ending part

18 1 0
                                    


"WELCOME!!"
.......................

ဇေယံတစ်ယောက် ဖြူညနေတိုင်းပျောက်ပျောက်သွားရသည့်အခြေအနေကို အဖြေရှာရန် ဖြူမသိအောင်အပေါ်ထပ်တက်သွားလိုက်သည်။
အနည်းငယ်ဆွေးနေသော တံခါးပေါက်မှ အပေါက်ကြောင့် အထဲသို့ခိုးကြည့်ခွင့်ရသွားသည်။

ဖြူရော်ရော်ကောင်မလေးတစ်ယောက် ကွဲအက်နေသော မှန်တင်ခုံရှေ့တွင် ထိုင်ကာ အလှပြင်နေသည်။ နီရဲနေသောပါးပေါ်သို့ မိတ်ကပ်ရည်များလိမ်းကာ ပြင်ဆင်ခြယ်သနေသည်။ ထို့နောက် ရှေ့တွင်ချထားသော တစ်ခုတည်းသော နှူတ်ခမ်းနီတောင့်ကိုယူကာဆိုးလိုက်သည်။

"ဟာ..."

အရှေ့တွင် လိမ်းခြယ်နေသောကောင်မလေး၏ ပုံကို တကယ်မယုံနိူင်ခဲ့ပါ။
ချစ်ခဲ့မိသော ဖြူက မုန်းပါသည်ဆိုသော ပန်းခက်ဝေဖြစ်နေခြင်းကြောင့်ဖြစ်သည်။ အမြဲတူတူယှဥ်ပြီး မတွေ့ရခြင်းအကြောင်းအရင်းကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။ သနားကြင်နာတတ်တဲ့ဖြူက ရက်စက်တတ်တဲ့ ပန်းခက်ဝေ ဖြစ်နေလိမ့်မည်ဆိုသည့်အကြောင်းကိုလည်း တစ်ခါမျှမစဥ်းစားခဲ့ဖူးပေ။

ဇေယံ၏ အာမေဋိတ်သံကြောင့် မှန်တင်ခုံတွင်ထိုင်နေသော ပန်းခက်ဝေ ထလာသည်။ ဇေယံအမြန်ဆုံးအခန်းဘေးရှိစားပွဲခုံအောင်သို့ဝင်ပုန်းလိုက်သည်။
သို့သော်..

"ကိုဇေယံ ရှင်ကတိချိုးဖောက်လိုက်တာလား.."

ဇေယံအားသည်းကြီးမည်းကြီးရှာနေသော ပန်းခက်ဝေအားမမြင်အောင် ကိုယ်ကိုမနည်းကျုံ့ထားရသည်။
အပေါ်တက်လိုက်အောက်ဆင်းလိုက်နှင့်အလုပ်ရှုပ်နေသည်။

"ကိုဇေယံ ထွက်လာနော် ခုချက်ချင်း ဘာမှာပုန်းနေတာလည်း..."

ဇေယံနမယ်ခေါ်ရင်း အခန်းဘေးရှိ စားပွဲနားဆီသိူ့ရောက်လာသည်။
ကို့နှလုံးခုန်သံပင်ကိုယ်ပြန်ကြားနေရအောင် တိတ်ဆိတ်နေပြီး ဇောချွေးလည်းပြန်နေပေသည်။

ပန်းခက်ဝေ စားပွဲအောက်သိူ့ ရုတ်တရင်ငုံ့လိုက်ပြီး

"ဟယ်လို ရှင်က ဒီမှာလား.."

ဇေယံနှလုံးခုန်နှုန်းများမြန်ဆန်လာသည်။အသက်ကိုပင်မှန်အောင်ရှုနေရသည်။
ပန်းခက်ဝေကိုပြန်ကြည့်လိုက်ပြီး စားပွဲအောက်မှ ခြေထောက်ကိုအားနှင့်ဆွဲလိုက်သည်။
ယောကျားအားနှင့်မိန်းမအားကြောင့် ပန်းခက်ဝေ ချော်လဲသွားသည်။ ​ဇေယံအခြေအနေကိုအခွင့်ကောင်းယူကာ စားပွဲအောက်မှပြေးထွက်လိုက်ပြီး လှေကားဆီသို့ဦးတည်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Nov 16, 2019 ⏰

Add this story to your Library to get notified about new parts!

''WELCOME" (1 ~ Final)Where stories live. Discover now