Part 3

3.2K 134 0
                                    

သူခင်းသောလမ်း
အပိုင်း(၃)
#သူခင်းသောလမ်း

“ဒီဒီ နင်ကို ပြောနေတယ်လေ..ငါမေးနေတာဖြေနော်..မဟုတ်ရင် ထပ်နာမှာ..”
“ဒီ မသိပါဘူးဆို..”
“လူလေးက လက်တစ်ထောက်လောက်နဲ့ ရည်းစားနဲ့ ဘာနဲ့..”
“မဟုတ်ပါဘူးဆို..”
“မဟုတ်ပဲနဲ့..လက်ကလေးက ဂွမ်းလိုပဲဆိုတာ ဘာလို့ ပါလာလည်း..နင့်လက်ကို ကိုင်ဖူးလို့ ဒီလိုရေးတာပေါ့..”
“မာမီ..ဒီပြောတာ ယုံပါ..ဒီ မသိဘူး..”
“မရဘူး..နင်ကို မရဘူး..ကျောင်းပါထုတ်မယ်…ငါ မနိုင်ဘူး..”
“မလုပ်ပါနဲ့ မာမီရယ်…ဒီဒီ တောင်းပန်ပါတယ်..မေမေရေ..”
ဒီဒီ ငိုရင်း မေမေမိုး ကို အော်ခေါ်နေမိသည်..။
“မအော်နဲ့ မရှိဘူး..နင်ကို မိုး အလိုလိုက်လို့ ဒီလို့ဖြစ်နေတာ..အားနေရင် ဆံပင်ကို ကျစ်လိုက်ချလိုက်နဲ့ ရွပိုးထိုးနေကတည်းက ငါ့သိသင့်တာ..သနပ်ခါးတစ်ခါလိမ်း..တစ်နာရီကြာတယ်..အပျို အရွယ် လှချင်ပချင်တာထက် ကျော်ပြီး..အခုကြည့်စမ်း..လူကြားလို့မှ မကောင်း နို့ နံ့တောင် မစင်သေးပဲ..တောက် ငါပြောလိုက်ရ..”
ဒီဒီ ဒေါသနဲ့ မာမီရဲ့ စကားလုံးတွေ ကြောင့်ငိုချမိသည်..
အမြဲ တမ်း ဂျွန်ဘက်ကချည်း..သမီး အရင်းဖြစ်တဲ့ ဒီ ကိုဆို ဘယ်တော့မှ အကောင်းမပြောဘူး..
“ဒီ သာ ယောင်္ကျားလေးဆို မာမီ အဲလို ပြောမှာ မဟုတ်ဘူးမလား..မာမီ က ဒီဒီ ကို လိုချင်တာမှ မဟုတ်တာ..သားလေးတစ်ယောက်ပဲ လိုချင်တာလေ..ငယ်ငယ်က ပစ်ဖို့ လုပ်တယ်ဆို ဘာလို့ တစ်ခါတည်း မပစ်လိုက်တာလည်း..”
“အောင်မလေး..ငါ့ကို ပြန်အော်နေတယ်..အော်အုံး..အော်အုံး..”
အခန်းထဲက ထွက်လာတဲ့ အကျွေးအမွေးသံတွေကြောင့် ဂျွန် စာကျက်လို့ မရ..
ဒီဒီ ကျောင်းထွက်ရတော့မယ်ဆိုတာ သိတော့ စိတ်မကောင်းဖြစ်သလိုလို..ဒါပေမဲ့ ဒုက္ခပေးမဲ့လူ မရှိပဲ ဂျွန် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ကျောင်းသွားရမှာ တွေးမိတော့ ပျော်လာသလိုလိုရှိသည်..။
“သူဇာ ရယ် တော်ပါတော့..မိုးမေးပါရစေ အုံး..”
“ဒီလေး..မေမေ ကိုပြောနော် ဒါ ဘယ်သူလည်း..မေမေ လိုက်တွေ့ပြီး ရှင်းလိုက်မယ်..”
“မသိဘူး..မေ..ဒီ..တကယ်မသိတာပါ ကျိန်ပြောရဲပါတယ်..”
“တွေ့လား..ကာပြောနေတာ လင်ဘက် ငါ..ပြောလိုက်ရ”
“သူဇာ ရယ် မပြောပါနဲ့တော့ ကလေး စိတ်ညစ်နေပါပြီ..”
“မိုး..ကာနေလို့ ဒင်း အခုလိုတွေ ကမ်းတက်နေတာ..”
မာမီ က ဒီဒီ ကို ချည်း ဖိဆူနေတာ..မိန်းကလေးလို နေလို့ မလား…
“မာမီ..ဒီဒီ ကို မယုံဘူးမလား..စိတ်မချဘူးမလား..ရတယ်..မာမီ စိတ်ချတဲ့ ပုံစံ ဒီဒီ နေပြမယ်.ကျောင်းတော့ မထုတ်ပါနဲ့...”
