ပါးတစ်ဖက်လျော်ကြေး

Start from the beginning
                                    

''သမီးလေး. . .မာမီရှိတယ်. . . ဘာလိုချင်လို့လဲ. . .
နေကောင်းရင် ကစားကွင်းသွားကြမယ်နော်. . .

''ဒယ္ဒီ. . . ဒယ္ဒီ. . .

ဒယ္ဒီ လို့ပဲခေါ်နေပြီး မ်က္လုံး က မဖွင့်. . .
မာန သမီး နဖူးလေးကို ငုံနမ်းလိုက်ပြီး ထရပ်လိုက်သည်
နာရီကိုလှမ်းကြည့်လိုက်တော့ ည ၁ နာရီ တိတိ. . . .

အခန်းတံခါး ကို စေ့ရုံစေ့ထားခဲ့ပြီး တစ်ဖတ်အခန်းရဲ့ရှေ့မှာ ခြေအစုံကိုရပ်လိုက်သည်. . .

အခန်းတံခါးရဲ့ လက်တန်းကို ကိုင်ပြီးမှ ပြန်ပြုတ်ကျသွားလိုက်  ပြန်ကိုင်လိုက်. . .
လှည့်ထွက် တော့မလို လုပ်ပြီးမှ မ်က္စိကို မှိတ်ချလိုက်ပြီး အခန်းတံခါးကိုခေါက်လိုက်သည်. . . .

''ဒေါက် . . . ဒေါက်. .  

''ဘယ္သူ. . . .

မာန အခန်းတံခါးကို ဖွင့်ပြီး ဝင်သွားလိုက်တော့
မင်းထက်က ကံန်ပျူတာရှေ့ ဖိုင်ထပ်တွေကြားထဲမှာ အလုပ်လုပ်နေတာတွေလိုက်ရသည်

''မင်းဘာလိုချင်လို့လဲ.  .

''တောင်းဆိုစရာ ရွိလို့ပါ. . . .
အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်.  
ရှင်မအိပ်သေးဘူးဆိုရင် မာန သမီးလေးကိုသွားကြည့်ပေးပါလား. . . .

မာန အချိုသာဆုံးပြောလိုက်သည်

''ရူပ်တယ် ဘာလို့သွားကြည့်ရမှာလဲ. . .

''သူတစ်ချိန်လုံး ရှင့်ကိုတောင့်တနေတာ. . .
သွားကြည့်ပေးပါနော်. . .

''သူ့အဖေကိုတောင့်တတာ . .
ငါ မွမဟုတ္တာ. . . .
သူ့အဖေကိုခေါ်ပေးလိုက်လေ. . .
တစ်ခုတော့ရှိတာပေါ့ စံအိမ်ကိုတော့ခေါ်မလာနဲ့. . . 

ဒေါသဖြစ်စရာပေမယ့် မာန ခနမေ့ထားလိုက်ပြီး. .  

''သူက ရှင့်ကို တောင့်တနေတာ . . .
သွားကြည့်ပေးပါ. . .
စကားမပြောချင်ရင်တောင်. .  

''မကြည့်ပေးနိုင်ဘူး. . . .

မာန စကားမဆုံးခင်  အငြင်းစကားက ထွက်လာသည်

''မာန ဘာလုပ်ပေးမှ ရှင့်အငြိုးတွေပြေမှာလဲ. . . .
မာန သမီးလေးက အပြစ်မဲ့ပါတယ်. . .
သမီးလေးအပေါ်မှာ အပြစ်တွေ ပုံမချပါနဲ့နော်. .

ပါးတစ်ဖက်လျော်ကြေးWhere stories live. Discover now