ထိုအချိန် အိမ်တစ်အိမ်မှ တံခါးပွင့်လာပြီး ကောင်မလေး ခပ်ငယ်ငယ်တစ်ယောက် ထွက်လာပြီး
"အမတို့ အက်ိုတို့..ညီမ "

ထိူအသံကိူကြားတော့ Daccy နောက်လှည့်ကြည့်လိုက်မိသည်။ကောင်မလေးက လက်ယက်၍ အော်နေဆဲပင်။

"Smith, Bond,Hope,Bella...ဟိုမှာကြည့်လိုက်အုန်း.."

Daccy ညွှန်ပြရာသိူ့ ၄ယောက်သားလှည့်ကြည့်လိုက်သည်။

အချမ်းလွန်ပြီးအစကတည်းက အကူညီပေးမည့်လူတွေပါစေဆုတောင်းနေသည့် Smith က
"ငါ အကူညီသွားတောင်းကြည့်ရမလား ခေါ်နေတာဆိူတော့ ကူညီချင်လို့ထင်တယ်."

အကူန်လုံးကလည်း အထုတ်အပိုးတွေနဲ့ ပင်ပန်းနေတာမလို့ သဘောတူလိုက်သည်။

သိပ်မဝေးတာမလို့ သွက်သွက်လက်လက်ရှ်ိတဲ့ Smithကထိုကောင်မလေးဆီသို့ ပြေးသွားလိုက်သည်။
"ညီမအကိုတိူ့ ဒီမှာ ခနမိုးခိုလို့ရမလား"
"ဟုတ် ရပါတယ်ရှင့် ညီကလည်း မိူးခိုဖို့ လာပြောတာပါ.."

Smith လက်ရမ်းပြလိုက်ပြီး လက်ဟန်ခြေဟန်ဖြင့် မိုးခိူနိူင်ကြောင်းပြောလိုက်သည်။

အထုတ်အပိုးတွေကို တံခါးပေါက်နားထားလိုက်ပြီး အိတ်ဖြင့်သေချာထုတ်လာသော အဝတ်အစားများနှင့်အနွေးထည်များကိုလဲလှယ်လိုက်ပြီး ၅ယောက်သား မီးလင်းဖိူရှေ့ထိူင်ရင်းအချမ်းပြေအောင် လုပ်နေကြသည်။
ထိူ့နောက် အိမ်ပိုင်ရှင်ကောင်မလေး လာပေးသော ကော်ဖီများကိုသောက်၍ အိပ်ချင်နေသောစိတ်ကိုဖြေဖျောက်လိုက်ကြသည်။

"အကိုနဲ့ အမတိူ့က ဒီမြို့ကို ပထမဆုံးရောက်ဖူးတဲ့လူတွေထင်တယ်.."

"ဟုတ်တယ် ညီမရေ..အမတို့က ဒီမှာ ကျောင်းလာတတ်တာလေ "

Daccyသည် အဖွဲ့ထဲတွင် active အဖြစ်ဆူံးကောင်မလေးဖြစ်သည်။ဘယ်သူဘာပြောပြော သူက ရှေ့ဆုံးက ဝင်ဖြေပေးသည်။
ကျန်လေးယောက်ကတော့ Daccy နှင့် အိမ်ပိုင်ရှင်ကောင်မလေး စကားလက်ဆုံကျနေသည်က်ို ဂရုမစိုက်နိူင်။ခန္ဓာကိုယ်နွေးဖို့သာ ဂရုစိုက်နေရသည်။

Smith ကော်ဖီခွက်ကိုကိုင်လျက်မေးခွန်းတစ်ခုအားမေးသင့်မမေးသင့် စဉ်းစားနေသည်။
သိူ့သော်လည်း သိချင်စိတ်များနေသောကြောင့်
"ညီမတိူ့ မြို့က လူသိပ်မရှိဘူးလား အကိုတို့ လမ်းလျှောက်နေတာကြာပြီ တစ်ယောက်မှ မတွေ့မိသေးဘူး"

"မဟူတ်ပါဘူး အကို.ညီမတို့မြို့က သိပ်လှပြီးလူတွေလည်းအများကြီးရှိပါတယ် မိုးမရွာခင်အထိပေါ့လေ"
အိမ်ပိုင်ရှင်ကောင်မလေး..အသက်မပါသောအပြူံးကိုပြူံးလိုက်ပြီး ပြတင်းပေါက်ကိုဖြတ်၍ မိုးရေစက်ကိုငေးကြည့်နေလိုက်သည်။

"မိုးမရွာခင်..ဟုတ်လား.."

Smithအမေးကို ဖြေရန် ထိုကောင်မလေး ပြန်လှည့်လာပြီး..

"ဟူတ်တယ်အကို ညီမ ဒီလောက်ပဲပြောနိုင်တယ်.ကျန်တာတော့ အကိုတို့စွမ်းသလောက် စုံစမ်းကြည့်ပေါ့ ညီမ" သတိပေး"ချင်တာက..မိုးရွာတူန်းအပြင်မထွက်ပါနဲ့...."

ထိုလူငယ်၅ယောက်လူံး၏ မျက်လူံးများ ကောင်မလေးဆီသိူ့ စုပြူံရောက်သွားသည်။
ကားသမားကြီး၏ သတိပေးချက်နှင့် ထိုအိမ်ပိုင်ရှင်ကောင်မလေး၏သတိပေးချက်က ဆင်တူနေသောကြောင့် သံသယဝင်မိကြသည်၊၊

''WARNING"Where stories live. Discover now