ရုံးဆင်းချိန်ရောက်တော့ ၀န်ထမ်းတွေလဲ လုပ်လက်စ အလုပ်ကိုယ်စီ လက်စသက်ပြီး ပြန်သွားကြပီ။ yubinက

" boss ကျွန်တော်သွားပီနော် "

" ok ok ဂရုစိုက်ပြန်ဦး "

xiao zhanကို နှုတ်ဆက်ပီး yubinထွက်လာသည်။ xiao zhanက green teaတွေ ရွှဲနေတဲ့ သူ့အကျီင်္ကို ချွတ်လိုက်ပီး yibo ပေးခဲ့တဲ့ အကျီင်္ကို ၀တ်ကာ အိတ်လေးဆွဲပီး ထွက်လာလိုက်သည်။ ဒီကောင်လေး ရုံးခန်းထဲကထွက် သွားပီး ကတည်းက xiao zhan စောင့်နေပေမယ့် ပြန်ဝင်မလာ။

ကားပါကင်ရောက်တော့ ထွန်းထားတဲ့မီးတွေက မှိန်ဖျော့ဖျော့။ ရာသီဥတုကလည်း တိမ်တွေအုံ့ဆိုင်းပီး ကားပါကင်ထဲ အလင်းရောင်မှိန်မှိန်သာ ရသည်။ xiao zhan ကားပါကင်ကမီးတွေကို ပြင်ဖို့ လုံခြုံရေးဦးလေးကြီးကို ပြောဦးမှပါ ဟုတွေးပီး မိမိကားစီလျှောက်လာခဲ့သည်။

ကားနားရောက်ခါနီးမှ...

" ဒုတ်! "

အနောက်ကနေ ခေါင်းကိုရိုက်လိုက်သလို နာကျင်မှုတစ်ခု အာရုံတွေမူးဝေသွားပြီး ဘာကိုမှ သဲသဲကွဲကွဲမမြင်ရ။ အရှိန်ယူပြီး မတ်တပ်ရပ်နေရစဉ် ၀မ်းဗိုက်ကိုထိုးလာတဲ့ လက်သီးတွေကြောင့် xiao zhanကိုယ်လေး မထိန်းနိုင်တော့ပဲ့ ပုံလျက်သား လဲကျသွားသည်။ လဲကျနေတဲ့ xiao zhanကို ဘယ်သူဘယ်ဝါမှန်း မသိပေမယ့် လေး၊ငါးယောက်လောက်ရှိတဲ့ လူတွေက ဝမ်းဗိုက်နဲ့ နောက်ကျောကို အငြိုးတကြီး ကန်ကြောက်နေကြသည်။

" ငါတို့အကိုလေးကို စိတ်ရှုပ်အောင်လုပ်တဲ့ကောင် ရော့ကွာ..သေစမ်း "

ဘာတွေလဲ၊ ဘယ်ကအကိုလေးလဲ၊ ဘယ်သူလဲ၊ ဘာရန်ငြိုးရှိလို့ ငါ့ကို ဒီလောက် ဝိုင်းရိုက်နှက်နေကြတာလဲ။ နာကျင်မှုတွေကြားမှ အားယူကာ xiao zhan ကြိုးစားကြည့်ပေမယ့် အလုပ်မဖြစ်။ သူ့ကိုဝိုင်းရိုက်နေတဲ့သူတွေကိုလည်း xiao zhanမသိပါ၊ မစဉ်းစားနိုင်တော့။ ကန်ချက်တွေက တစ်ချက်တစ်ချက် ရင်ဘက်ကိုပါ အောင့်တက်သွားစေသည်မို့ အသက်ကိုပင် မနည်းရှူနေရသည်။

" မလုပ်ချင်လို့ကြည့်နေတာကို မင်းကိုမင်း ဘာကောင်ထင်နေလဲ ဟမ်.. မင်းကြောင့် ငါတို့အကိုလေး စိတ်ညစ်တယ်။ ဟေ့ရောင်တွေ ဒီကောင့်ကို မှတ်လောက်သားလောက်ဖြစ်အောင် ဆုံးမကြကွာ "

Be MineWhere stories live. Discover now