မာမီ က တုတ်ကိုချပြီး အခန်းပြင်ထွက်သွားတော့ ဒီဒီ မေမေ့ရင်ခွင်ထဲမှာ ရှိုက်ငိုနေမိသည်..။
ညစာ မစားပဲ ညတစ်နာရီ အထိ ငိုပြီး ချိန်မှာတော့ ဒီဒီ စိတ်သစ် လူသစ် ဖြစ်နေပါပြီ..။
မနက် စောကြီး ထပြီး လမ်းထိပ်ကို ထွက်လာခဲ့လိုက်သည်..။
“ဟယ်…ဒီဒီ..ဘယ်လိုဖြစ်တာလည်း..”
“ဟီး…စာကျက်ရတာ များလို့..”
“ကောင်းပါတယ်..”
အိမ် ပြန်ရောက်တော့ ဘယ်သူမှ မနိုးသေး..ဂါ၀န်ကို လဲလိုက်ပြီး..ကာတွန်းဘောင်းဘီရှည်နဲ့ တီရှပ်ပွပွ တစ်ထည် ထုတ်၀တ်လိုက်သည်..။
“ဂလင်…ဂလင်…ဂလင်…”
ဂျွန် အိမ်မက်ဆိုးမက်နေချိန် မှာ နာရီက ထမြည်တာ ကျေးဇူးတင်ရမည်..။
ဟူး..အိမ်မက်ထဲမှာ ဒီဒီ က ဂျွန်ကို လက်ပင်းညစ်သတ်နေတာ…မသေမချင်း သတ်မဲ့ ရုပ်မျိုး…။
စောင်ကို ခွာပြီး အခန်းထဲက ထွက်လာတော့ စာကြည့် စားပွဲပေါ်မှာ ထိုင်နေတာ ဘယ်သူပါလိမ့်..
အာကာလား..အောင်စိုးလား..
ဂျွန် အိမ်မက်က မနိုးသေးတာလား တွေးရင်း..ပါးကို လက်နှစ်ဖက် နဲ့ ရိုက်ကြည့်သည်..နာတယ်ဟ…။
အနားကပ်သွားကြည့်တော့…
“အောင်မလေး..ဒီဒီ…နင်…..”
“ဟား.ဟား..အဲလောက်လှသွားတာလား..”
ကတုံးဆံပင်ပေါက် ပုံစံ ဆံပင်တိုတို ကပ်ကပ် နဲ့ တီရှပ်၀တ်ထားတဲ့ ဒီဒီ က ကာတွန်းရုပ်ပုံစံ ဖြစ်နေသည်..။
နေ့တိုင်း ဂါ၀န်ရှည်နဲ့ ကျစ်ဆံမြီး နှစ်ဖက်ကို ရှေ့ချပြီး သနေတာ..အခုက…။
တွေးနေတုန်း မာမီ စျေးက ပြန်လာသည်..။
ဒီဒီ  ခုံက ထပြီး ဆွဲခြင်း သယ်ပေးသည်..။ရူးများသွားတာလား..။
“ဟဲ့..နေပါအုံး..ဒါဒါ…ဂျွန်..ဟိုဟာ…”
“ဒီဒီ..ပါ မာမီ..”
“ဟယ်…နင်…”
“ဆံပင်ဖြီးရတာ ရှုပ်လို့ ညှပ်ပလိုက်တာ ဂါ၀န်တွေလည်း မိန်းမဆန်လို့ မ၀တ်တော့ဘူး..”
“ဒီးဒီး….:”
မာမီ အော်သံကြောင့် မေမေ အခန်းထဲ ထွက်လာသည်..။
“ဘာဖြစ်တာလည်း..သူဇာ..အယ်..သမီး…”
ဒီဒီ ကို ကြည့်ပြီး အားလုံး ပါးစပ် အပေဟာင်းသား ဖြစ်နေပေမဲ့ ဒီဒီ ကတော့ အေးဆေး စာအုပ်ထုတ်ပြီး စာပြန်ကျက်နေသည်..။
ကျောင်းရောက်ရင် တစ်ခါ ပြသာနာ တက်အုံးမည်..
မာမီ စိတ်ချမ်းသာ သွားပြီပဲလေ..။
“ဒီဒီ..နင် ဒီဒီ မလား ဘယ်လို ဖြစ်တာလည်းဟယ်…”
စုဝေက မျက်ရည်ဝဲ ပြီး ပြောနေသည်..။
“အိမ်က ရည်းစားထားတာ မိလို့..”
“ဟာ..နင့်မှာ ၇ည်းစားရှိတာလား..ငါတောင် မသိဘူး…”
“ငါလည်းမသိဘူး..မာမီ ပြောတာပဲ…”
“အဟင့်…ဟီး..”စုဝေက ထငိုတော့
“ဟဲ့..နင်က ဘာကိစ္စ ငို ရတာလည်း..”
