သစ်ပင်တွေနဲ့ စိမ်းစိုနေသော တောအုပ်နားသို့ ကျောင်းသားအုပ်စု ရောက်လာသည်။ အုပ်စုမှာ စုစုပေါင်း ၅ ယောက်ပါပြီး အသက် ၁၇ ၁၈ အရွယ်လေးတွေ... ၅ ယောက်ထဲမှ ဆံပင် နီညိုရောင်နှင့် ကောင်လေးက တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သည်။
^ Ya!! Do Kyung Soo... မင်း ကတိပေးထားတာ မမေ့နဲ့နော် ^
ထိုကောင်လေးစကားအဆုံးမှာ ကျန် ၄ ယောက်မှ တစ်ယောက် မျက်နှာပျက်သွားသည်။ မျက်လုံးဝိုင်းလေးနဲ့ ကောင်လေးက ဆံပင်နီညိုရောင်နှင့် ကောင်လေးကို အသနားခံသလို ကြည့်ရင်း...
^ တ...တကယ် လုပ်ရမှာလား... ဒီတောအုပ်က ဝံပုလွေ တွေရှိတယ်လို့ အရင်ထဲက နာမည်ကြီးတာ မင်းလည်း သိသားနဲ့...တားမြစ်တောအုပ်ကြီးလေ.... Baekhyun-ya မလုပ်လို့မရဘူးလား ^
^ တစ်ယောက်တည်း မသွားရဲရင် Sehun ကို အဖော်ခေါ်သွား ^
Baekhyun စကားကြောင့် ဆံပင်ရောင်စုံနဲ့ကောင်လေး တွန့်သွားသည်။
^ ရူးနေလား! ဘာလို့ လိုက်ရမှာလဲ...လောင်းထားတာ ရှုံးတာ ကျွန်တော်မှ မဟုတ်ပဲ.. Chen hyung ကို ခေါ်သွား... ^
^ Ya!!! ^
Kyung: တစ်ယောက်လောက် ငါနဲ့လိုက်ခဲ့လို့မရဘူးလား....
Baek: ကောင်းပြီ... Kyung Soo မင်း ဆုံးဖြတ်... ငါတို့လေးယောက်ထဲက တစ်ယောက်ကို မင်းရွေးလို့ရတယ်... မင်းကို သနားလို့နော်..
Baekhyun စကားအဆုံးမှာ Kyung Soo သူ့သူငယ်ချင်းလေးယောက်ကို မျက်လုံးဝေ့ကြည့်လိုက်သည်။ လေးယောက်လုံး အသနားခံနေတဲ့ မျက်ဝန်းတွေနှင့်...
Kyung: Xiumin hyung??
Xiumin က Kyung Soo စကားကို အသည်းအသန်ခေါင်းရမ်းသည်။
Xiu: Kyung Soo-ya ငါက နှလုံးအားနည်းတဲ့ ရောဂါရှိတယ်...ပြီးတော့ အမောလည်းမခံနိုင်ဘူး....
Se: အခုမှ ကြားဖူးတယ်...
Xiu: Ya! Oh Sehun! မင်း လိုက်သွား.. မင်းက အငယ်ဆုံးပဲ...
YOU ARE READING
WOLF
FanfictionMain Characters - Kai and Kyung Soo Angst , Drama , Romance , Boy X Boy #Doh_Chen_Hyun
