရတာ..။
အခန်းသော့ ပြေးယူပြီး တွန်းဖွင့်လိုက်တော့ အခန်းထောင့်မှာ ဒူးပေါ် မျက်နှာ ဝှက်ပြီး ထိုင်နေတာ....
ကျောပြင်က တုန်နေတော့ ငိုနေမှန်း..သိနေသည်..။
ဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခေါင်းလေးကို ပုတ်လိုက်တော့..
မော့ကြည့်တဲ့ မျက်၀န်းက ..မျက်ရည် ပြည့်နေသည်..။
“အဟင့်..နင်လည်း..ငါ့ကို ရွံ သွားပြီမလား..”
“အေးပေါ့..”
“ဟင်...ဟီး..”
“ဟာ..ပိုဆိုးပါပြီ...ဒီလောက် နှာချေးပေပွနေတဲ့ ရုပ်ကို အော့..”
မျက်လုံးဝိုင်းလေးတွေနဲ့ စဉ်းစားသလို ခဏ တိတ်သွားသည်..။
“နင် လရောင် ကို ဘယ်လို တွေကုတ်လိုက်တာလည်း..ဟိုကောင် ဒေါသပုန်ထနေတယ်..”
“ဘာ..”
“ဟုတ်တယ်..ခေါင်းမှာလည်း အာလူးတွေ ထွက်ပြီး..”
“ငါ့ကို ဖျက်စီးတဲ့ လူကို နင် က ကူနာပေးနေတာလား..”
“နင့်ကို ဖျက်စီးတယ်..ဟုတ်လား..ငါ ရှိနေသရွေ့ နင်ကို လက်ဖျားနဲ့တောင် တို့လို့မရဘူး..”
“ဟင်..”ဂျွန်ပြောနေတာတွေ နားမလည်လို့ မျက်လုံးလေးသာ ပြူးနေရသည်..။
“ငါ ၀င်လာတော့..နင် သတိလစ်ခါစလေးပါပဲ နင် ဘာမှ မဖြစ်ပါဘူး..”
“နင်လိုက်လာတာလား...ဘယ်တုန်းကလည်း...လိမ်တာ...ဟီး..”
“အော်..ကျွတ်..ဒီဒီ နင်..ဆေးရုံက ဆင်းလာတာနော်...ငိုတာတော်တော့..မဟုတ်တာတွေ လျှောက်တွေးပြီး ငိုနေတာ ခုရပ်..”
“ဟိး..”
ဒီဒီ ဆက်ငိုတော့ ဂျွန် က အနားတိုးလာပြီး..
“ဟာ..ဘာလုပ်တာလည်း..ဂျွန် လွှတ်..”
ဒီဒီရုန်းနေပေမဲ့ ဂါ၀န် လက်ကို ဆွဲချလိုက်တော့ ရင်ဘတ်ပေါ်သွားသည်...။
အကျီင်္ င်္ စကို ဆွဲ ဆုတ်ကိုင်ထားပေမဲ့ ဂျွန် က ဆွဲချနေတော့ ဒီဒီ ကြောက်လာသည်..။
“ဂျွန်..နင်...နင်...ဘာ..”
“မဟုတ်ပါဘူးပြောနေတာ ငိုနေတယ်လေ..”
“အဲဒါ..အား...ယုံပြီ..ယုံပါပြီ...လွှတ်တော့..”
ဒီဒီ ကတုန်ကယင်နဲ့ အကျီ င်္ လက် ကို မတင်တော့ ပြုံးပြီး ကြည့်နေပြန်သည်...။
“ဂျွန် ပလက်စ်ကောင်..”
“ဒီဒီရယ်..”
ဆွဲဖက်လိုက်တော့ ဂျွန့်ကျောပြင်ကို တင်းနေအောင် ပြန်ဖက်ထားမိသည်..။ဂျွန် သာရောက်မလာရင်...။
“နင်သာ လိုက်မလာရင်..”
“ဘာဖြစ်မလည်း..”
“သူ ငါ့ကို ဖျက်စီးပစ်မှာ..”ဒီဒီ ဂျွန် ကျောပြင်ကို ဖက်နေတာတောင် အားမရ...။
“ဟား..ဟား..ရမလား..နင် ကိုင်ပေါက်လို့ နံရံကျိုးပြီး နင်က ထောင်ကျမှာ..ဟား...ဟား..”