“နင်..ဆံပင်လည်း မရှည်တော့ ဘူး..မျက်နှာကလည်း သနပ်ခါးမရှိဘာမရှိနဲ့ ငါ့ အရင်က ချစ်ဖို့ကောင်းတဲ့ ဒီဒီ ကို သတိရလို့ပါဟာ…”
“မငိုနဲ့ ခေါင်းဖြီးရသက်သာတယ်..သနပ်ခါးသွေးရတာ သက်သာတယ်..အခုလိုပဲ နေဖို့ ဆုံးဖြတ်လိုက်ပြီ…ဒီနေ့က စပြီး..ငါ နာမယ် မဲတူးဖြစ်ဖြစ် မတ်တူး ဖြစ်ဖြစ် သောက်ဂရုကို မစိုက်ဘူး..”
“အဟင့်…ဟီး…ဟီး…”
“နင်..အပြောအဆိုပါ ကြမ်းသွားပြီ..ဟီး…”
“အေး နင်လည်း အတူမထိုင်ချင်ရင် နေ ငါ စိမ်းမြ နဲ့ သွားထိုင်မယ်..သူက ဖိုက်တာဆိုတော့ သူဆီက သင်သင့်တာ သင်ရမယ်…”
“ဟီး..ဟီး…’
ငိုနေတဲ့ စုဝေ ကို ထားခဲ့ပြီး ဘယ်သူမှ အနားမှာမနေရဲလို့ တစ်ခုံလွတ်နေတဲ့ စိမ်းမြ အနား သွားထိုင်လိုက်သည်..။
“ဟလို…စိမ်းမြ..အနားနားဘေးမှာ အနားနားဘေးမှာ နေချင်လို့ပါ..” လွမ်းပိုင်သီချင်းဆိုပြပြီး လွယ်အိတ်ကို ခုံပေါ် ပစ်တင်လိုက်သည်..။
“ဂေါက်သွားတာလားဟ..”
စိမ်းမြ က ထုံးစံ အတိုင်း ပီကေ ဝါးပြီး ပေစောင်းစာင်း ပြောသည်..။
“အဟက်..ပီကေ လေး တစ်ခုလောက်ကျွေးပလား..’
ဒီဒီ လည်း သူ့ ပုံစံ အတိုင်း ဖြစ်ဖို့..ပီကေတစ်ခု တောင်းပြီး ဝါးနေလိုက်သည်..။
ဂျွန် ကြည့်နေရင်း..ဒီဒီ က ကြောက်ဖို့ကောင်းလာသလိုလို…
ဒီဒီ လွယ်အိတ်ထဲက စာရွက်ကို ထုတ်ပြီး ၇ှားလော့ဟုမ်းလို စေ့စပ်စွာ လိုက်ကြည့်နေမိသည်..
သဲလွန်စ ဆိုလို ဆိုင်း တစ်ခုပဲ ပါ သည်..Aung ဆိုတော့
အတန်း ထဲ မှာ ဘယ်နှ အောင် ရှိလည်း
သချာင်္ မှတ်စုကို နောက်ဆုံးစာမျက်နှာ မှာ အကြမ်းချရေးလိုက်သည်..
သူသူအောင်၊ အောင်ကျော်ဦး၊ အောင်စိုး၊ မင်းသူအောင် ၊မြတ်သူအောင်၊ အောင်ပိုင်စိုး၊ လှိုင်ရဲအောင်၊
ဒီဒီ နာမည် တွေ ဖတ်ပြီး  လက်မှတ်ဘယ်လို ရမလည်း စဉ်းစားပေမဲ့ မရ..။
“ဟူး…သီးတင်းကျွတ်ကျောင်းပိတ်ရင် လွမ်းရအုံးမယ်..”
ယုယ က ရှေ့ခုံကနေ ငြီးလိုက်တဲ့ အသံကြောင့် ဒီဒီ အကြံ ရသွားသည်..။
ဒီဒီ ဗလာစာအုပ်အပိုကို မျဉ်းတွေ ဆွဲပြီး..နာမည်တွေ ရေးချလိုက်သည်..။
“သူသူအောင်..ငါကို လက်မှတ်လေး ထိုးပေးပါလား..”
“ဟမ်…”သူသူအောင်က နှာခေါင်းတွန့်ပြီး မော့ ကြည့်သည်…
“ကျောင်းပိတ်တော့မှာ အမှတ်တရ..”
“အော်..အေး..ပေးလေ…အခုမှ ၈ လပိုင်း ရှိသေးတာ..စောလိုက်တာ..”ပြောရင်း လက်မှတ်တာ့ ထိုးပေးလိုက်သည်..။
ဒီဒီ သူပြန်ပေးတဲ့ စာအုပ်ကို ယူပြီး..အောင်ကျော်ဦး ခုံဆီ ပြေးရသည်..။
“အောင်ကျော်ဦး ငါ့ကို အော်တိုလက်မှတ် ထိုးပေးပါ..”
