ပါးတစ်ဖက်လျော်ကြေး

Start from the beginning
                                    

''ထိုင်ကြဗျာ ထိုင်ကြ. . .
စားစရာတွေမလာသေးဘူးထင်ပါ့. . .

''သူဌေးမလာတော့စားစရာဘယ်လာပါ့မလဲ. .  

''ဟား. . ဟား. . ကိုယ်လူတွေကတော့လုပ်ပြီ ကဲဗျာ ပျော်ပျော်ပါးပါးပေါ့. . .

''ဒါနဲ့ သူဌေး ရဲ့ သား ပြန်ရောက်နေပြီဆို
မလာဘူးလားဒီပွဲကို. . .

''ဟုတ်တယ် ပြန်ရောက်နေပြီ. .    
သူတစ်ချိန်လုံး ဟိုမှာလဲ အလုပ်တွေစာတွေနဲ့ လုံးပန်းလာရရှာတာ . . .
ပင်ပန်းနေတယ်လေ ဒါကြောင့် အနားယူခိုင်းထားတယ်. . .

''သူဌေးရဲ့သားကိုတွေ့ဖူးချင်တာ. 

''သူဌေးနဲ့တူရင်ချောပြီးတော်မှာပဲ. .

''ဟားဟား. . ကျေးဇူးပါဗျာ. .
ဒါပေမယ့်ကျူပ်သားက ကျူပ်နဲ့မတူဘူးဗျ . .
သူ့ အမေနဲ့တူတာ. . .ချောပြီး  ဖြတ်ထိုးဥဏ်အရမ်းကောင်းတယ်လေ. . .

''သားကိုအရမ်းချစ်ပြီးယုံကြည်မူအပြည့်ပါလားသူဌေး. . 

''ဒါပေါ့ဒါပေါ့. . . စားစရာတွေလာပြီ သုံးဆောင်ကြပါဦး. . 

သူဌေးက ဒီ အဆင့်မြင့် ဟော်တယ်အပြင် မြန်မာနိုင်ငံရဲ့နေရာအနှံအပြားမှာ သူရဲ့ဟော်တယ်များစွာဆောက်လုပ်ထားပြီး   အိမ်ခြံမြေ ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေးကိုလဲ ဦးစီး ထားသူဖြစ်သည် . . တိုက် တွေ ကွန်တိုတိုက်ခန်းတွေ ဆောက်လုပ်ရောင်းချသူလဲဖြစ်သည်. . .
မာန့်တော်ဝင် စံအိမ်ရဲ့အရှင်သခင် လဲဖြစ်သည်
သြဇာ အာဏာအပြည့်ရှိသူပေါ့. . .
မာန့်တော်ဝင် မြင်လိုက်တာနဲ့ သူဌေး ဦးမင်းထိုက် ရဲ့ လုပ်ငန်းတွေဆိုတာမလွဲမသွေအမှန်ပေါ့. .

စကားပြောလိုက်စားသောက်လိုက်နှင့်အချိန်အတော်ကြာပြီးသည့်နောက် မာန ဖုန်းခေါ်စရာရှိသည့်အတွက် လူသံသိပ်မဆူသည့်နေရာသို့ထွက်လာခဲ့သည်။

''အင့်. . . . . . .

''အား. .

''ဟာ. . .

''ခလွမ်း. . .

မင်းထက် ရဲ့အရှေ့မှာ တိုက်မိပြီး လဲကျမလိုဖြစ်သွားသည့်  မိန်းကလေးကြောင့် လက်ထဲမှာကိုင်ထားသည့် လင်ပန်းကိုလွင့်ပြစ်လိုက်ပြီးမိန်းကလေး ကို ဆီးဖမ်းလိုက်သည်။

ပါးတစ်ဖက်လျော်ကြေးWhere stories live. Discover now