ဒီဒီ စိတ်ပြေအောင် ကြံဖန်ပြောနေပေမဲ့ ကိုယ်တိုင်တောင် ခြောက်ခြားနေတုန်း...။
“ဒါပေမဲ့ အခု ငါ ဘာမှ မလုပ်နိုင်ဘူးလေ..”
“အဲဒါက နင် နေမကောင်းလို့ပါ..”
“ငါလေ..နင်တားနေတဲ့ ကြားက ဇွတ်ထွက်သွားမိတာ....ငါမှားပါတယ်..ငါ တောင်းပန်ပါတယ်..”
“ရမလား..”
“ဟင်..”
ဒီဒီ နားမလည် လို့ ဖက်ထားတာကို လွှတ်ပြီး ဂျွန် မျက်နှာ ကို  လိုက်ကြည့်မိသည်..။
သဘောပေါက်ဖို့ မလွယ်သလို မျက်နှာက တည်နေတာလား..ပြုံးနေတာလား..
“ဘယ်လို..”
“ဒီလို..”
နှုတ်ခမ်းကို နမ်းပြီး မျက်နှာလွဲ ခါ ခိုးရယ်နေပြန်သည်..။
“ဒီဒီ..”
“အင်..”
“အ၀တ်အစားလဲလိုက်နော်..ငါ ပြင်ထားလိုက်မယ်..”
“ဟမ်..ဘာပြင်မှာလည်း..”မျက်လုံးပြူးနဲ့ ပြန်မေးနေတာ..စချင်လာတာနဲ့..
“ဘာလို့ ထင်လည်း..”
“ဟာ..မသိဘူး..ငါ ကိုင်ပေါက်မှာနော်..”
“ဟား..ဟား..ဒီဒီ  နင်ကလေ..တကယ့် ပလက်စ် အတွေး သလား..”
“ဘာ..”
“ငါ နင် မုန့်စားဖို့ ပြင်ထားမယ်..ပြီးရင် ထွက်လာခဲ့..”
ဂျွန်က ပြောပြီး ထွက်သွားမှ ဒီဒီ ရယ်မိသည်..။
သူပြောသလို ဖြစ်နေပြီလား..။
ဂျွန် မီးဖိုခန်းရောက်တာနဲ့ ရေတစ်ခွက် သောက်ပြီး ထိုင်နေလိုက်ရသည်..။
ဟူး..ဆော်ဒီးပါ ဒီဒီ ရယ်...။
ဂျွန် ပေါင်မုန့်မီးကင်ပြီး ကြက်ဥ နဲ့ နို့ ပဲ ရှိတော့ ဒါပဲ အလွယ်တကူ မြန်မြန် လုပ်လိုက်ရသည်..။
“ဒီဒီ..”
“အမ်း..လာပြီ..”
မီးဖိုခန်း၀င်လာတာ အရင် ဒီဒီလေး...ဂျွန် တီရှပ်ယူ၀တ်ပြီး ဘောင်းဘီ ရှည်နဲ့ ဘီးကုတ်လည်း ၀တ် ထားသေးသည်..။
“ထိုင်..ဒါပဲရှိတယ်နော်..မရစ်နဲ့..”
“ဘာမှ လည်း ပြောရသေးဘူး..”
“ကြိုသိနေလို့..”
“နင်ကလည်း...”ဂျွန် အနောက်ကနေ ပိုးပြီး မုန့် ကို လှမ်းယူတော့..
“ထိုင်စားလေ..”
“ဘာဖြစ်လို့လည်း..ထိတာ မကြိုက်ဘူးလား..ငါသိပါတယ်..နင်က အခုတော့ ငါ ထိတာတောင် မကြိုက်တော့ဘူးလေ..”
လက်ကို ပြန်ရုတ်ပြီး မျက်နှာငယ်နဲ့ ပြောနေတော့ ဂျွန် လက်ကို ဖမ်းဆွဲ လိုက်ပြီး..
“ဟူး..မလွယ်ဘူး..နင်က ရိုးသားပေမဲ့ ငါ မရိုးသားဘူး..”
“ဘာ..”
“ပြောပြတာပါ..” ဂျွန် နောက်လှည့် မကြည့်ပဲ ကြက်ဥ တစ်လုံး ထပ်ချပေးလိုက်သည်...။
“ချစ်တယ်လို့ ပြောချင်တာလား..”