“အဆန်းဟ…နင် ဆံပင်ညှပ်လိုက်တာ လိုက်တယ်နော်..ဟေးဟေး..”
“အေး..ကျေးဇူးပဲ..”
“မင်းသူအောင်..ငါ့ကို အော်တို လက်မှတ်လေး..”စာကြပိုးက မျက်မှန်ကြီးပင့်ပြီး ပေစောင်းစောင်း ကြည့်သေးသည်..ပြီးတော့ သူလက်ရေးလှကြောင်းသိစေရင် လက်မှတ်ကို ၅မိနစ် အချိန်ယူပြီး ထိုးနေသေးသည်..။
ဒီဒီ ဘာလုပ်နေလည်း ဂျွန်မျက်တောင်မခတ်လိုက်ကြည့်နေတာ တရားခံရှာနေတာပဲ..အောင်စိုး ခုံကို အပြေးသွားပြီး..
“အောင်စိုး…ဒီဒီ လက်မှတ်ထိုးခိုင်း ရင် မထိုးနဲ့နော် သလား..”
“ဘာလို့လည်း..မင်းပဲ သူ ကြိုက်တယ်ဆို..”
“အခုထိုးခိုင်းရင် ထိုးမပေးနဲ့ ပေါ သွားလိမ့်မယ်..”
“ဘာတွေ မှန်းကို မသိဘူး..”အောင်စိုးက မပြီးသေးတဲ့ အင်္ဂလိပ်စာကို မော်တာ တပ်ပြီး ကူးနေရလို့ စကား ပြန်ပြောရတာတောင် စိတ်မရှည်…။
“အိုကေ..မမေ့နဲ့နော်..မထိုးနဲ့…”
“အေးပါ…”
“အောင်စိုး..အော်တိုလေး..ထိုးပေးပါ..”
“ဟအေး..ငါမအားဘူး..စာကူးနေတယ်…”
“နင်ကလည်း ခဏလေးကို ပဲ “
“အချိန်တွေက ရေနံဆီမီးခြစ်တဲ့ ရှားနေတယ်လေ..”
“လုပ်ပါဟာ..ငါက နင်ကို ခင်လို့ပါ…”
“ငါ့ကို ခင်တယ်..နင် ဆံပင်တွေညှပ်ပြီး အတိတ်မေ့သွားတာလား..”
“ဟအေး…မမေ့ပါဘူး..တကယ်ခင်တာ..”
“လက်မှတ် မထိုးပေးရဘူးတဲ့..”
“ဘယ်သူပြောတာလည်း..”
“ဂျွန်စစ်…”
“ဘာ…”ဒီဒီ မျက်လုံးတွေ ဂျွန်စစ်ဆီ ဒိုင်းခနဲ့ ရောက်သွားသည်…။
ရည်းစားစာ အငှားရေးတာ ဖြိုးဝေ အောင်စိုး နဲ့ ဂျွန်စစ် သုံးကောင်ပေါင်းပြီး ဒီဒီ ကို ဒုက္ခ ပေးတာပေါ့ တွေ့့ပြီလေ..
“ဒီဒီ ဘယ်ကိုလည်း..” ပထမဆုံး အချိန် ၀င်ဖို့ စာအုပ်ပိုက်ပြီး လျှောက်လာတဲ့ ဆရာမ က ဒီဒီ ကို လှမ်းမေးသည်..။
“ကျောင်းအုပ်ကြီး ရုံးခန်း..”
“ဘာဖြစ်လို့လည်း..”
“ခေါ်လို့…”
ဒီဒီ ပြောပြီး လှေကားက ပြေးဆင်းလာသည်..။
“ပထမ ကမ္ဘာစစ် အကြောင်း ရေးခဲ့ပြီလား..”
“ရေးခဲ့ပါပြီ ဆရာမ…”
“အောင်စိုးဆိုတာ ဘယ်ကောင်လည်းကွ..”
တစ်တန်းလုံးရဲ့ အကြည့်တွေက အောင်စိုးဆီ တန်းရောက်သွားသည်..အောင်စိုးက မျက်နှာငယ်လေးနဲ့ မတ်တက်ရပ်သည်..။
“သား…သား..ပါ ဆရာကြီး…”
“အေး..ထွက်ခဲ့…”
“ဒီစာ မင်းရေးတာလား…”
“ခင်ဗျာ..မဟုတ်ပါဘူး..”
“မရေးဘူးပြောရအောင် ဘာစာ လည်းကော သိလို့လား..”
“မသိပါဘူး..” အားလုံး ပြုံးစိစိ ဖြစ်နေပေမဲ့ အသံတော့ မထွက်ရဲကြပါ..။
“ဒီလက်မှတ်က မင်း ဥစ္စာတဲ့ ဒီ ကောင်လေး ပြောတာဟုတ်လား..”
