Part 26

23.7K 2.2K 171
                                    

"ရှောင်းကျန့်၊တံခါးဖွင့်စမ်း...!"

တဒုန်းဒုန်းနဲ့ ထုနေသည့် မားကြောင့်
ရှောင်lကျန့် နားနှစ်ဖက်ကိုသာ
လက်နှင့်ပိတ်ထားမိသည်။

သူ အိမ်ပြန်ရောက်နေတာ
သုံးရက်ပြည့်တော့မှာဆိုပေမဲ့
မားနှင့် အခုချိန်ထိ
မျက်နှာချင်း မဆိုင်ခဲ့။

မျက်ရည်လေးများကလည်း
စက္ကန့်မလပ် ရှောင်းကျန့်ပါးပြင်ပေါ်မှာသာ။

*လွမ်းတယ် လူယုတ်မာကြီး။*

သူ့အကြောင်းစဉ်းစားမိပြန်တော့
ခံနိုင်ရည်မရှိသည့် ရင်ဘတ်က
တဆစ်ဆစ်နှင့်။

"သား...ရှောင်းကျန့်..တံခါးဖွင့်ပါကွာ။
မားကို စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့ !"

သူမစကားဆုံးသည်နှင့်
ဂျောက်ခနဲ ပွင့်လာသည့်
အခန်းတံခါးလေး။

သုံးရက်လုံးလုံး ရေပဲသောက်နေသည့်
ဒီကလေးလေး အာဟာရမရှိလေတော့
သေးသေးလေးကနေ ပိန်သွားသည်။

"သား...!"

တစ်ဖက်ကို လှည့်ထွက်သွားတဲ့ ရှောင်းကျန့်ကို
သူမမျက်ရည်များနဲ့ကြည့်ရင်း

"သား..မားစကားကိုနားထောင်ပါ။
သား လက်ထက်ပြီးရင် မားအမွေတွေလွှဲပေး.."

"မလိုချင်ဘူး...!"

ရှိုက်သံလေးနှင့်ထွက်လာသည့်
ရှောင်းကျန့်ကို မားကြောင်၍သာ
ကြည့်နေနိုင်သည်။

"သား...ရိပေါ်ကောနဲ့
ပြန်ပေါင်းချင်တယ်မား...!"

"သား!"

"သားတို့က တကယ်ချစ်သူတွေပါမားရာ။
သားတို့အစက မချစ်ခဲ့ကြပေမဲ့
အခုတကယ့်ချစ်သူတွေပါ။
အခု သားကောကလွဲပြီး
ဘယ်သူမှ လက်မထပ်နိုင်ဘူးမား။။။
သားသေသွားလိမ့်မယ်....!"

ရှောင်းကျန့်စကားဆုံးသည်နှင့်
မျက်ရည်လေးများနှင့် ပြုံးပြသည့်မား။

"မား..သားစကားကို ယုံသင့်လား"

မျှော်လင့်ချက်လေး ရှ်ိလာသော
ကလေးတစ်ယောက်လိုမျိုး
ရှောင်းကျန့်မျက်လုံးလေး အရောင်လဲ့လာသည်။

မားက သူ့ပါးပြင်ပေါ်က မျက်ရည်စလေးတွေကို
သာယာစွာဖယ်လိုက်ရင်း

Tom And Jerry(Completed )Where stories live. Discover now