"သွားမယ်လေ ငယ် "

"ဟင် အင်း "

သို့ဖြင့် အတန်းဖက်သို့ ပြန်လျှောက်လာကြသည် ။

"ငယ်က ကိုးတန်းတစ်ခုလုံးမှာ 1 to 10 ဝင်တယ်ဆို "

"အင်း ဟုတ်တယ် "

"Oh ! တော်လိုက်တာ "

ကိုးတန်း အခန်းများသည် A B C D E F G H အထိ ရှိသည် ။ တစ်ခန်းတွင် လူဦးရေ ၁၀၀ ကျော်ရှိသည် ။ အဲ့တာကို ကိုးတန်းတစ်ခုလုံးမှာ 1 to 10 ဝင်တယ်ဆိုတော့ ... ဒါကြောင့်လည်း A ခန်းရောက်နေတာ ဖြစ်မည် ။

အတန်းထဲရောက်တော့ ကျန်တဲ့သူတွေပါ ရောက်နေကြပြီ ။ ထုံးစံအတိုင်း ဇော့် ကို မြင်သည်နှင့် မန်းလေးသားနဲ့ ရန်ကုန်သူ ဆိုပြီး စကြပြန်သည် ။

"ဟိုမှာ သီဟ နင့်ကို ကြည့်နေတယ် "

"ယူတို့ သိပ်ခက်တာဘဲ သူ့ဘာသာ အခန်းပေါက်ဝကို ကြည့်နေတာကို "

"အယ် အယ် ရှက်သွားပြီလား "

"ကျွတ်စ် ! မစကြပါနဲ့ဆို "

ဇော် စိတ်ပျက်လက်ပျက်ပြောနေမိသလို သီဟ ဆိုတဲ့ကောင်လေးလည်း မျက်နှာတွေ နီရဲနေပြီး မစပါနဲ့ကွာလို့သာ ပြောနေရသည်။ သီဟ သူငယ်ချင်းတွေကလည်း အတင်းတွေ ဇော်နဲ့ လိုက်စနေသည် ။

ဘယ်လောက်ထိအောင်လဲဆိုရင် ဇော်က အရှေ့ဆုံးတန်း ထောင့်အစွန်မှာ ထိုင်သည် ။
သီဟ က ဇော့်ဘေးက ရှေ့ဆုံးတန်း ထောင့်အစွန်မှာ ထိုင်သည် ။ ဒါကို သူ့သူငယ်ချင်းတွေက ခုံ ၂ ခုကို ကပ်ပြီး ထိုင်လေ ဆိုပြီး စနောက်ကြသည် ။

တဆိတ် ဒါတော့ လွန်ပြီ ။
သီဟကလည်း ချက်ချင်းခုံပြန်ရွှေ့ပါလား မဟုတ် ။ မျက်နှာကြီးအုပ်ကာ ရယ်ရင်း ဟိုဖက်အစွန်မှာ ဝင်ထိုင်သည် ။ ပါးစပ်ကလည်း မစနဲ့သာ ထွက်လာသည် ။

ဘယ်လိုဟာတွေလဲ !

"ငါ့မှာ ချစ်သူရှိတယ် မစနဲ့တော့ "

"ဟင် နင်ပြောတော့ မရှိဘူးဆို ဇော် "

"အဲ့တာ လိမ်ပြောတာ တကယ်ကရှိတယ် ကိုကို က ရန်ကုန်မှာ ကျန်ခဲ့တာ "

"မယုံပါဘူး "

"တကယ်ပြောနေတာ ငါ ကိုကို့ ကိုဘဲ ချစ်တယ် ဒါကြောင့် မစနဲ့တော့ မကြိုက်ဘူး"

ဆယ္ေက်ာ္သက္ ရင္ခုန္သံ (ဆယ်ကျော်သက် ရင်ခုန်သံ )Where stories live. Discover now