“အဲဒါလားဆိုတော့........”ဒီဒီ က အာရုံစိုက်ပြီး ငြိမ်နေပေမဲ့ ဂျွန်က ဆက်မပြောတော့ပဲ ပန်းကန်ကို လှမ်းယူနေသည်..။
“အား..ချစ်တယ် ပြောတော့ နင့်ကို ကိုက်စားမှာ စိုးလို့လား..”
“အဟမ်း...”ဂျွန် ချောင်းဟန်ြ့့ပီး..သကြား ပန်းကန် ရှေ့ဆွဲလိုက်သည်..
ဒီဒီ ပြောသလို လွယ်မှ မလွယ်တာ...
“ကောင်းကောင်းထိုင်လေ..စားပြီးဆေးသောက်ရအုံးမယ်..”
“အင်း.”ဒီဒီ ခေါင်း ငြိမ့်ပြီး ခုံမှာ ၀င်ထိုင်ရင်း မုန့် ကိုကောက်ကိုင်လိုက်သည်..။
“ကိတ်..ပန်းကန်ပေး..”
ဂျွန် လှမ်းပေးတော့ သူကြိုက်တဲ့ ခရင်မ် များတာတွေ ပဲ ရွေးစားပြန်သည်..။
နှုတ်ခမ်းမှာ ပေပွ နေတာ ကို သုတ်မပေးပဲ ချစ်ဖို့ကောင်းလို့ ဒီ တိုင်းကြည့်နေလိုက်သည်..။
“နင်လည်း..စားလေ..ဂျွန်..စားဖို့ ဒါပဲ ရှိတာမလား.”
“အမ်း..”ဂျွန် ရှေ့က မုန့် တစ်ခုကောက်စားလိုက်သည်..။
“ဒီဒီ ထပ်စားအုံးလေ..ဆေးသောက်ရမှာ..”
:”တော်ပြီ..ငါ အိပ်ချင်နေပြီ..”
ဂျွန် စိုးရိမ်စိတ်ကြောင့် ဆက်မစားနိုင်တော့..ဆေးသွားယူပြီး ဒီဒီ ကို ပေးလိုက်သည်..။
“ဂျွန်..ငါ သွားအိပ်တော့မယ်.. “
“နေအုံး..”
ဂျွန် လက်ကို တွဲ ပြီး အခန်းထဲ လိုက်ပို့တာ ဒီဒီ က ဘာဖြစ်နေလို့လည်း..ဟွန့် ပိုကို ပိုတယ်..ချစ်တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး...။
“ဟင်..နင်ပါ တစ်ခါတည်း အိပ်မလို့လား..မုန့်စားလိုက်အုံးလေ..”
“စကားမများနဲ့ကွာ..အိပ်တော့..”
ဂျွန် တိုးဖက်လိုက်ပြီး..ဒီဒီ နဖူးကို အနမ်းချွေလိုက်သည်..။
“တီ..တီ...တီ...”
“ဟလို...”
“ဒီဒီ..အခု တွေ့ချင်တယ်..”
“ဟုတ်ကဲ့ အန်ကယ်..ဒီဒီ လာခဲ့ပါမယ်..”
“အေး..”
ဖုန်းချလိုက်ပြီးဘေးကို ငဲ့ ကြည့်လိုက်တော့ ဂျွန် အိပ်ပျော်နေသည်..။
ည က ကောင်းကောင်း မအိပ်ပဲ တစ်ရေးနိုးတိုင်း ဒီဒီ ကို လိုက်ကြည့်နေလို့ အခုမှ သေချာ အိပ်ပျော်သွားမှန်း သိနေသည်..။
ဟူး..အန်ကယ် လေသံကို  ကြည့် ရတာ ပြသာနာတက်နေတဲ့ ပုံစံပါပဲ..
ဒီဒီ အသံမကြားအောင် ထ ပြီး အခန်းထဲက ထွက်လာခဲ့ လိုက်သည်..။
အ၀တ်အစားလှဲပြီး ဖုန်း ယူခါ အောက်ထပ် ဆင်းလာတော့ ဂျွန် ကို စိတ်ထဲ ရောက်ပေမဲ့ ဆက်လျှောက်လာ ခဲ့လိုက်သည်..။
“အန်ကယ်..”
“ထိုင်..”
“အခု ပြသာနာတွေ တက်နေတယ်..မင်း က တို့ ကို အပျိုလို့ ညာထားတယ်..”
“ရှင်..”
“အခုဖေ့စ်ဘုတ် ပေါ်မှာလည်း ပွနေပြီ အဲတော့ စာချူပ်ပျက်ပြီပေါ့..”
