Part 23

25.9K 2.6K 264
                                    


"လွှတ်..လွှတ်တော့!"

လက်လေးတွေက ရင်ဘတ်ကို လာတွန်းတာကြောင့်
ရိပေါ် အင်တင်တင်နှင့် လွှတ်ပေးလိုက်ရသည်။

တကယ်ပါ။ချိုလွန်းတဲ့ အဲ့နှုတ်ခမ်းလေးကို
တစ်နေကုန် ငုံထားချင်တာ။

လွှတ်ပေးလိုက်တောနဲ့ မီးဖိုထဲပြေးဝင်သွားသည့်
ရှောင်းကျန့်နောက် ရိပေါ် လိုက်လာကာ

"ဘာလို့စိတ်ဆိုးတာလဲ။မပြောပြရသေးဘူးလေ"

"မပြောဘူးဗျာ၊သိချင်ရင် ကိုယ့်ဘာသာစုံစမ်း..!"

ထွက်သွားသည့် ရှောင်းကျန့်နောက်ကျောလေး
ကိုသာရိပေါ် လှမ်းကြည့်ရင်း ခေါင်းကုပ်မိသည်။

သူတကယ် မသိတာပါဆိုနေ။

💕💕💕

*ရှောင်းကျန့်၊ရှောင်းကျန့်..စိတ်ကိုလျော့ချလိုက်။*

အခန်းထဲရောက်တာနဲ့ ပေါက်ထွက်မတတ်ခုန်နေသည့်
ဘယ်ဘက်က အကောင်ကြောင့်
ရှောင်းကျန့် စိတ်လျှော့နေရသည်။

"ငါသူ့ကို အရင်ချစ်မိသွားတာလား?"

အတွေးထဲပေါ်လာသည်က သူ့ရဲ့အနမ်းတွေ။

"အား!ဘာလဲကွာ။နမ်းမှတော့ ဘယ်သူ
မကြောက်ဘဲနေမလဲ။ကြောက်လို့ရင်ခူန်တာ။
ကြောက်လို့ရင်ခုန်တာ...ဟုတ်တယ်"

ချစ်တယ်ဆိုတဲ့စကားက
သူတို့ နှစ်ယောက်အတွက်မှ
မသက်ဆိုင်တာ။

💕💕💕

"ရှောင်းကျန့်...မင်းအခုတလော
စီနီယာနဲ့ တအားတည့်နေပါ့လား..!"

ယွီပင်းအပြောကိုကျန်းချန်က မျက်စောင်း
လှမ်းထိုးကာ

"အဲ့ အမှတ်မရှိတဲ့ကောင်၊ရိပေါ်ကောကို
ကြိုက်သွားတယ်လို့တော့ မပြောနဲ့နော်..!"

ကျန်းချန်စကားကြောင့် ရှောင်ကျန့်မျက်နှာ
တစ်ခုလုံး ရေနွေးပူနဲ့ ပက်ခံလိုက်ရသလို။

"ငါ...ငါ ကဘာလို့ကြိုက်ရမှာလဲ။
မင်း ရူးနေလား..!"

ကျန်းချန်က သူ့အားမျက်စောင်းထိုးကာ
တစ်ဖက်သို့လှည့်ရင်း

"တကယ်ကြီး ကြိုက်သွားတာပဲ"

ဒဲ့တိုးကြီး ချည်းပြောနေသည့် ကျန်းချန်ကြောင့်
ရှောင်းကျန့် အရှက်ပြေ စာအုပ်နှင့်လှမ်းပေါက်လိုက်သည်။

Tom And Jerry(Completed )Where stories live. Discover now