“ဟုတ်..”
စားပွဲပေါ်မှာ တင်ထားတဲ့ စာရွက်ထောင့်ဆုံးကို ကြည့်ပြီး အောင်စိုး နဖူးချွေးပြန်နေပြီ..။
“ဒါဆို ဒီစာကို မင်းရေးတာပေါ့..”
“မဟုတ်ပါဘူး..ဆရာကြီး..ကျွန်တော် တကယ် မရေးပါဘူး..”
“ဟာ..မင်း မရေးရင် မင်း လက်မှတ်က ဒီ ဘယ်လို ရောက်နေတာလည်း..”
“သားလည်း မသိဘူး..ဖြစ်နေတယ်…”နဖူးက ချွေးကို သုတ်ပြီး စဉ်းစားနေသည်...။
“မင်း မသိရင် ရုံးခန်းလိုက်ခဲ့..”
“နေပါအုံး ဆရာကြီး  သား မှတ်မိပြီ ဂျွန်စစ် ဂျွန်စစ်ကို လက်မှတ် ထိုးပေးလိုက်တာပါ…”
“ဂျွန်စစ် ဘယ်ကောင်လည်း..ထွက်စမ်း..” ဆရာကြီးက စိတ်မရှည်သလို ခါးထောက်ပစ်လိုက်သည်..။
ဂျွန် ခုံက ထွက်တော့ ခြေထောက်ချွေးပြန်နေပြီ..။
“မင်း လက်မှတ်ထိုးခိုင်းတာဆို…”
“ဟုတ်ပါတယ်..သား သူလက်မှတ်ထိုးနည်းကို ကြည့်ပြီး..သင်တာပါ…အဲတုန်းက စာတွေ မပါပါ ဘူး..စာရွက် အလွတ်မှာ ထိုးပေးတာပါ…စာရွက်ကောက်ရတဲ့ လူက အောင်စိုးကို အသုံးချပြီး ဒီစာကိုရေးတာပါ..”
…စတီဗင်ချောင် ကားတွေ ကြည့်ထားတာ အလကား မှတ်လို့…။
“ကျွတ် ရှုပ်နေတာပဲ..ထားလိုက်တော့..ကဲ သား နောက်တစ်ခါ ဆို သက်သေနဲ့ တကွ လာခဲ့..”
“ဟုတ်ကဲ့ ဆရာကြီး သမီးပါ..”
“အော် သမီး..သွားသွား နေရာ သွားထိုင်..”
ဒီဒီ မကျေနပ်ပေမဲ့ သည်းခံလိုက်သည်..ရန်သူကို မျက်နှာချင်းဆိုင်တွေ့ပြီပဲ..ဘာလိုသေးလည်း..ကျောင်းဆင်းတာနဲ့ သတ်ပြီ..။
ကျောင်းဆင်းတော့ ရှေ့က နေ ဟိုငေး ဒီငေး သွားနေတဲ့ ဂျွန်စစ် ..
နောက်ကနေ ပြေးပြီး..လက်ထဲက ထမင်းချိုင့်နဲ့ ရိုက်လိုက်သည်..။
“အား…”
ဒီဒီ သူ့ နောက်စေ့ကို ရိုက်ချင်တာ မမှီတော့ ဂျွန်ကျောကုန်းကိုပဲ ရိုက်လိုက်မိသည်..။
“နင်…နင်…သေချင်နေလား..”
ဂျွန် နာကျင်မှုကြောင့် ဘာမှ မစဉ်းစားပဲ ပြန်ဆောင့်တွန်းလိုက်တာ..ဒီဒီ ထိုင်လျက်ပြုတ်ကျသွားသည်…။
“ဟာ…ဒီဒီ….ဂျွန် မလုပ်ပါနဲ့ ကွာ အချင်းချင်း တွေကို..”
“ထ..ဒီဒီ ထ..”
ယုယ နဲ့ သီဟစိုး နှစ်ယောက်က ဒီဒီ ကို ဆွဲထူနေသည်..။
ဒီဒီ မျက်ရည် မကျအောင်ထိန်းပြီး..ပြန်ထပေမဲ့ ထလို့ မရ..ခြေထောက်နာပြီး..တင်ပါးရိုးတွေလည်း ကျိုးကုန်ပြီ ထင်ရလောက်အောင် နာကျင်လှသည်..။
“ဖြည်းဖြည်းထ..”
“ရတယ်..”
ဒီဒီ ခြေထောက်က ထောက်မရအောင် နာပေမဲ့ ထော့ကျိုးလိုမျိုး မလျှောက်ချင်လို့ အနာခံပြီး ပြေးလာခဲ့လိုက်သည်..။
လမ်းတစ်လျှောက် မျက်ရည်စ တို့ လွင့်စင်ကျပေမဲ့ ပါးပေါ် စီးကျ မလာအောင် ဂရုတစိုက် သတိထားနေသည်..။
“မင်းကလည်း..ဒီဒီ.က မင်း ညီမလေးပဲ ဟာကို..”