“အန်ကယ်..ဒီဒီ မလိမ်ခဲ့ပါဘူး..”
“အဟ..”
စာချူပ် စာရွက်ကို ယူပြီးဒီဒီ ရှေ့မှာ ပြန်ချပြသည်..။
“တွေ့လား..မင်းကိုယ်တိုင် လက်မှတ်ထိုးတာတာ..ဒီမှာ မြင်လား..အိမ်ထောင် - မရှိ ဆိုတာ..”
စာချူပ်မှာ လက်မှတ်ထိုးတုန်းက ဒီဒီ မှ အစအဆုံး မဖတ်ခဲ့တာ..။
“ဒီဒီ ဘယ်လို လုပ်ပေးရမလည်း..ဒီဒီမှ လျော်စရာ မရှိဘူး.အန်ကယ်..”
“ဟူး..လရောင်..အကြောင်းလည်း ပွပျံ့နေတာပဲ..အဲတော့ မင်းနဲ့ လရောင် အတွဲလို့ ဖြန့်လိုက်ရမယ်..ဟန်ဆောင် တွဲပြလိုက်..အခုလောလောဆယ် ချပြစရာ ကွာရှင်း စာချူပ်လည်းလိုတယ်..”
“လရောင်က ကျွန်မ ကို စော်ကားဖို့ ကြံစည်ခဲ့တာလေ..”ဒီဒီဒေါသကြောင့် အသံမြှင့်အော်မိသည်..။
“သိတယ်..ဒီဒီ  ဒါပေမဲ့ သူက တို့ အေဂျင်မှာ အတော်ဆုံးဖြစ်နေတယ်..”
“ကျွန်မ သူနဲ့ ဟန်ဆောင်လည်း မတွဲ နိုင်ဘူး..”
“ဒါဆိုရင်တော့ မင်း ကျန်တဲ့ နှစ်လ ကျော်ကျော် ဘာလုပ်ပေးမလည်း..ကြော်ငြာ အားလုံး ဖျက်လိုက်ရပြိ..”
“အန်ကယ်..ပြောပါ..ပင်ပန်းရင်လည်း ခံနိုင်ပါတယ်..ဘယ်ယောင်္ကျားနဲ့ မှ မပတ်သက်ချင်ဘူး...”
“အိုကေ ရှိုးပွဲ လျှောက်ပေးရမယ်..ကိုရီးယား ထရတ်တေရှင်နယ် ပွဲ ရှိနေတယ်. တစ်လလုံး သွားနေရမယ်..တစ်ရက် မှာ သုံးနာရီ လျှောက်ပေးရမယ်..ရှိုးမှာပဲ နေရစားရမယ်..အဲလောက်ကြီး ပင်ပန်းမယ်  ဆိုရင်ရော...”
“ဟုတ်..လက်ခံပါမယ်...ဒါပေမဲ့ စာချူပ်ပြန်ချူပ်ပေးပါ..ရှိုးပြီးတာနဲ့ ဒီဒီ နဲ့ အေဂျင် ပတ်သက်မှု မရှိတော့ဘူး..”
“ဟား..ဟား..ဒီဒီ ခက်တဲ့ လမ်းကို ရွေးတာပဲ..အိုကေလေ..မေသူကို စီစဉ် ခိုင်းလိုက်မယ်.”
အပြန်လမ်းမှာ ခြေလှမ်းတွေက အမှားမှား...။
“ဒီဒီ..လာ လိုက်ပို့မယ်..”
မမေသူက ကားနဲ့ လိုက်ပို့ လို့ မဟုတ်ရင် အိမ်တောင် ပြန်ရောက်နိုင်ပါ့မလားမသေချာ...။
တံခါးဖွင့် ၀င်လိုက်တာနဲ့ ဂျွန်က အိမ်ရှေ့မှာ ..
“ဒီဒီရာ..ဘယ်တွေ သွားတာလည်း..ငါရူးတာ နင်မြင်ချင်တာလား..”
“ဟမ်..အော်..ခေါင်းရှင်းချင် လို့ အောက် ဆင်းတာပါ..”
“လိမ်တာ..ငါ အောက်ဆင်းလိုက် အပေါ်တက်လိုက် လုပ်နေတာ ၁၀ခေါက်ကျော်နေပြီ..”
“ဂျွန် ..နင် ဘာ စားချင်လည်း..ငါ ချက်ကျွေးမယ်..”
