ရိပေါ် ဆုပ်ကိုင်ထားသော
မားလက်တွေက သူ့လက်ကြားထဲမှ ထုတ်ကာ

"သားမားကို ဘယ်တော့မှ မလိမ်ပါနဲ့တော့။"

ရိပေါ် ခေါင်းလေးငြိမ့်ပြတော့မားက
ယဲ့ယဲ့လေးပြုံးကာ

"အခုတော့မုံမုံနဲ့ တွေ့ပြီး
အကျိုးကြောင်းတွေရှင်းပြလိုက်နော်။
မားက စကားလွန်သွားပြီမလို့
သားကိုယ်တိုင်ကပဲ
တောင်းပန်လိုက်နော်။"

"ဟုတ်မား...မွ၊ချစ်တယ်နော်...!"

ကလေးတစ်ယောက်လို ဖြူစင်စွာ ပြုံးပြနေသည့်
ရိပေါ် ခေါင်းလေးကို
မားမနာအောင်ဖွဖွလေးခေါက်ကာ
ပြုံးလိုက်မိသည်။

သူလေး တကယ်ချစ်တတ်သွားပြီလေ။

💕💕💕

လက်သီးဆုပ်ကို တင်းကျပ်စွာဆုပ်ကာ
ခြံထဲမှ ပြေးထွက်လာခဲ့သည်။

"တောက်..!"

ဒေါသများက
သူမရဲ့ ငယ်ထိပ်မှာ မီးလောင်နေပြီဟု
ထင်ရလောက်အောင်
ပူလောင်လွန်းသည်။

"ဟက်...စကားလွန်တယ်။
ဟုတ်လား။အဲ့စကားလွန်တယ်ဆိုတာ
ဘယ်အတိုင်းတာထိ သက်ရောက်လဲ
ရှင်တို့သားမိကို ပြမယ်.."

အိမ်ထဲကို နောက်ဆုံး အကြိမ်
လှမ်းကြည့်လိုက်ပြီး
Phနံပါတ် တစ်ခုကိုဆက်ကာ
တစ်စုံတစ်ခုပြောပြီး
မဲ့ပြုံးကာ ထွက်လာခဲ့သည်။

*ကျွန်မပဲ ရှင့်ကို ပိုင်တယ်
ဝမ် ရိ ပေါ်*

💕💕💕

"သားကျန့်....အခု သွားမို့လား..!"

အကျီ လဲပြီး အပြင်ကို
မြောက်စွ မြောက်စွ နှင့်
ထွက်လာသည့်
ရှောင်းကျန့်ကို ကြည့်ကာ
မီးဖိုထဲမှပြေးထွက်လာသည့်မား။

"ဟုတ်တယ်လေမားရဲ့.."

"မား လိုက်မပို့နိုင်သေးဘူးလေ။
ဟင်းအိုးတန်းလန်းကြီး..!"

"ရတယ်မား။သား ဘာသာ
သားပဲသွားလိုက်မယ်။
လမ်းမှာ ၀င်ဝယ်စရာလေးရှိလို့။
မားက နောက်ကနေ လိုက်လာခဲ့။
သား လမ်းလည်း လျှောက်ချင်လို့..!"

"ရရဲ့လား သားရယ်။
သား က လမ်းအကြာကြီး
လျှောက်နိုင် တာလည်း
မဟုတ်ဘဲနဲ့။တော်ကြာ
ခြေထောက်ကလမ်းမှာနာနေခါမှ..!"

Tom And Jerry(Completed )Où les histoires vivent. Découvrez maintenant