ပွင့်ချေလွှာအပေါ်သို့ ရောက်ရှိလာသော ချေမိုးမြင့်ပိုင်၏
အကြည့်စူးစူးကို ပွင့်ချေလွှာက ဂရုမစိုက်ဟန်နှင့်
ကော်ဖီကိုအရသာခံသောက်ပြပြီး....ရွဲ့တဲ့တဲ့ မျက်နှာပေးနှင့် တုံ့ပြန်သည်။

ရေခဲသေတ္တာတံခါးကို ဆောင့်ပိတ်လိုက်ပြီးနောက်....
အိမ်ပြင်သို့ထွက်ကာ......

"ဦးညို....ဘယ်မှာလဲ.....သွားပါမယ်ဆို....
အဆင်သင့်မလုပ်ထားဘူး...."

ချေမိုး၏အော်ဟစ်နေသံကို ကြားပြီးနောက်
ကားနားမှာ အသင့်ရပ်စောင့်နေသော ချေမိုး၏ ဒရိုင်ဘာလည်းဖြစ် လက်တိုလက်တောင်းခိုင်းဖော်လည်း
ဖြစ်သော ဦးညိုမှာ......

"အကိုလေး......ဦးညို...ရောက်နေတာ....ကြာပါပြီ...."

ထိုအခါ ချေမိုးက ဦးညိုအား မျက်မှောင်နှစ်ဖက်ကျုံ့ကာ ကြည့်လိုက်ရင်း....

"ရောက်နေရင်လည်းသွားမယ်.....ဒီအိမ်ကလူတွေကြောင့်
အချိန်ပိုပုပ်တယ်......"

တမင်တကာ အကုန်လုံးကြားအောင် ခပ်ကျယ်ကျယ် အော်ပြောလိုက်သည်။

ဦးညိုမှာလည်း ကြောက်ကြောက်လန့်လန့်နှင့်
ချေမိုးကို ကားတံခါးဖွင့်ပေးပြီး....ကားပေါ်အမြန်တက်ကာ
မောင်းရတော့၏။

ချေမိုးထွက်သွားပြီးနောက်....ကျန်ရစ်ခဲ့သော
ဦးအင်္သချေ၊ဒေါ်ဝတ်လွှာစိမ်းနှင့် ပွင့်ချေလွှာတို့မှာ.....

"သားလေးက...အဲ့ကိစ္စကို အခုထက်ထိ
အခဲမကျေသေးဘူးထင်တယ်....."

"မာမီရာ.....အပိုတွေလုပ်နေတာပါ....
သူ့ကို အဲ့ကတည်းက ဘာမှမပြောဘဲ...လွှတ်ထားလို့
ဆိုးနေတာ....မာမီတို့ ဒယ်ဒီတို့လည်း ကိုကို့ကို ကြပ်ကြပ်အလိုလိုက် ကြာရင်....
ခေါင်းပေါ်တက်နင်းသွားလိမ့်မယ်....."

ပွင့်ချေလွှာကပြောဆိုပြီးနောက်.....ထမင်းစားပွဲဝိုင်းမှ
ထထွက်သွားတော့၏။

ဦးအင်္သချေကတော့ ဘာမှမပြော.... ဒေါ်ဝတ်လွှာစိမ်းကိုသာ ကြည့်နေရင်း ခေါင်းခါနေလေသည်။
.
.
.

ကားဘတ်မှန်ကနေ တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်နေသော ဦးညိုအား ချေမိုးက သတိပြုမိဟန်တူသည်။

CHANGE(ခ်ိန္း)Completed(Z&U)Where stories live. Discover now