Part 1(Unicode)

21.7K 1.7K 33
                                    

"ဦးညိုရေ....သွားမယ်....အဆင်သင့်ပြင် ထားလိုက်တော့..."

"သား.....မုန့်စားသွားဦးလေ......."

ရေခဲသေတ္တာကိုဖွင့်ကာ ရေတစ်ဘူးယူရင်းဖွင့်သောက်
လိုက်ပြီးနောက် အမေဖြစ်သူ၏ မျက်နှာကိုပင် မကြည့်ဘဲ
ပြန်ဖြေလိုက်သည်။

"မစားတော့ဘူးမာမီ.....ကျွန်တော်နောက်ကျနေပြီမို့လို့..."

ချေမိုးမြင့်ပိုင်၏အဖြေကို ကြားပြီးသည့်နောက်.....
ဒေါ်ဝတ်လွှာစိမ်းက သက်ပြင်းချသည်။

ဒေါ်ဝတ်လွှာစိမ်းဆိုသည်မှာ Dreamအနုပညာအေဂျင်စီ
ပိုင်ရှင်ဖြစ်သူ ဦးအင်္သချေ၏ ဇနီးဖြစ်ပြီး ချေမိုးမြင့်ပိုင်နှင့်
ပွင့်ချေလွှာတို့၏ မိခင်လည်းဖြစ်သည်။

"မနက်တိုင်း....အစားမစားဘဲ အလုပ်လုပ်တာ
မကောင်းဘူးနော်သား...မနက်ပိုင်းမှာ ကောင်းကောင်းစားမှ တစ်နေကုန် အလုပ်လုပ်နိုင်မှာပေါ့..."

ဒေါ်ဝတ်လွှာစိမ်း၏စကားကို ချေမိုးမြင့်ပိုင်က
ခနဲ့တဲ့အပြုံးနဲ့ပြုံးလိုက်ရင်း......

"စိတ်ပူမနေပါနဲ့မာမီရာ....မနက်စာလေးမစားတာနဲ့
ဘာမှဖြစ်မသွားဘူး....ဟန်လုပ်ပြီးပြောမနေပါနဲ့...."

ချေမိုးမြင့်ပိုင်၏စကားကြောင့် ဦးအင်္သချေက သောက်လက်စကော်ဖီခွက်ကို အသံမြည်အောင် ချလိုက်ရင်း.....

"ချေမိုး......မင်းအမေကို ဘယ်လိုပြန်ပြောလိုက်တာလဲ
မိဘကအကောင်းနဲ့ပြောတာကို ပြန်ရွဲ့နေတယ်...."

"ကျွန်တော်ရွဲ့တာမဟုတ်ဘူး....ဒယ်ဒီ....
စိတ်ထဲကမပါဘဲမပြောဖို့ ပြောနေတာ......"

"မင်း......."

ဒေါ်ဝတ်လွှာစိမ်းက ဦးအင်္သချေ၏လက်ကို ဆုပ်ကိုင်လိုက်ရင်း ဆက်မပြောတော့ဖို့ မျက်လုံးဖြင့် အချက်ပြလိုက်သည်။

ထိုအချိန်တွင် ချေမိုး၏ညီမဖြစ်သူ ပွင့်ချေလွှာက....

"ဒယ်ဒီနဲ့မာမီရယ် ကိုကိုမစားချင်လည်း ကျွေးမနေပါနဲ့...
မာမီတို့စကားကို ဘယ်တုန်းကများ နားထောင်ဖူးလို့လဲ...
လွှတ်ထားလိုက်....ကလေးလည်းမဟုတ်ဘူး....
သူ့ဘာသာဆာတော့....စားမှာပေါ့......"

CHANGE(ခ်ိန္း)Completed(Z&U)Onde histórias criam vida. Descubra agora