အပိုင်း၁၂

Start from the beginning
                                    

ချစ်ဇနီးလေး ကိုယ်မင်းကိုတစ်ခုပြမယ်

ဘာများလဲ

ဝူရှဲ့မပြောမဆို အ၀တ်ကို ချွတ်ချလိုက်တော့
အပေါ်ပိုင်းဗလာကျင်းဖြစ်သွားသည်

ရှောင်ဟုန် ရုတ်တမို့လန့်ကာ မျက်လုံးကိုလက်ဖြင့်ကာလိုက်သည်

ဝူရှဲ့ ရူးနေတာလား ဘာလို့ အ၀တ်ချွတ်ရတာလဲ

အရင်ကြည့်ပါဦး

ရှောင်ဟုန်မရဲတရဲဖြင့်ကြည့်တော့ ဘယ်ဘက်ရင်အုံတည့်တည်မှာ ထိုးထားတဲ့ ဆေးမှင်စုတ်လေး ရှောင်ဟုန်လက်နဲ့ကိုင်ကြည့်တော့ အသားတွေက‌ေဖာင်းကြွနေတယ် အခုခေတ်နဲ့ပြောမယ်ဆို tattoo ဒါမဲ့အခုကမတူဘူး ရုပ်လုံးတခုထွင်းထားသလို ဖောင်းကြွနေတယ်

ဒါ ဒါက ဘယ်လိုကြီးလဲ

ကြိုက်ရဲ့လား ဒါချစ်ဇနီးလေးတွက်လေ ဒါကမှော်မင်စုတ်လေနောက်ဘ၀တွေထိတိုင် ချစ်ဇနီးလေးရဲ့လူဖြစ်စေဖို့ရည်ရွယ်တာ

ရှောင်ဟုန် မျက်၀န်းများရွှန်းလဲ့လာကာ မျက်ရည်များပင်ဝဲတက်လာသည်

မရဲတရဲမင်စုတ်ကိုထပ်မံထိကြည့်သည် ထိုမင်စုတ်လေးထဲမှာ နှလုံးသားလေးတခု ကိုနတ်သားတပါးကပွေ့ဖက်ထားသည် သေချာစူးစိုက်ကြည့်ရင် သူ့အမည်နဲ့ ဝူရှဲ့အမည်ကိုပါတွေ့နိုင်သည်
မှင်စုတ်က အနီရောင်နဲ့အဖြူရောင် ရွှေရောင်ရောထွေးထားသည် အမှတ်တမဲ့ကြည့်လျင်တော့
ဓားထိုးခံထားရသောဒဏ်ရာတခုနဲ့သာတူသည်
ရင်ဘက်နားကပ်ကြည့်မှသာ ထိုပုံတွေကို အသေးစိတ်မြင်ရသည်။။။

နီးလိုက်ဝေးလိုက်လုပ်နေသော ရှောင်ဟုန်ကိုကြည့်ကာ ဝူရှဲ့သဘောအကျကြီးကျနေတည့်

ချစ်ဇနီးလေး အဲ့လောက်တောင်သဘောကျလား

အင်း ဒါကအရမ်းလှလွန်းတယ် ငါကောလုပ်ချင်တယ် ဝူရှဲ့

ဒါလုပ်တာက အရမ်းနာတယ် ချစ်ဇနီးလေး ခံနိုင်ရည်ရှိမာမဟုတ်ဘူး

ဟွန့်

မျက်စောင်းလေးခဲပြီးရှေ့ကနေ စောင့်အောင့်
ထွက်သွားသည် ဝူရှဲ့ သူ့ချစ်ဇနီးက တဖြည်းဖြည်း ကလေးလေးနဲ့တူလာသည်ဟု
ထင်မြင်မိသည်။။။

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now