(၂၀)

7.9K 604 40
                                    

ဂျူနိုသည် ဒီရက်ပိုင်း အစားကောင်းကောင်းသိပ်မစားတော့...။ စကားလည်းသိပ်မပြော...။ သောလျှံခကိုလည်း သူ့ဘေးနားကနေ တစ်ဖဝါးမှ မရွေ့စေချင်။ ဆေးရုံကို သတင်းမေးလာသည့်သူများကလည်း နေ့တိုင်းလိုလို မပျက်...။ မေရီ၏ အမျိုးများ၊ ဦးမိုးမြင့်၏ လုပ်ဖော်ကိုင်ဖက်များ အပါအဝင် သောလျှံခ၏ ဝန်ထမ်းအချို့ပါ လာတတ်သည်။

"ခ.."

သောလျှံခ သတင်းလာမေးသည့်သူများကို စကားလှည့်ပြောနေစဉ် အသံယဲ့ယဲ့လေးကြားတာကြောင့် ချက်ချင်းအနောက်လှည့်ကြည့်သည်။ ဂျူနိုက သူ့ကို ကြည့်နေသည်။

"ပြော ဂျူနို...ဘာလုပ်ချင်လို့လဲ"

ဂျူနိုက စကားကို မပြောသေးဘဲ သောလျှံခ လက်ကို ဆုပ်ကိုင်ထားသည်။

"အိမ်..ပြန်..ချင်..တယ်"

"ဟင်..."

ဟုတ်ပါသည်။ ဂျူနို၏ အိမ်ပြန်ချင်သည့် ဆန္ဒလေးသည် ယခုအချိန်ထိ မပြည့်ဝသေးပါ။ သတိလစ်လိုက်...ခေါင်းကိုက်လိုက်၊ ဓာတ်ကင်ရလိုက်နှင့် သူ့မှာ ရောဂါနှင့် စစ်ခင်းနေခဲ့ရသည်။

"ပြန်ရမှာပေါ့...ဂျူနိုနေကောင်းရင် ပြန်ကြမယ်နော်"

"အခု ပြန်ချင်တယ်"

အခန်းတွင်းရှိ သောလျှံခနှင့် ဂျူနိုကို မသိမသာကြည့်နေကြသူများနှင့် သိသိသာသာကြည့်နေသူများ၏ မျက်နှာထက်တွင် စိတ်မကောင်းဖြစ်နေကြသည်က အထင်းသားမြင်နေရသည်။
သောလျှံခကတော့ တကယ့်ကို ပါရမီရှင်...မျက်နှာတစ်ချက်မပျက်...အပြုံးချိုချိုတို့ဖြင့်သာ ဂျူနို့ရှေ့တွင် အမြဲနေသည်။

"ကိုယ် ဆရာဝန်နဲ့ စကားပြောကြည့်မယ်နော်...ပြန်လို့ရတယ်ဆို ကိုယ်တို့ပြန်ကြမယ်လေ"

"ပြန်မယ်နော်"

"အင်းပါ...ပြန်ရမယ်နော်...ကိုယ်တို့အိမ်ပြန်ကြမယ်"

"အိပ်တော့မယ်...."

"ခေါင်းကိုက်နေလို့လား ဂျူနို...ခေါင်းကိုက်ရင် ဆေးသောက်ရအောင်လေ"

"မသောက်ပါရစေနဲ့တော့....ဒီအတိုင်းလေး အိပ်ပျော်အောင် အိပ်လိုက်ပါမယ်"

ထာဝရ၏ ခြောက်စက္ကန့်စာ(Six Seconds Of Forever)Where stories live. Discover now