“အေးကွယ် အေး။ ဒါပေမဲ့ အရမ်းမှောင်မှ ပြန်မလာနဲ့နော်။ နေအုန်း လုံမလေးဖို့ ဒါလေးတွေ ယူသွားအုန်း။ ဒါက ငါးရံ့ခြောက် ၊ ဒါကဒုံးကျောက်။”
“ဟုတ်ကဲ့ အမေ”
နဒီ ရောင်းရန်ခြင်းတောင်းများနှင့် ထိပ်ထားဖို့ အမေထည့်ပေးလိုက်သော လက်ဆောင်ထုတ်များပါ သယ်ကာ ဈေးကို ထွက်လာခဲ့သည်။ အရမ်းအချိန်လင့်သွားလို့မရ။ စောစောရောက်ပြီး မြန်မြန်ရောင်းရမည်လေ...။
________🪔ထိပ်ထား🪔___________
ဈေးကွဲချိန် ရောက်တာနှင့်နဒီ့် လက်ထဲက တောင်းနှစ်လုံးကို ရင်းနှီးသော ဆိုင်တစ်ဆိုင်သို့ ဝင်အပ်လိုက်တော့သည်။ အကုန်မရောင်းရသော်လည်း ဒီနေ့အဖို့က အသပြာကိုက်သွားပြီလေ။ ပြီးတော့ သွားစရာနေရာက ရှိသေးသည်။
အိတ်ထဲက ခရုပုတီးကုံးလေးကို စမ်းကာ နဒီပြုံးလိုက်သည်။ အလှဆုံးဆိုသော ခရုခွံများကိုသာ ရွေးချယ်ပြီး သီကုံးထားတာမို့ ထိပ်ထားသဘောကျလောက် ကောင်းပါရဲ့။
ရာမညနန်းတော်ရဲ့ အရှေ့စူစူး တောင်ကုန်းပေါ်က စံအိမ်တဲ့။ ထိပ်ထားပြောသလို နဒီလာခဲ့လိုက်သည်။
သိပ်ကြာကြာမသွားလိုက်ရပါ။ အမြဲဖြတ်သွားနေကျ တောင်ကုန်းပေါ်က ထည်ဝါသော စံအိမ်ကြီးကို နဒီ အဝေးကပင် လှမ်းမြင်နေရချေပြီ။ ထိပ်ထားသည် ထင်မှတ်ထားတာထက် ပိုကြွယ်ဝကြောင်း နဒီ ခံစားလိုက်ရသလို သွားဖို့ကိုလည်း အနည်ငယ်တွန့်သွားရသည်။ ဘယ်လိုပဲဆိုဆို မိမိက သာမာန်တံငါရွာက တောသူတစ်ဦးလေ။
သို့ပေမဲ့လည်း လာခဲ့ပြီမို့ တွေ့ချင်စိတ်ကလည်း ကြီးစိုးနေတာမို့ ဦးတည်ချက်ကို နောက်မလှည့်ခဲ့။
စံအိမ်တော်ကြီးသည် အကာအရံများမရှိ ပန်းခင်းကြီးများဖြင့်သာ ပတ်ပတ်လည် ဝန်းရံလျှက်။ နီးကပ်လာလေ သိပ်လှသော ပတ်ဝန်းကျင်ဖြစ်ကြောင်း နဒီ ခံစားရလေပါပဲ။ အရမ်းလည်း တိတ်ဆိပ်အေးချမ်းသည်။
အိမ်တော်ရှေ့ရောက်လုလု တလင်းပြင်နေရင်တွင် ပြစ်မှတ်ကို ချိန်ကာ မြှားပြစ်နေသော မိန်းမပျိုတစ်ဦး။
![](https://img.wattpad.com/cover/149990351-288-k31759.jpg)
YOU ARE READING
ထိပျထား
Historical Fictionမည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။
အတိတ်ကောက်ကြောင်း တစ်စေ့တစ်စောင်း(ZawGyi)
Start from the beginning