“နေပါ နေကောင်းမှ ချက်..အဲတော့မှ မငြီးနဲ့..”
“ကောင်းနေပါပြီ..ငါ သွေးပေါင်ချိန်ပြီးပြီ..”
“တယ်ဟုတ်ပါလား..”ဂျွန်က မျက်ခုံးပင့် ပြီး ဒီဒီ ပခုံးကို ဖက်ပြီး မီးဖိုခန်းထဲ လျှောက်လာခဲ့တော့  ဒီဒီ လည်း လိုက်လာရသည်..။
“ငါ နင့်ဖို့ ငါးကင်ပေးမယ်..”
“ဘာဖြစ်လို့ ဒီလောက်ဖြစ်နေတာလည်း..”
“ကျွေးချင်လို့ပါဆို..”
“ဟား..ဟား...ဟုတ်ပါပြီ...”
ဂျွန် ဘာမှ မပြောပဲ ခုံမှာ ၀င်ထိုင် လိုက်ရတော့သည်..။
မနက် ၁၂အလုပ်မှာ ရှိရမဲ့ အချိန်ပေမဲ့ ဒီဒီ လည်း အိမ်မှာမို့ ဂျွန် အလုပ်လည်း မသွားချင်တော့ပါ..။
“ဂျွန် ထိုင်မနေနဲ့ အနီ ခွါ ပေး..”
“ဟွန့် စလာပြီ..”ဒီဒီ က ဂျွန်နှာခေါင်း ရှုံ့ လိုက်တော့ နှာခေါင်းကို ဆွဲပြီး ရယ်နေသည်..။
“ဟဲ့..မြန်မြန် ခွါလေ ဘာလို့ ငိုနေတာလည်း..”
“အခိုး တွေ မွှန်လို့..”
“ဟား..ဟား..မျက်ရည်နဲ့ မျက်ခွက်..”ဒီဒီ က တစ်ရှုးယူပြီး လိမ်ခါ ဂျွန် နှာခေါင်းထဲ ထိုးထည့်လိုက်တော့..
“ဟ...ဘယ်လို အသက်ရှုမလည်း..”
“ပါးစပ်နဲ့ ရှုပေါ့..”
ဒီဒီ ရယ်ရင်း ငါးကင်ပေးဖို့ ပြင်နေရတာ စိတ်ထဲ နာကျင်လှသည်...။
ဂျွန် အမြဲပြောနေကျ စကား ..
“ငါ့မွေးနေ့မှာ   နင်ကင်တဲ့ ငါးကင်မျိုးလေး..လုပ်ပေးပါလား ငါ အနံ့ပဲ ရလိုက်ရတယ်..ဝြကီး အကုန် မ သွားတာလေ..”
ဂျွန် က စားချင်တယ်..ပြောလေ..ဒီဒီ လုပ်မကျွေးချင်လေ မို့ လှည့် ပတ် ထားခဲ့မိတာ..။
“ဝိုး..မွှေးနေတာပဲ..”
“နည်းနည်းလျော့ ငါးကအစိမ်း..အစာတွေတောင် မထည့်ရသေးဘူး..”
“ဟား.ဟား..ပိုသွားတယ်နော်..”ဂျွန် ရယ်ပြီး..ဒီဒီ ပခုံးလေးကို သိုင်းဖက်လိုက်သည်..။
“နင်သိလား..နင် အရမ်းတော်တာပဲ..”
“အဟွန်း..ငါတော်တာလား..သိပါဘူး..နင်က အသုံးမကျဘူးချည်း အမြဲပြောတော့..”
“အဟင်း..မှတ်ထားတယ်နော်..”
မှတ်ထားတာ မဟုတ်ပါဘူး..မေ့မရတာပါဂျွန် ရယ်.....ဒီဒီ ငါးကို ဆီသုပ်ပြီး ကင်နေရင်း
မျက်ရည်ဝဲလာရသည်..။
“လှည့်ပေးနေ..”
ဒီဒီ က ဂျွန် ကို မီးဖိုနား ထားခဲ့ ပြီး မီးဖိုခန်းထဲက ထွက်သွားသည်..။
“ဒီဒီ ငါ မလုပ်တက်ဘူးနော်..”
“မတူးစေနဲ့..”
ဂျွန် ရှေ့ကို ပြန်ကြည့်ပြီး ငါးကို လှန် ပေးနေလိုက်သည်..။
“ဂျွန်..”
