အပိုင်း၅
...........
လူငယ်၅ယောက် တောထဲမဝင်ခင်ချိတ်ဆွဲထားသော တောထဲမဝင်ရ "သတိပေးချက်.." ကိုမမြင်ကြပေ။"အရင်က အိမ်က တောထဲမှာမဟုတ်ဘူးလားလို့"
သွားနေသော နေရာနှင့်ပက်သက်ပြီး သံသယဝင်မိ၍ Smith ဆိုလိုက်ခြင်းဖြစ်၏။
မိုးရွာ၍ တည်းခိုခဲ့သော အိမ်သည် မြို့ထဲရှိ လမ်းထဲတွင်ရှိ၏။ယခု အိမ်လည်ရန်ခေါ်လိုက်လာမိသော နေရာတွင် အိမ်ဟူ၍ တူသည့်အရာကိုပင်မတွေ့ပေ။ ပတ်လည်ကိုကြည့်လိုက်လျှင် သစ်ပင်ကြီးများသာတွေ့နေရ၏။
"ဟုတ်ပါတယ် အဲ့ဒီအိမ်ကလည်း ကျွန်မအိမ်ပါ အခုသွားနေတဲ့အိမ်ကလည်းကျွန်မအိမ်ပါ."
Nameless တောထဲတစ်နေရာအရောက် ရပ်ပြီး အတော်အသင့်ကြီးမားသော ထင်းရှူးပင်ကြီးကိူလက်ညှိုးထိုးလိုက်သည်။
"ဝေါ....ဖလပ်ဖလပ် ဖလပ်..."
ကျီးငှက်များ ဝရုန်းသုန်းကား ပျံပြေးသွားကြသည်။တောကြီးထဲတွင် သားရဲ တိရိစၧာန် များကို မြင်ရဖို့မပြောနှင့် အသံပင်တိတ်နေ၏။
အချိန်အားလုံးရပ်တန့်ခဲ့ရသကဲ့သို့ထင်ရ၏။ထိုထင်းရှုးပင်ကြီးနေရာတွင် ကြီးမားသော အိမ်ကြီးတစ်အိမ်ထွက်ပေါ်လာ၏။
လူငယ်၅ယောက်ကတော့ ဆေးမိထားသည့်နှယ် အရှေ့တွင်ထွက်ပေါ်လာသော အိမ်ကိုသတိထားမိပုံမရ။"ကဲ အိမ်ရောက်ပြီ.."
ထိုအချိန်မှပဲ တစ်တောလုံး၏ ဆူညံသံကိုပြန်ကြားရ၏။
"ဟယ် ယုန်လေး.."
သစ်တုံးအောက်တွင် ကြောက်လွန်း၍ တုန်သော ယုန်လေးကို Bella တွေ့ပြီး သွားကိုင်ရန် သစ်တုံးဆီပြေးသွားလိုက်သည်။ယုန်နားမရောက်ခင် ဖြန်း ဆိုသည့်အသံနှင့်အတူ ယုန်၏လည်ပင်းမှသွေးများ ဖြာထွက်လာပြီး အနီးနားတွင်ရှိသော သစ်ရွက်ခြောက်များပေါ် စိုသွားသည်။
လျှင်မြန်စွာ ဖြစ်သွားသည့် ထိုမြင်ကွင်းအား ရပ်ကြည့်နေမိသည်။
Bella အနားသို့ Nameless ကပ်လာပြီး
"ဘာဖြစ်ရပ်နေတာလဲ အိမ်ထဲဝင်လေ သူများတွေတောင်အိမ်ထဲရောက်ကုန်ပြီ""ဟိုမှာယုန်...ဟင်.."
Bella ယုန်သေ နေရာသို့လက်ညိုးထိုးပြလိုက်သည်။သို့သော် ယုန်ကိုလည်း မတွေ့ရ သွေးကွက်တွေလည်းမရှိတော့ပေ။
YOU ARE READING
''WARNING"
Horrorမိုးရွာထဲမှာအဆောင်ပြောင်းလာတဲ့သူငယ်ချင်းတစ်သိုက် အတွေးလွန်သွားသောအခါ......