"Wow....ကိုယ်တကယ်ပြောစရာရှာမတွေ့တော့ဘူး...ကျေးဇူးအများကြီးတင်ပါတယ်"

သောလျှံခ ပြောလည်းပြော ဂျူနို့ကိုလည်း ဖက်လိုက်သည်။ ပြီးနောက် ပါးလေးကို နမ်းလိုက်ကာ....

"ဒေးဗစ်ကို အကူအညီတောင်းလိုက်တာလား"

"No...မာမီ့ကို...မာမီက တခါတလေ ဒီလို ကျောက်ဆန်းဆန်းလေးတွေစုရတာ ဝါသနာပါတယ်လေ...ကျွန်တော် ဒီနေ့အတွက် 'ခ'ကို အမှတ်တရလည်းဖြစ်စေမယ့်...အဓိပ္ပါယ်လည်းရှိမယ့် လက်ဆောင်မျိုးပေးချင်တယ်ဆိုလို့ မာမီက အကြံပေးရင်းနဲ့ ဒီလိုမျိုးပေးဖြစ်သွားတာ"

"ကိုယ်အရမ်းသဘောကျတယ်....သဘောကျတယ်ဆိုတာထက်ကို ပိုတယ်...ဂျူနို့အချစ်တွေက ဒီထဲရောက်နေလို့ဖြစ်မယ်"

"ဟီး...ဟီး..."

"အဲ့လိုကျတော့ ကိုယ်လုပ်ပေးတာလေးက သေးသွားသလိုမျိုးပဲ"

"မဟုတ်ဘူး...အခုမှ 'ခ'လုပ်ပေးတာနဲ့ ညီမျှသွားတာ"

သောလျှံခ ဂျူနို့ပါးလေးကို ထပ်နမ်းလိုက်သည်။

"ကျွန်တော်ဝတ်ပေးမယ်"

သောလျှံခ လည်ပင်းတွင် ထိုကျောက်တုံးပါ ဆွဲကြိုးအနက်ရောင်လေးကို ဂျူနို သေချာဝတ်ပေးလိုက်သည်။

"ခ'နဲ့ လိုက်တာပဲ"

"ဒါလေးကို ကိုယ်ဘယ်တော့မှမချွတ်ဘူးလို့ ကတိပေးတယ်"

"ကျေးဇူးတင်ပါတယ်"

"ဒါနဲ့...ကိုယ်တို့ gameကစားကြမလား..."

"Game...ဘယ်လိုကစားမှာလဲ"

သောလျှံခပြုံးလိုက်ကာ စားပွဲခုံပေါ်ရှိ အိတ်အမည်းရောင်လေးကို ဆွဲယူလိုက်သည်။ ထို့နောက် အိတ်ထဲမှ ဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်သည်။ ထိုဘူးလေးသည် အကြည်ရောင်ဖြစ်သောကြောင့် အထဲမှ ရောင်စုံ တုတ်ချောင်းလေးများကို မြင်နေရသည်။ သိချင်စိတ်ဖြင့် အသည်းအသန်လိုက်ကြည့်နေသော ဂျူနိုကို ကြည့်ကာ....

"ကိုယ် onlineကနေ ideaရလာလို့ လုပ်ထားတာ...ဒီဘူးလေးထဲမှာ ကိုယ်က တုတ်ချောင်းလေး ၁၄ချောင်းထည့်ထားတယ်...အဲ့တုတ်ချောင်းလေးတွေပေါ်မှာ မေးခွန်းတိုလေးတွေရှိတယ်...ကိုယ်တို့က တုတ်ချောင်းတစ်ခုကို ယူလိုက်တိုင်း အဲ့အပေါ်မှာရှိတဲ့ မေးခွန်းကို ဖြေပေးရမယ်"

ထာဝရ၏ ခြောက်စက္ကန့်စာ(Six Seconds Of Forever)Where stories live. Discover now