“ဟင်..” နောက် ကခေါ်သံကို လှည့် မကြည့်ပဲ ထူးလိုက်တော့
“ငါတို့ ကွာရှင်းရအောင်..”
“ဘာ..”ဂျွန် အလန့်တကြား ဖြစ်လို့ အသံတောင်တုန် သွားရသည်..။
“ဟုတ်တယ်..နင်ပြောဖူးတယ်လေ..ရှေ့ဆက် ကိုယ့် လမ်း ကိုယ်လျှောက်ကြမယ်ဆိုတာ..အခု အေဂျင်က ကွာရှင်းစာချူပ် လိုချင်တယ်တဲ့..”
“ဘာ..ဒီသောက်အေဂျင်ကြောင့် နင်က ကွာမှာ ဟလား..”ဂျွန် ဒေါသနဲ့ အော်ပြောမိသည်..။
“မဟုတ်ဘူး..ငါက နင့် မယား ဖြစ်ဖို့ မတန်ဘူး..အဲတော့ ကွာပေး ငါ အခု တိုးတက်နေပြီ..ငါ့ ရှေ့ဆက်ရမဲ့ လမ်းလည်း ဖြောင့် ဖြူးနေပြီလေ..ငါ့ကို ကွာပေးပါ..”
“ဘာတွေလည်း..ဒီဒီ နင့်ကို ဘယ်သူ က ဘာပြောလိုက်လို့လည်း.ငါ့ကိုပြော ငါ သွားရှင်းလိုက်မယ်..ပိုက်ဆံ ကိစ္စ ဆိုလည်း စိတ်မပူနဲ့ ငါ့ မှာ ရှိပါတယ်..”ဂျွန်သိနေတာ ဒီဒီ ကို တစ်ယောက်ယောက် အကြပ်ကိုင်ပြီ ဆိုတာပါပဲ..။
“မဟုတ်ဘူး.အဓိက တရားခံက နင်ပဲ..”
“ဘာ..”
ဒီဒီ က ပြုံးပြီး သူ့ ဖုန်းကို ထုတ်ပြန်သည်...နောက်နေတာလား.ဘာတွေလည်း..စောနက တောင် အကောင်းပါ..။
ဖုန်းထဲက ထွက်လာတာ ဂျွန် အသံ အရင်..
““ညက ဘာတွေ ဖြစ်ခဲ့လည်း ငါ မသိဘူး..နင်ကို ငါ တကယ် လက်မထပ်နိုင်ဘူးနော်..”
“ဘာ..”
“ဟုတ်တယ်..နင် နစ်နာတယ်ဆိုပေမဲ့ ငါ က ပို နစ်နာတယ်..ငါ့ အနာဂတ်မှာ နင်က ဇနီးမယား အဖြစ် ပါရမီ ဖြည့်ဖို့ အရည်အချင်းမှ မရှိတာ..”
“အဲတော့..”
“အဲဒါ..ငါတို့ အခြေတကျဖြစ်ရင် ကွာမယ်..ငါ နဲ့ လိုက်ဖက်တဲ့သူ တစ်ယောက်တွေ့လို့ လက်ထပ်မယ် ဆိုရင် နင်က အနှောင့် အယှက် လာပေးမှာ စိုးလို့..” ဖုန်းကို ပိတ်လိုက်ပြီး ဒီဒီ မျက်နှာချင်းဆိုင် ရပ်လိုက်သည်..။
“ဟား..ဟား..ကြားလား..ဂျွန်...ဆော်ဒီးပါ ငါ က နင့် ထက် အရင် အခြေတကျ ဖြစ်သွားတယ်..ညနေ ကျ ရင် ကိုရီးယား သွားဖို့ အဆင့်သင့် လုပ်ပြီးပြီ..ငါ့ကို နားလည်ပေးပါ..”
ဂျွန် ခေါင်းထဲ နောက်ကျိ သွားရသည်..။
ဒီ စကားလုံးတွေက ကြာလှပြီ..သူ စိမ်းမြနဲ့ တွေ့ ပြီး ပြန်လာတုန်းမို့ နာတက်အောင် တမင် ေ၇ွးပြောခဲ့တာတွေ..
ဒါတွေကို....
“နင်...နင်...ဒါဆို..တစ်ချိန်လုံး ဟန်ဆောင်နေတာလား..”
