ပါးတစ်ဖက်လျော်ကြေး

Start from the beginning
                                    

''လာနေပါပြီကွာ မင်းကလဲ . . . .

''အဲ့တာဆို စောင့်နေမယ်. . .

''ခနပဲစောင့် မကြာဘူး. . .

''ok. . . .

မာန  . . နားထောင်ကြည့်လိုက်တော့ တစ်ယောက်ယောက်ကိုကြိုဖို့သွားနေတယ်ဆိုတာသိလိုက်ရသည်

''sorry. . . လေဆိပ် ကိုအရင်သွားရမယ်ထက်တယ် မင်းလိုက်ခဲ့လို့ ဖြစ်လား ခနပဲ လူခေါ်ပြီးပြန်လာမှာ. . .

''ရှင့်ကားက ရုံးဖယ်ရီလား. .

''မဟုတ်. .  

''ကျွန် မ အခြားလူတွေနဲ့ မစီးနိုင်ဘူးဆိုတာ ရှင်သိရဲ့သားနဲ့. . . . .  ခုလမ်းရောက်မှ က်ြန္မ က ဘယ္ကို ဆင်းနေခဲ့ရမလဲ. . .   အစထဲက အိမ်မှာထဲက ရှင့်မှာကြိုစရာရှိရင်သွားကြိုလေ ဘာလို့လူကိုအတင်းခေါ်လာတာလဲ. . .

''မဟုတ္ဘူး . . .
ခနေလးပဲ သူ့ကို သွားကြိုရမှာ. .
သူက သန့်သန့်ပြန့်ပြန့်ပါပဲ. .

မာန ဒေါသထွက်မိသည်

''မင်းစိတ်တိုနေမယ်ထင်တယ် sorry ကလွဲပြီးပြောစရာမရှိဘူး. .  

မင်းထက်ထိုက်တန် က ထိုမျှပြောပြီး အပြည့်ပြည်ဆိုင်ရာလေဆိပ်သို့တန်းသွားသည်
လေဆိပ်ရောက်တော့ ကားကို  အပြင်မှာရပ်လိုက်ပြီး.   .

''မင်း ကားထဲမှာပဲစောင့်. . ခနပဲ. . 

''ဟာ. .ဟိတ္လူ. . တောက်. . .

မာန ခေါ်တာကို လှည့်မကြည့်ပဲ ပြေးထွက်သွားသည်

မာန စဉ်းစားမနေတော့ ဖုန်းနံပါတ် တစ်ခုကိုကောက်နှိပ်လိုက်တော့သည်

၁၅မိနစ်လောက်ကြာတော့ ခေတ်ဆန်ဆန် လွလွ မိန်းမ တစ်ယောက်နှင့် မင်းထက်ထိုက်တန်က တွဲလျှက်ပြန်ထွက်လာသည်

သြော် ဒီမိန်းမ ကိုကြိုဖို့ ငါက ဒီအထိ လိုက္လာခဲ့ရတာပဲ. .
တော်တော် အေရးပါတဲ့ပုံပဲ. . .

မာန လက်ပိုက်ပြီး ကားကိုမှီလျှက် လှမ်းလာနေသည့် လူ၂ယောက်ကိုကြည့်နေလိုက်သည်

''hay. . .သူလေးလား. .

အနားရောက်တာနှင့် မာန ကို မ်က္စ ပြစ်ပြရင်း မင်းထက်ကိုမေးသည်

ပါးတစ်ဖက်လျော်ကြေးWhere stories live. Discover now