“မဟုတ်ဘူး..ငါ့ ညီမလည်း မဟုတ်ဘူး..ဘာမမတော်ဘူး..”
“အေးပါ  ဒါပေမဲ့ တူတူနေကြတဲ့ သူငယ်ချင်းတွေပဲ မင်းက ယောင်္ကျားလေးပဲ သည်းခံ လိုက်ပေါ့..”
‘သူ ငါ့ကို ချိုင့်နဲ့ ပြေးထု မင်း တို့ မမြင်ဘူးလား..”
“အေးငါတို့လည်း ဘာလုပ်မှန်းမသိလို့ ကြည့်နေမိတာ..ဒီဒီ ဆံပင်တွေလည်း ညှပ်ပစ် ယောင်္ကျားစိတ်များပေါက်သွားတာလား မသိဘူး..”
“အလကား သောက်ရူးထနေတာ..”
“ငါတို့ ပြန်ပြီ..မင်းလည်း အိမ်တန်းပြန်အုံးနော်..”
“အေးပါ..”
ဂျွန် အိမ်ရှေ့ ရောက်တော့ အိမ်ထဲ မ၀င်ရဲပါ..ဒါဒါ မရှိပေမဲ့ မေမေ စိတ်ဆိုးပြီး ရိုက်ရင် နာမှာ..
ဟိုဟာမလေး ပြေးတိုင်ထားပြီဆိုတာ ဂျွန်သိသည်..။
အိမ်ထဲ မရဲတရဲ ၀င်သွားတော့ အားလုံးအေးဆေး..မေမေ ကလည်း တီဗီ ရှေ့မှာ..မာမီကတော့ ပန်းအိုး ပြင်နေသည်..။
ဒီဒီ  ဘယ်ရောက်နေလည်း..ပြန်မရောက်သေးတာလား..တစ်ခါ ဂျွန်က အမှုပတ်အုံးမည်..
ပြန်သွားရှာ ရင် ကောင်းမလား..
ဂျွန် အိမ်တံခါးဝရောက်တော့..
“ပြန်ရောက်ပြီလား..”
“ဟုတ်..ဒီဒီ..”
“ရေချိုးနေတယ်..သူငယ်ချင်း စာအုပ်ငှားလို့ နောက်ကျနေတာဆို .”
“ဟုတ်…” ဒီဒီ လိမ်ပြောပေးလို့ ကျေးဇူးတင်ရမလိုလို..
“သွားအ၀တ်အစားလဲ ခဏနား..”
ဂျွန် အခန်းထဲ ရောက်မှ သက်ပြင်းချရသည်..။
တော်ပါသေးရဲ့..ဒီဒီ ဘာ ထိုးစစ် ဆင်မလည်း မသိသေးပေမဲ့ အခုလောလောဆယ်တော့ အလံဖြူပြနေသည်..။
.
“ဘာ..ကရာတေး…ဟုတ်လား..”
“ဟုတ်တယ်..အခုနောက်ပိုင်း မိန်းကလေးတွေ ဘ၀ မလုံခြုံတော့ဘူး..”
“သမီးရယ်..မဟုတ်သေးပါဘူး..ပန်းထိုးတာတို့ ပီယာနိုတို့ သင်ပါလား..ကလေးရယ်..”
‘မေမေ ဒီဒီ ဒါပဲ သင်ချင်တာ..”
“အိုကေ..ဒီ သဘော..”
“မိုး..”
‘သူဇာ ရယ် ထားလိုက်ပါ တစ်ရက်တောင် ခံနိုင်မှာ မဟုတ်ဘူး..”
“ရေး..ဒါမှ ဒီ မေမေ..”
“ငါ့ မေမေ..”
“ဟီး..ဟုတ်ပါတယ်..ဘယ်သူက ဘာပြောနေလို့လည်း..”
ဒီဒီမ အခုလို လိုက်လျောနေတာကိုကတည်းက မဟုတ်တာ..တစ်ခုခုတော့ လာတော့မည်..။
.
“မျိုးနိုင်…နင့်ဆီမှာ မော်ဒယ် ဓာတ်ပုံ ရှိတယ်မလား..”
ဒီဒီ ဆီက မထင်ထားတဲ့ စကားကြားလိုက်ရတော့ မျိုးနိုင်က ဘေးဘီ လှည့်ကြည့်ပြီး..အသံတိုးတိုးဖြင့်
“..နင့်ဘယ်သူပြောလည်း..”
“ငါ့ဟာငါ သိတာပါ..ငါ ကို တစ်ပုံလောက်ရောင်းပါလား..”
