ဇာတ်သိမ်း
Start from the beginning
"ညီပြော"
ကြည်လဲ့လဲ့ ကိုကို့မျက်ဝန်းတွေက တစ်ခုခုလေးနက်နေသည်မို့။
"ကိုကို အရင်ပြောပါ ညီကနောက်မှပြောမယ်"
"ကိုယ်...!!!"
"_____"
နားရွက်နှစ်ဖက်ပါ နီလာပြီး ခေါင်းပါငုံ့ဆင်းသွားတဲ့ ကိုကိုက ဒါ ကျွန်တော်မသိသေးတဲ့ ကိုကို့ရဲ့ နောက်ထပ်ပုံစံတစ်မျိုးလား၊ ဝှားးးး လှလိုက်တာ။
"ကိုယ့် အနားမှာ နေပေးနိုင်မလား"
"_____"
ဘာလဲ ကိုကိုက ကျွန်တော်ကို မခွဲနိုင်အောင် အပြုမူကော အသံကောနဲ့ ပြုစားနေတာလား၊ ကိုကို့ရဲ့ ယခုပုံကို ကိုယ်လုံးပေါ် မှန်ရှေ့ ဆွဲခေါ်သွားချင်တော့တာပဲ။
"ကိုယ့်အနားမှာ တစ်သက်လုံး ကိုယ်နဲ့အတူနေဖို့ ပြောနေတာပါ ၊ ညီလက်ခံလား"
ကိုကို့ရဲ့ ရှက်လွန်းမက ရှက်နေသည့်ပုံလေးကြောင့် ခပ်ညစ်ညစ် အတွေးလေး ပေါ်လာရသည်။
"ကိုကိုနဲ့ တူတူနေတာပဲ နေတာပေါ့၊ ဒါကမခက်ပါဘူး၊ ဒါပေမဲ့ ကိုကိုသာ ညီနဲ့တူတူ မနေနိုင်မှာဆိုးတာ၊ ညီက လောဘကြီးတက်လို့"
"အမ်..ဘာ ဘာ လောဘကြီးတာလဲ"
နှုတ်ခမ်းထောင့်လေး တွန့်ရုံကွေးပြီး ခပ်ရွတ်ရွတ်လေးပြောတော့ Xiao Zhanမှာ စူးစမ်းချင်ပေမဲ့ ထစ်အနေလေသည်။
"မနက်အိပ်ယာထရင် အတူတူနိုးထပြီး တစ်နေ့လုံးအတူ နေဝင်ချိန်အဆုံး ညအိပ်ယာ ဝင်တဲ့ထိ ရှိချင်တယ်၊ ကိုကို နာဖျားရင် အနားက စောင့်ရှောက်ပေးမယ့်သူက ညီပဲ ဖြစ်ချင်တယ်၊ ကိစ္စသေးငယ်ကနေ အရေးကြီးသည်အထိ ညီကအရင်ဆုံး တိုင်ပင်ဖော် ဖြစ်ချင်တယ်၊ ဒါတွေသဘောတူရင် ညီ ကိုကိုနဲ့ တူတူနေမယ်၊ ဘယ်လိုလဲ"
မျက်ခုံးလေး တစ်ဖက်မြင့်သွားပြီး အံ့သြသလို ဟသွားတဲ့ နှုတ်ခမ်းလွှာလေးက စုဝိုင်းလို့။
"သဘောတူလား ကိုကို"
"ဘာမှမခက်ပါဘူး တူတယ် တူတယ်"
ခေါင်းကို ပျော်ပျော်ရွှင်ရွှင် ညိတ်နေပုံက တစ်ဆယ့်ခြောက်နှစ်သားလေးအလား၊ အဟင်း ကိုကိုရဲ့ မပြီးသေးဘူး။
🎉 You've finished reading လွမ်း၍မတည် အပြုံး၌မွေ့လျော်သော(လွမ်း၍မတည် အပြုံး၌မွေ့လျော်သော) 🎉