"ဟို ... "

"ဒင်းကို ဖုန်းပေးလိုက် "

"ဟုတ်ကဲ့ "

မှိုင်းကို ပေးလိုက်တော့ အမွှေကောင်က ခပ်တည်တည်ဖြင့် ဖုန်းကိုင်လိုက်သည် ။

"ပြော အဖေ သားမအားဘူး "

"ဘာ ! မင်းကို မုန့်ဖိုး ၁ လ ဖြတ်ပြီ "

မုန့်ဖိုးလောက်ကတော့ မမှု ။ ဒေါ်လေးငယ် တစ်ယောက်လုံး ရှိသည်လေ ။

"ဒါပဲ မဟုတ်လား ဘာမှ ပြောစရာ မရှိရင် ဖုန်းချလိုက်ပြီ "

"မင်း ! မင်းကို အမွေပြတ် စွန့်လွှတ်ပြီ "

"ဒါဆို ကျောင်းပိတ်ရင် အဖေ့ဆိုင် ကူစရာမလိုတော့ဘူးပေါ့ ? "

"@%#-#+#$:*!#(@( "

ဖုန်းချသွားလေသည် ။

"ငါ အလုပ်သွားတော့မယ် ငရဲ "

"သွားပေါ့ Tuto မဖြေချင်ရင် "

"ဒီနေ့ Tuto ရှိတာလား "

"အေး ၉ နာရီ ဖြေရမှာ "

"ဘယ် paper လဲ "

မှိုင်းကို ဖြောင်းကနဲ ရိုက်လိုက်သည် ။
ခိုးချဖို့တောင် ဘာဖြေရမှန်း မသိသည့် ကောင်မျိုးဖြင့် ဘာလို့ ပေါင်းမိနေပါလိမ့် ။

"ဒါဆို tuto ပြီးမှ သွားလို့ ရမှာပေါ့ "

>>>>>>>>>>>>>>>

tuto ကို ၁၅ မိနစ်အတွင်း အမြန် ခိုးချပြီး ထွက်လာသည့် လူဆိုးကောင် ။

"သွားပြီ တာ့တာ "

"နေဦး ! "

မှိုင်းက စိတ်မရှည်သည့် ပုံဖြင့် မျက်နှာ မဲ့နေသည် ။

"ဘောလုံးပွဲ ခေါင်းစည်း အတွက် ပိုက်ဆံ သွားကောက်မလို့ လိုက်ခဲ့ "

"fuck ! ငါဘယ်တုန်းက အဲ့တာတွေ လိုက်လုပ်ပေးဖူးလို့လဲ "

"မရဘူး မဟာက အစ်ကိုကြီး ကိုယ်တိုင် တာဝန်ပေးထားတာ "

"မလိုက်ဘူး အလုပ်သွားမှာ "

"မရဘူး လိုက်ခဲ့ "

>>>>>>>>>>>>

"ညီလေးတို့ ညီမလေးတို့ရေ .... "

1st yr  အခန်းမှာ ပျော်ရွှင်နေသည့် ရဲရင့် ။ ငရဲ ဆိုသည့် ကောင်က ကလေးတွေဆီ သွားရမည်ဆိုရင် သိပ်ကို ပျော် ။ တစ်ခါသွားတိုင်းလည်း mailbox မှာ သူ့အကြောင်း ပါလာမြဲ ။

ကျွန်တော်ကတော့ ယောင်လို့တောင် ကပ်ပါမလာ ။ စိတ်နာလို့ mailbox မှန်သမျှကို like တောင် မလုပ်ထား ။

"ဒီတော့ ဘောလုံးပွဲကို မင်းတို့ အကုန် လာပြီး အားပေးကြနော် "

ပြောလို့ဆိုလို့ ပြီးမှ အတန်းထဲက ပြန်ထွက်လာသည် ။

"ပြန်မယ် "

"ခုမှ တစ်ခန်းတည်း ပြောရသေးတာလေ ငါတို့ မေဂျာက အတန်းတိုင်းကို လိုက်ပြောရမှာ "

"ဘာ ! "

ဤသို့ဖြင့် .... ပထမနှစ် ... section A ပြီးတာနဲ့ B ... ဒုတိယနှစ် .... တတိယ ......

၄ ထပ်ကို တက်လိုက် ဆင်းလိုက်ဖြင့် ရှိသမျှ အခန်းတွေ လိုက်ပြောရသည် ။
တစ်ချို့နှစ်တွေက အဆောင် မတူတော့ ပိုဆိုး ။ ဟိုအဆောင် ပြေးလိုက်ရ ဒီအဆောင် ပြေးလိုက်ရဖြင့် လူက အားပင် မရှိတော့ ။

"ကဲ မင်းကိစ္စတွေ ပြီးဦးမှာလား "

"အင်း ပြီးပြီ "

"ဒါဆို ငါသွားပြီ "

"နေဦး ခေါင်းစည်းတွေ သွားလုပ်ရဦးမှာလေ "

"မင်း သက်သက် ဒုက္ခပေးနေတာလား ငရဲ ! "

ကိုရှင်းဆီ မနက်လာခဲ့မည်ဟု ပြောခဲ့သော်လည်း ခုထိ ဆိုင်ကို ခြေဦး မလှည့်ရသေး ။ အချိန်ကား ၂ နာရီပင် ဖြစ်နေပြီ ။ အလုပ်ဖြုတ်ခံရရင် ဒုက္ခ ။

"မဟာက အစ်ကိုကြီးက အကူအညီ တောင်းထားတာ အားနာစရာကြီး "

"မင်း ! "

နောက်ဆုံး သက်ပြင်းချလိုက်ပြီး စိတ်လေလျှာ့လိုက်ရသည် ။

"ငါ ဆိုင်တော့ ခဏ ဝင်ပါရစေ ကိုရှင်း ကို အကျိုးအကြောင်းလေး ပြောမလို့ "

>>>>>>>>>>>>>>>

ဟိုင်း 😁

တစ်ပိုင်းတည်း ချွဲလို့ မရဘူးဆိုလို့ 😪😪

ခဏလေး Ep 10 ပါ ရေးနေပြီ (မနက် tuto ရှိတာကို ပလစ်ပြီး စာထိုင်ရေးနေတယ် ခိခိ )

ဒါနဲ့ MDZS fan gathering & cosplay event ရှိတယ်နော် သွားကြမှာလား ? သွားမယ်ဆို ticket မြန်မြန်ဝယ်ထားကြနော် တော်ကြာ မရလိုက်ဘဲနေလိမ့်မယ် !

Love u ❤

Penchant Waar verhalen tot leven komen. Ontdek het nu