“နင်က မိန်းကလေးလေ..”
“မဟုတ်ဘူး..ခု ယောင်္ကျားလေးပါဆို..”
“အေး..ယောင်္ကျားလေးလည်း မရောင်းဘူး..”
“၁ထောင်ပေးမှာနော်..”
“၁ထောင်..”ပိုက်ဆံ များတော့ မျိုးနိုင်က ခေါင်းလည် လာသည်..။
“နင် ငါဆီက ၀ယ်တယ် မပြောရဘူးနော်..”
‘အေးပါ..”
“အခုတော့ မရဘူး..အိမ်သာသွားတဲ့ လမ်းက ကံကော်ပင် အောက်မှာ ငါ ထားခဲ့မယ်..နင်လာယူ..”
“အိုကေ..ရော့ ပိုက်ဆံ..”
တစ်ထောင်တန်ကို မြင်တော့ မျိုးနိုင်ချက်ချင်း စာအုပ်ယူပြီး ထွက်သွားသည်…။
ဒီဒီ လက်ထဲ ဓာတ်ပုံ ရောက်တော့ ကြည့်လိုက်တာ မိန်းမ တစ်ယောက်က ရေကူးနေတဲ့ ကြော်ငြာပုံ ဒါကိုများ ဘာလို့ ယောင်္ကျားလေးတွေ စွဲလမ်းနေကြတာလည်း မသိ..။
ဓာတ်ပုံကို လွယ်အိတ်ရဲ့ အောက်ဆုံးထိုးထည့်ထားလိုက်သည်..။
ကျောင်းဆင်းထဲ အထိ  လိမ်လိမ်မာမာ အေးအေးဆေးဆေး နေလိုက်သည်..။
ခုဆို ဒီဒီ ကရာတေးသင်တန်းတက်တာ ၁လ ပြည့်တော့မည်။
ဂျွန်ကို ကိုင်ပေါက်လို့ မရပေမဲ့..လက်လိမ် ချိုးဖို့ နည်းလမ်းလည်း သိနေပါပြီ..။
“ဘယ်သူ ရေ အရင်ချိုးမလည်း..”
“သမီး..နောက်မှ ချိုးမယ်..”
“ဂျွန် ဒိုး..”
မေမေ က ဂျွန် ကို လက်ညိုးထိုးပြီးပြောလို့..ဂျွန်လည်း ရေချိုးခန်း ၀င်ခဲ့ ရသည်..။
ဒီဒီ လွယ်အိတ်ဆီ ပြေးသွားပြီး..မြန်မာ စာ စာအုပ်ကို ရှာရသည်..။
“မြန်မြန်လုပ်နော်..ဖေဖေ ဖုန်းဆက်ထားတယ်..ညစာ အပြင်မှာ စားမယ်တဲ့..”
‘ရေး…”
စာကြည့် စားပွဲ မှာ နှစ်ယောက်စလုံးထိုင်နေကြချိန် ဖေဖေ ပြန်လာရောက်လာသည်..။
“ဖေဖေ..ဒါဒါ ရော”
“ဒီကောင် ကားပျက်လို့ ပြင်နေတယ်..”
“အွန့်..”ဒီဒီ နှုတ်ခမ်းဆူပြီး စာ ဆက်လုပ်နေလိုက်သည်..။
“သား..ဂျွန်..သချာင်္ တွက်နေတာလား..”
“ဟုတ်..”
“အေးလုပ်လုပ်..”
15မိနစ်လောက်ကြာတော့ ဒါဒါ လည်း ပြန်ရောက်လာသည်..။
“ဒီမှာ လာကြည့်ပါအုံး ..ဒီဒီ မြန်မာစာ အမှတ်ပြည့်ရတယ်..”
ဂျွန်လည်း တစ်ခန်းတည်းနေတာ..ဒီနေ့ မြန်မာစာ အမှတ်မပေးပါဘူး..ဘယ်တုန်းက အကြွင်းအကျန် တွေ ထုတ်ကြွားနေတာလည်း မသိဘူး…
ဂျွန် နှာခေါင်း ရှုံ့ ရင်း သချာင်္ ဆက်တွက်နေလိုက်သည်..။
မိဘ လေးယောက်စလုံး ခုံနား ရောက်ချိန်မှာတော့ ဒီဒီ စီစဉ်ထားတဲ့ အတိုင်း..
“ဂျွန် နင်ကော..ဘယ်နှစ်မှတ်ရလည်း..”
ရှေ့က မြန်မာစာ စာအုပ်ကို လှမ်းယူပြီး ဖွင့်လိုက်တော့ တစ်ထောင်တန် ပုံကလေး အားလုံးရှေ့ပြုတ်ကျလာသည်..။
“ဟယ်..”
“အို..”
“ဂျွန်..မင်း..”
“ဘာလည်း..ဒါဒါ..”
