အခန်း (၂၆) -Happy New year night PartI

ابدأ من البداية
                                    

ပြောနေရင်းနဲ့နောက်ဆုံးစကားအရောက်မှာအသံတွေကတဖြည်းဖြည်းတိမ်ဝင်တိုးဖျသွားတာကြောင့်ရှိုင်းလဲအားနာမိသွားရသည်။အဲ့လိုမှန်းသိရင်သူလဲမမေးလိုက်ပါဘူးလေ။အခုတော့သူ့ကြောင့်အကိုမင်းစက်ခမျာစိတ်မကောင်းဖြစ်သွားရရှာပြီ။

"ဟုတ်လား။ကျနော်တောင်ဒီအကြောင်းတွေမသိလိုက်ဘူး။
ကျနော့်ကြောင့် အကိုစိတ်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်"

"ရပါတယ်"

မင်းစက်ကရှိုင်းဇေယံကိုကြည့်လာရင်းညင်သာစွာပြုံးကာခေါင်းခါပြလာခဲ့သည်။

ထို့နောက်စိတ်ညစ်ညူးစွာသက်ပြင်းတစ်ချက်ချကာဆက်ဆိုသည်။

"အကိုတို့အခန်းကိုအခုဆက်နောင်ကလာမယ်လုပ်နေတယ်။အရင်ရက်တွေတုန်းက လမကုန်သေးတော့အကိုသူ့ကိုအခန်းထဲပေးမဝင်လို့ရသေးတယ်။
မနက်ဖြန်ဆိုလကုန်ပြီးတစ်ရက်ဆိုတော့ ဟိုကောင်ဘယ်လိုဉာဏ်များဦးမလဲမသိဘူး........."

"ဆက်နောင်ခကလား"

"အင်း။ အကိုအဆောင်မှူးကိုတစ်ယောက်တည်းဆက်ငှားဖို့ပြောသေးတယ်။အဆောင်မှူးက အကို့စကားကိုလက်မခံဘူးကွာ။
ကျောင်းအဆောင်မို့လို့ တစ်ခန်းလုံးယူလို့မရဘူးတဲ့။အကိုအခုလေးတင် အဲ့ကိစ္စကိုပြောပြီးပြန်လာတာ။"

'အာ...အဲ့ကိစ္စကြောင့်အကိုမင်းစက်ကမျက်နှာမကောင်းဖြစ်နေတာကိုး'

"အကိုကဆက်နောင်ခနဲ့တစ်ခန်းတည်းမနေချင်ဘူးလား။
ဆက်နောင်ခက အကို့အပေါ်တော့တော်တော်ခင်ရှာပါတယ်"

"ဟုတ်တယ် အကိုမနေချင်ဘူး။အဲ့ကောင်လေးကနဲနဲ ..ကျစ်..စိတ်ရှုပ်ဖို့ကောင်းတယ်။ပြီးတော့အကိုကလည်း ဟန်လင်းထက်ကလွဲပြီးဘယ်သူ့ကိုမှအကို့အခန်းဖော်အဖြစ်မသတ်မှတ်ချင်တော့ဘူး"
ဟုဆိုပြီးစကားဖြတ်ချလိုက်တော့သည်။အကိုမင်းစက်ပုံစံက ဘာစကားကိုမှထပ်ပြီးမပြောချင်တော့တဲ့ပုံပင်။

"ကျနော်ဘယ်လိုကူညီပေးရမလဲအကို့ကို။"

"ဟိုနှစ်ယောက်အတန်းမတက်ဘဲဘာတွေအတင်းတုတ်"

မင်းခန့်ထည်က ခပ်လှမ်းလှမ်းကနေလှမ်းအော်လိုက်ရင်း သူတို့ထံသို့လျှောက်လှမ်းလာလေသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)حيث تعيش القصص. اكتشف الآن