“ဟုတ်တယ်..ငါ ပြောခဲ့ဖူးသားပဲ စကားလုံးတွေ ဆိုတာ ကမ္ဘာ တည်သရွေ့ လေထုထဲမှာ မပျက်စီးဘူး.အဲလိုပဲ အပြောခံ လိုက်ရတဲ့ လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ လည်း ပျောက်မသွားဘူး...”
“နင်..လိမ်နေတာ ငါ သိတယ်..ပြော..နင့်ကို ဘာတွေက ပြသာနာရှာနေတာလည်း..”
ဂျွန် မယုံရဲလို့ တရားခံ စစ် ရှာချင်သေးသည်..။
“နင်ပါဆို..နင် မယုံရင် ဖေ့ဘုတ် သတင်းတွေ ဖတ်ကြည့် လူတွေက ငါ လက်ထပ်ထားလို့ ဒေါသပုံ ထနေကြပြီ..အဲတော့ ကွာရှင်းစာချူပ်မပြနိုင်တာနဲ့ ငါ အောင်မြင်မှုတွေ ပျောက်ဆုံးတော့မှာ..ငါ လမ်းဘေးက ပေတေတေ လူမသိသူမသိ ဒီဒီ ပြန်မဖြစ်ချင်ဘူး.ဂျွန်..ငါတောင်းပန်ပါတယ်..ငါ့ကို ကွာရှင်းပေးပါ..ဟာ..”
ဒီဒီ က မျက်ရည်တွေ စီးကျပြီး ဒူးထောက်လိုက်တော့...ဂျွန် ခုံမှာ ခြောက်ခြားစွာ ထိုင်ချလိုက်မိသည်..။
“မဟုတ်ဘူး..ပြောပါ ဒီဒီ..မဟုတ်ဘူး...”
စိတ်ထဲမှာ အကြိမ်ကြိမ် တောင်းဆု ပြုရင်း ဒီဒီ မျက်နှာကိုငေးကြည့်မိတော့ ပါးပြင်က မျက်ရည်စတွေ က နာကျင်ရသည်..။
မငိုပါနဲ့ ဒီဒီရယ်....။
“နင် တကယ် ငါနဲ့ ဝေးနိုင်လို့လား..”
“အင်း..”
“ငါ အပေါ်မှာ သံယောဇဉ် တောင် မရှိဘူးလား..”
“သံယောဇဉ် ရှိလောက်အောင် ချိုမြိန်ခဲ့တဲ့ အချိန်မှ မရှိခဲ့တာပဲဟာ..”
“ဒါဆို..နင်ဘာလို့...”ရှေ့ဆက် စကားတွေ ထွက်မလာတော့ပါ..
နင် ချစ်တယ် လို့ အကြိမ်ကြိမ်ပြောခဲ့တယ်..
ငါ့ အပေါ် နွဲ့ဆိုး ဆိုးခဲ့တယ်..
ငါ့ဆီက  ချစ်တယ်ဆိုတဲ့ စကားလုံး နင်တောင်းဆိုခဲ့တာ .ဒါတွေကကော...ဘာတွေလည်း..ဒီဒီရယ်...
“နင် ငါ့ကို အရမ်း နိုင်စားခဲ့တယ် ဂျွန်..ငါ့ အပေါ် ကောင်းခဲ့တာ သိပေမဲ့..ငါ ခွင့် မလွှတ်နိုင်ဘူး..ငါ က နင် နဲ့ မထိုက်တဲ့ သူလို့ နင်ပြောခဲ့တယ်လေ...နင် စကားနဲ့ နင်ပဲပေါ့..”
“အဲဒါက...”
“နင် အကြောင်း ပြချက်တွေ ပေးမလို့လား..”
ဂျွန် စကားလုံးတွေ ရပ်တန့် ပစ်လိုက်ပြီး..အကြည့်တွေကို ရွေ့လိုက်ရသည်..။
“ငါ ကွာပေးလိုက်ရင်..နင် တကယ် အဆင်ပြေသွား..မှာလား..”