ဂျွန်လည်း အားလုံး ငုံ ကြည့်နေတာကို လိုက်ကြည့် လိုက်တော့..
“ဟာ..”
“အဲဒါက…”
“နင့် စာအုပ်ထဲ ဘယ်လိုရောက်နေတာလည်း..”
‘ဂျွန် ဟာ..မဟုတ်..”
“တော်စမ်း..”
ဒါဒါ က ပုံကို ဆွဲ ယူပြီး..အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်သည်.။
ဂျွန် ဘ၀မှာ အခုလောက် တစ်ခါမှ မရှက်ရဘူးပါ..အားလုံးက ဘယ်လို မျက်လုံးတွေနဲ့ ကြည့်နေတာလည်းဆိုတာတွေးမိတော့ ဒေါသကြောင့် မျက်ရည်စီးကျလာရသည်..။
ဂျွန် ဒီ ပုံကို သိတောင်မသိဘူး..
ဘယ်လို ဖြစ်လို့ ဂျွန် အိတ်ထဲ ရောက်နေတာလည်း..စဉ်းစားမိသည်..။
ကြာကြာစဉ်းစားဖို့ မလိုပါ..မြန်မာစာ အမှတ်နဲ့ ဒီဒီ..
“ဒီဒီီ…”
ဒီဒီ အခန်းထဲကို ဒေါသနဲ့ အော်ပြီး ၀င်သွားလိုက်သည်..။
“ဘာလည်း..”
“နင် အဲဒီ ဓာတ်ပုံ ကို ငါ့ အိတ်ထဲ ထည့်တာမလား..”
“ထည့်စရာလား..ငါက မိန်းကလေး ဒါမျိုးက နှာဘူးတွေပဲ ကြည့်တာ..”
“ဒီဒီ…”
“ဘာလည်းဆို..”
“နင်လုပ်တာ နင်လုပ်လိုက်တာ ငါ သိတယ်..”ဂျွန်လက်ညိုးထိုးပြီး  ကြုံးအော်လိုက်သည်..။
“အေးပေါ့လေ..လူမိတော့လည်း..တရားခံ ရှာရတာပေါ့..”
“နင်တော့သေတော့မယ်…”
“နင် အရင် ငါကို လုပ်တာလေ..မှတ်မိလား..”
“အခု နင်လုပ်တာမလား..”
“ဟုတ်တယ်..”ဒီဒီ ခေါင်းမော့ပြီး ၀န်ခံ လိုက်သည်..။
“အေး..သွား..မာမီ တို့ အကုန်လုံးကို နင်လုပ်တာပါလို့ သွားပြော..”
“မပြောဘူး..”တစ်လုံးတည်း ပြောပြီး ကုတင်ပေါ်တက်ထိုင်နေလိုက်သည်..။
“နင်…”ဂျွန် စိတ်ထိန်းမရတဲ့ အဆုံး..ဒီဒီ ခေါင်းကို ရိုက်ချလိုက်သည်..။
“အ..အ…သေပြီ..နင်လွှတ်နော်…”
“တစ်ခါပဲ ရမယ်..နင် အရင် ငါ့ ခေါင်းကို ရိုက်တာ..”
“နင့်ကို လွှတ်လို့ ပြောနေတယ်နော်..ဒီဒီ..”
“ဟွန့် တိတ်တိတ်နေ နားငြိးတယ်..ငါတို့ ဆရာက တရုတ်သိုင်းလည်း သင်ပေးထားတယ်..မေ့ကျောကို ရိုက်လိုက်လို့ တစ်သက်လုံး အ သွားမယ်..”
“သောက်ပိုတွေ…”ဂျွန် လက်လိမ်ခံထားရပေမဲ့..အာခံမိသည်..။
“ဟား..ဟား..လုပ်လိုက်ရလို့..မေမေ သားလေးမို့ သနားလို့နော်.မေမေ မျက်နှာကြောင့် လွတ်ပေးလိုက်မယ်..”
ဒီဒီ လွတ်ပေးလိုက်ချိန် ဘက်လက်တစ်ခုလုံးကျင်နေပေမဲ့ ညာလက်နဲ့ ခေါင်းကို တစ်ချက်ပိတ်ရိုက်ပြီး ထွက်ပြေးလာခဲ့လိုက်သည်..။
ထိုနေ့မှ စပြီးဒီဒီ နဲ့ ရန်လည်း မဖြစ် စကားလည်း မပြောတော့ဖို့ ဆုံးဖြတ်လိုက်တော့သည်..။

~~~~~~~~~~~~~~~~~~~~~~~

မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
အရေးအသား မကောင်းတော့
ဖတ်ရတာလည်း ကောင်းမှာဟုတ်ပါဘူး 🙏😭
သည်းခံပေးပါနော် 🙏
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all

#စပိုက်ကာ

သူခင်းသောလမ်းWhere stories live. Discover now