part4

115 5 0
                                    


အပိုင်း၄
...........

အနက်ဝတ်စုံနှင့် ကောင်မလေး အသစ်ပြောင်းလာသောSmith တို့အခန်းထဲဝင်သွားသည်။

Hopeလည်း Bella ထင်ပြီး ရေချိုးခန်းထဲဝင်၍ ရေပြန်ချိုးနေလိုက်သည်။

"အမ ခုနက အဘွားဆီမှာ မဟုတ်ဘူးလား."

အခန်းထဲဝင်လာသော အနက်ဝတ်စုံနှင့် ကောင်မလေးအား Bella ထင်ပြီး Bond စကားပြော နေခြင်းဖြစ်၏။
ပြန်ဖြေသံမကြားရ၍ ဖတ်လက်စ စာအုပ်အား ဘေးချလိုက်ပြီး.ကျောပေးထားသော အနက်ဝတ်စုံနှင့် ကောင်မလေးဆီ သွားပြီး ပုခုံးအားလှမ်းကိုင်လ်ိုက်သည်။

"အမ Bella ဘာဖြစ်လို့လဲ နေမကောင်းဘူးလား.အမ.."

"ဒုန်း.."

မျက်နှာကိူဆွဲလှည့်ခါနီး ရုတ်တရက် တံခါးတွန်းဖွင့်လိုက်သော Hope ကြောင့် လန့်ပြီး အနက်ဝတ်စုံပေါ်တင်ထားသော လက်ကိုဖြုတ်ချမိလိုက်သည်။
Bond ရင်ဘတ်ကိုဖိလျက် Hopeအားအော်လိုက်သည်။

"အမရာ ဖြည်းဖြည်းဖွင့်ပါ ဒီမှာလန့်လို့သေတော့မယ်.."

Hope ခေါင်းကိူ သုတ်လျက်
"ဘာဖြစ်လ်ို့လဲ အမက ရိုးရိုးတံခါးဖွင့်တာပါ"

"ဒီမယ်လေ အမ Bella နေမကောင်းဘူးထင်လို့"
Bella ရှိသည်အထင်ဖြင့် လက်ညိုးထိူးပြလိုက်သည်။

Bondလက်ညိုးထိုးပြရာသို့ ကြည့်လိုက်သည်။
သို့သော်လည်း အမဲအဝတ်စလေးအပြင် ဘာမှရှိမနေခြင်းမနေခြင်းကြောင့် မယုံသင်္ကာ မျက်လုံးဖြင့် ကြည့်လိုက်ပြီး မေးလိုက်သည်။

"Bella?.."

Bondနောက်ကို လှည့်မကြည့်ဘဲ နောက်မှ ချိတ်ထားသော အမည်းစ အားဆွဲလိုက်ပြီး
"ဒီမှာလေ အမBella .."

လက်ထဲတွင် Bella ၏ လက်အစား ကြောင်မဲတစ်ကောင်သာပါလာသဖြင့် လန့်ပြီး လွင့်ပစ်လိုက်သည်။

Bond လွင့်ပစ်လိုက်သော ကြောင်ကို အခန်းထဲဝင်လာသောSmithက ဖမ်းလိုက်ပြီး..

"ဘာတွေဖြစ်နေတာလည်."

"ဒီမှာလေ Bond ပေါ့ Bella ရှိပါတယ်ဆိုပြီးပြောနေတာ..ငါဝင်လာကတည်းက ဘယ်သူမှ မတွေ့ဘူး..အဲ့တာကိူ သူကလက်မခံဘူးလေBella ဆိုပြီး ကြောင်ကိုသွားဆွဲတာလေ"

''WARNING"Onde histórias criam vida. Descubra agora