ပါးတစ်ဖက်လျော်ကြေး

1.4K 48 0
                                    

ပါးတစ်ဖက်လျှော်ကြေး😌

   အပိုင်း (၁၀)

''ဟ. .   . !!!. . .

မာနလ်ွံက မင်းထက်ကိုဘေးသို့တွန်းပြစ်လိုက်ပြီး  လက်ကေ့စ် အိပ်ကိုမနိုင်မနင်းဆွဲပြီးထွက်သွားသည်. . . .
မနေ့ကလဲပင်ပန်းထားတဲ့အတွက် မင်းထက်က နားစေချင်ရုံသာဖြစ်သည်. .. .
မာန က စေတနာကိုနားမလည်. .
အဲ့တာလဲ  မင်းထက် မနေနိုင်သေးဘူး အိမ်ကကောင်မလေး ၂ယောက်ကိုခေါ်ပြီး ကျန်နေသည့်အိပ်တွေကိုအပေါ် သို့  တင်ပေးခိုင်းလိုက်သည် သူလဲ ကား နောက်ဖုန်းပြန်ပိတ်ပြီး တက်လိုက်ခဲ့သည်ပေါ့. . . .

''မမေလး အိပ်တွေသယ်လာခဲ့ပြီ. . .

မာနက အိပ်သယ်ဖို့ နောက်တစ်ခေါက်ထွက်လာပုံပေါ်သည် အခန်းဝမှာ ကောင်မလေး၂ယောက်နှင့်ဆုံသည်.
ကောင်မလေး၂ယောက်က အိပ်တွေကိုအခန်းထဲထည့်ပေးသည်

''ဘာကူညီပေးရမလဲ မမေလး.

''ရပြီသွားတော့ မာန ကိုပါကိုယ်လုပ်မှာ. . .

''ဟုတ်ကဲ့. . .

ကောင်မလေး ၂ယောက်က အောက်ကိုပြန်ဆင်းသွားတော့ မင်းထက် အခန်းထဲဝင်ပြီးတံခါးပိတ် အဲယားကွန်း ဖွင့်လိုက်သည်. . .

မာန ကေတာ့ အိပ်တွေဖွင့်ပြီး သူမအကျီၤတွေကို စီနေသည်
စီနေရင်း ဝဲကျလာသည့်ဆံပင်တွေကိုသပ်တင်လိုက် ပြန် ကျလာလိုက် အလုပ်တွေရူပ်နေသည်ကို မင်းထက် အမှတ်မထင်ငေးကြည့်နေမိသည် . .
ဘေးတစောင်းအနေအထား ဖြင့် မာနမျက်နှာက လှပနေဆဲပင်. . .ပိရိသေသပ်သော နူတ်ခမ်းပါးလေးကလဲဆွဲဆောင်မူရှိသည်. .
ခပ်ချွန်ချွန် နှာတံလေးနှင့်လိုက်ဖတ်စွာ ခပ်သွယ်သွယ်မျက်နှာလေး. . .
အဝေးကပင်မြင်နိုင်သည့်မျက်တောင်ရှည်ကော့ကော့များ. . . . . တကယ်ပါ မာနလ်ွံ တကယ်ကိုလှပါသည်. . . .
မောက်မာလွန်းတာကလွဲလို့ပေါ့. . .
သူ့အတွက့်မေ့မရနိုင်သည့်နေ့တစ်နေ့ကိုအစပြုခဲ့သူက သူမေလ. . . . ဒယ်ဒီရဲ့စီစဉ်မူကိုမငြင်းပဲလက်ခံခဲ့တာက သူမ ဖြစ်နေလို့. . တကယ္ဆို ဒယ္ဒီက သူ့ ဆန္ဒကိုအရင်မေးခဲ့တာပါ. . . . .သူ ငြင်းမယ်ဆိုရင်ရသည်ပေါ့. . .
ဒါပေမယ့် ချက်ချင်းလက်ခံခဲ့တာ သူမဖြစ်နေလို့. . . .
စိတ်ဝင်စားလို့ ခ်စ္လို့ ဘာတစ်ခုမှမဟုတ်ပဲ သူမရဲ့စရိုက်ကြောင့်လက်ထပ်ခဲ့တာဆိုရင်လဲမမှားဘူးပေါ့. . . .  ကူညီခဲ့တာကို ပါးရိုက်ပြစ်ခဲ့တာ . .
သူဘယ်တော့မှမမေ့ဘူး. . . .
ပြီးတော့ နှိမ်ချဆက်ဆံခဲ့ပုံများ. . .
အခု တော့ မာနလ်ွံ က သူ့လက်ထဲရောက်လာပြီပေါ့. . .
ဘယယောကျၤားမှအထင်မကြီး လက်မခံ ငြင်းဆိုခဲ့သလောက် ဒယ်ဒီအရှိန်အဝါကြောင့် ဦးမိုးကောင်းက သူ့သမီးကိုအကြပ်ကိုင်ပြီး မင်းထက်နှင့်လက်ထပ်ပေးခဲ့သည်ထင်သည်, . . . .
ဒီမိန်းကလေး ပျော့ပြောင်စလာအောင် သူဘယ်လိုလုပ်ရမည်ဆိုတာကိုမတွေးတက်သေး. . .
၂ယောက်လုံးက မလျှော့သော ဒေါသတွေနှင့် စတင်ခဲ့တဲ့ လက်ထပ်ပြီးကာစ ဇနီးမောင်နှံ. . . .

ပါးတစ်ဖက်လျော်ကြေးजहाँ कहानियाँ रहती हैं। अभी खोजें