“အမ်း.”မျက်ရည်သုတ်ပြီး ခေါင်းတွင်တွင် ငြိမ့်ပြတော့ သူ့လက်ထဲက စာရွက် ကို ယူလိုက်သည်..။
ဘာကို မှ မဖတ်ပဲ ဂျွန် နာမယ်ရေးထားတဲ့ နေရာ မှာ လက်မှတ် ထိုးပေးလိုက်သည်..။
ရက်စက်တယ် မပြောရက်ဘူး..စာချူပ်ကို  စီစဉ်ထားခဲ့တာ မယုံနိုင်သေးဘူး...။
ဒီဒီ က ထိုင်ရာက ရုတ်တရက် ထပြီး အခန်းထဲ ၀င်သွားသည်..။
ငါးကင်က ထွက်လာတဲ့ ညော်နံ့တွေ မိးခိုးတွေ က ပို မွန်းကြပ်စေသည်..။
“မဟုတ်ဘူး..”ဂျွန် တီးထိုးစွာရေရွတ်ရင်း ငါးကင် မဲမဲကို ရိုက်ချလိုက်တာ ရေစင်ထဲ ပစ်ကျပြီးတဲ့ အထိ အငွေ့ မသေသေး...။
“ဂျွန်..”
ဘယ်တုန်းက အနားရောက်နေမှန်းမသိတဲ့ ဒီဒီ ရဲ့ ခေါ်သံကြောင့် ဂျွန် တုန်သွားသည်..။
မခံစားနိုင်မဲ့ စကားတွေ မပြောပါနဲ့..ဒီဒီရယ်..။
“ငါ သွားတော့မယ်..အေဂျင်မှာ လိုအပ်တာတွေ လုပ်ရအုံးမှာမို့လို့...”
“ဂျွန်..နင်..ဂရုစိုက်နော်..”
“နင်..နင်..ဘယ်ကိုသွားမှာလည်း..အိမ်က ထွက်သွားတာလား..ဘာလို့လည်း..ငါကွာပေးပြီးပြီလေ...ဒီမှာပဲ ဆက်နေပါ..”
ဂျွန် နှလုံးခုန်နှုန်းကြောင့် အသံတွေက တိုးလျ ပြီး ကတုန်ကယင်ဖြစ်နေရသည်..။
“ငါ ကိုရီးယား ကို သွားရမှာ လချီ နှစ်ချီ ကြာမှာ..”
“ဘာ..”
“ဒါက ငယ်ငယ် ကတည်းက  ငါ့ အိမ်မက်လေ..နင် သိပါတယ်..”
ဒီဒီ ကပြောရင်း အနားကပ်လာခါ ဂျွန် ပါးကိုနမ်းသည်..။
ဟန်ဆောင် အနမ်းတွေနဲ့ နင် ငါ့ကို..အကြိမ်ကြိမ် သတ်ခဲ့တာပဲ ဒီဒီရယ်....။
“နင်ခင်းပေးတဲ့ လမ်းမှာ ငါ ကောင်းကောင်းမွန်မွန် ဆက်လျှောက်ပါမယ်..ကျေးဇူးပါ.ဂျွန်...”
ဒီဒီ လော့ဂတ်ဆွဲပြီး ထွက်သွားတော့ ပြေးလိုက်ချင်ပေမဲ့..ခြေထောက်တွေက လေးလံ နေရသည်..။
မသွားပါနဲ့ ပြောချင်ပေမဲ့ ဆွံအ နေခဲ့သည်..။
တံခါးပိတ်သွားချိန်မှာတော့
ကြမ်းပြင်ပေါ်မှာ ဒူးထောက် ထိုင်လျက်သား..မျက်ရည်တွေ က တားမနိုင် စီးမရ ဖြစ်နေတာ..
ယောင်္ကျားတန်မဲ့လို့ ကိုယ်ကိုယ်ကို ဆုံးမပေမဲ့ မနာခံ ငြင်းဆန်လျက် ကလေးတစ်ယောက်လို ရှိုက် ငိုနေမိတာ ရင်ဘတ်ထဲက အောင့်လာသည်..။
“နင့်ကို ငါ ချစ်တယ်ဆိုတာ ထက် ပိုခဲ့ပါတယ်..ဒီဒီ..”ရင်ထဲက စကားကို တီးတိုးစွာရေရွတ်ရင်း...စစ်မှန်တဲ့ သစ္စာ စကားကို သူ ကြားပါစေ...။

~~~~~~~~~~~~~~~~~~~~~~

နောက်ကျပြန်ပြီ
😭😭😭💔💔
နက်ဖြန် ဇာတ်သိမ်း တော့မယ်ကွယ် 💔😭💔
..............................

မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
အရေးအသား မကောင်းတော့
ဖတ်ရတာလည်း ကောင်းမှာဟုတ်ပါဘူး 🙏😭
သည်းခံပေးပါနော် 🙏
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤

#စပိုက်ကာ

သူခင်းသောလမ်းNơi câu chuyện tồn tại. Hãy khám phá bây giờ