ပါးတစ်ဖက်လျော်ကြေး

1.9K 54 0
                                    

ပါးတစ်ဖက်လျော်ကြေး 😌

အပိုင်း (၁၉)

မာန ဆေးရုံက ပြန်ဆင်းသည်အထိ မင်းထက်က တစ်ခေါက်မျှ ရောက်မလာခဲ့. .

အဖြားနဲ့ ဦးမင်းထိုက် သာလာခဲ့သည်. . .
နေစိမ့်သည့် လူတစ်ယောက်အတွက် မာန ခံစားနေလဲအပိုပေါ့.
မင်းထက် က စင်္ကာပူသွားသည်ဆိုတာအဖွားပြောမှသိခဲ့ရသည်. . .
ဆေးရုံက ပြန်ဆင်းလာတော့လဲ မင်းထက် အိမ်မှာ မရွိ. .
အဖြားက ကလေးအတွက် သူနာပြုတစ်ယောက်ငှားထားပေးသဖြင့် ကလေးအတွက်မပူရ. . . . .
မေမေ ကလဲ အားရင်အားသလိုလာ ကြည့်ပေးသည်
မင်းထက် က တော့ ငဲ့ပင်မကြည့်ခဲ့ . . .
ကေလးက အဖွားတွေအဖိုးတွေ ဖြင့် ချစ်ခင်တာ ခံရသလောက် ဖခင် တော့မဲ့ ခဲ့သည်. . .
ဒီလိုနဲ့ စကားပြောတက်. . .
လမ်းလျှောက်တက် အရွယ်ရောက်လာခဲ့သည်
မာန ရဲ့ သမီးလေး က အလွန် ချစ်စရာကောင်းပြီး လည်လဲအလွန်လည်သည်. . .

အဖွားနှင့် ဦးမင်းထိုက်တို့ သေဘာက် ပေးခဲ့သည့် နာမည်က နှင်းစက်တော်ဝင်. . . .
မာန့်တော်ဝင် စံအိမ် ရဲ့ မျိုးဆက်သစ်. .

မာန နှင့် အဖိုးအဖွားတွေက သူမေလးကို ချစ်စနိုးနှင် အင်္ဂလိပ်လို Snow ဟုခေါ်ကြသည်. . .

''Snow ရေ သမီးလေး . . အဖြားဆီလာပါဦး. . .

မေမေ ကလဲအရင်က စံအိမ်ကိုလာခဲပေမယ့် သမီးလေးရှိမှ ခဏခဏ လာသည်

မင်းထက် ကေတာ့ ဘယ်သူပြောဘယ်သူဖျောင်းဖျလို့မှမရ. . . . .
ကေလးကို ချီပိုးကြည့်ဖို့နေနေ သာသာ လှည့်ပင်မကြည့်

**************
****************

မင်းထက်ထိုက်တန် ဧည့်ခန်းမှာထိုင်ပြီး Tvကြည့်နေစဉ် လူပ္စိ လူပ်စိဖြင့် ထွက်လာသည့် ခပ်သေးသေး အရာလေးတစ်ခု မျက်လုံးဒေါင့်မှ ဝင်လာသည်. . .

''ဒယ္ဒီ. . . . . .

''ဟင်. . . . .

ခေါ်သံကြောင့် ဟင်ခနဲပင်ဖြစ်သွားမိသည်. . .
လှည့်ကြည့်လိုက်တော့ ပန်းရောင်ဂါဝန်လေးနှင့် ဘိုမရုပ်လေးနှင့်တူသည့် ကလေးလေး. . .

''ဒယ္ဒီ. . . .

ဒယ္ဒီ ဟု ခေါ်ပြီး မင်းထက်နားသို့ကပ်လာသည်

ပါးတစ်ဖက်လျော်ကြေးМесто, где живут истории. Откройте их для себя