ပွင့်ချေလွှာပြောတာကို နှစ်ယောက်လုံး နားမလည်ဘဲ ပြန်ကြည့်နေကြသောကြောင့် ပွင့်ချေလွှာက ဟန်ပါပါနှင့် ခြေထောက်နှစ်ချောင်းချိတ် ထိုင်လိုက်ကာ....

"ဟင်း.....ဒီလိုလေ ဒယ်ဒီတို့ရာ....
ကိုကို့weak pointက
ကြယ်ဘဲ....အသိသာကြီးလေ....အဲ့တော့ ကြယ်နဲ့ကိုင်ပေါက်ပြီး
သူ့ကို အိမ်ပြန်လာအောင် လုပ်ရမယ်...."

ဦးအသချေင်္က ခေါင်းခါယမ်းကာ.....

"မဟုတ်ဘူး.....အဲ့လိုလုပ်ရင် ဒယ်ဒီတို့ပါ ဒုက္ခရောက်မှာ....
ချေမိုးအားနည်းချက်က ကြယ်ဖြစ်သလို ဒယ်ဒီ့အားနည်းချက်ကလည်း သူဘဲ...
တစ်ခုခုဆိုရင် ဒယ်ဒီပါဒုက္ခရောက်မှာ....."

ချေမိုးပြောထားတာတွေ ပြန်ကြားယောင်မိပြီး ဦးအသချေင်္ ခေါင်းခါမိသည်။ သူပါဒုက္ခရောက်မည့်ကိစ္စမျိုးတော့ မလုပ်နိုင်။

"သမီးပြောတာက အလိမ္မာနည်းနဲ့ စည်းရုံးရမယ်လို့ပြောတာ...
ကိုကိုကပြောတယ်မလား...သူရှိတဲ့နေရာမှာ ကြယ်ရှိနေမယ်ဆို...
ဒါဆိုရှင်းရှင်းလေးဘဲလေ ကြယ့်ကိုပါ အိမ်ကိုခေါ်လိုက်ရုံဘဲပေါ့...."

ဦးအသချေင်္ရော၊ ဒေါ်ဝတ်လွှာစိမ်းကပါ သဘောမတူသည့်အကြောင်းကို ခေါင်းခါခြင်းနှင့် သက်သေပြသည်။

"ဟာ....ဘာလို့ခေါ်ရမှာလဲ.....
အဲ့ကောင်မျက်နှာကို လုံးဝမကြည့်ချင်ဘူး...သူ့မျက်နှာကို တစ်သက်လုံးမတွေ့ချင်တာ အဲ့လောက်ထိ ဒယ်ဒီသူ့ကိုမုန်းတာ...
သူ့ကိုသားအဖြစ်လည်း အသိအမှတ်မပြုနိုင်ဘူး
အိမ်မှာလည်းခေါ်မထားချင်ဘူး...
ဒါတော့မဖြစ်ဘူး.သမီး...."

"ဒယ်ဒီ့ကို အသိအမှတ်ပြုရမယ်လို့ သမီးမပြောဘူး...
သူ့ကိုလိုလားတဲ့ပုံမျိုးလုပ်ခိုင်းတာ...ကိုကိုအိမ်ပြန်လာဖို့က အဓိကဘဲလေ...ကိုကိုနောက်ကွယ်မှာတော့ ဒယ်ဒီဘာလုပ်လုပ်ပေါ့...ပြောချင်တာက သူ့ကိုအသိအမှတ်ပြုချင်ယောင်ဆောင်ပြီး ကိုကို့ကို အိမ်ပြန်ခေါ်ခိုင်းတာ....."

ဦးအသချေင်္တစ်ယောက် စဉ်းစားခန်းထုတ်နေလေသည်။
ဒေါ်ဝတ်လွှာစိမ်းမှာလည်း.ငိုယိုနေသောကြောင့် သူချစ်ရတဲ့ဇနီးအတွက် ပွင့်ချေလွှာ၏အကြံကို လက်မခံချင်ဘဲ လက်ခံလိုက်ရသည်။

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now