ကျွန်တော်ချစ်သောကိုကိုPart(9)

Ξεκινήστε από την αρχή
                                    

တလကျော်တဲ့....
သူလေးဘယ်လောက်တောင်ခံစားခဲ့ရမလဲ
ဝန်ခံပါတယ်ဒါတေအားလုံးကျတော့ကြောင့်ပါ
ကျတော်သူ့ကိုမုန်းတယ်လို့အော်နေမိတယ်
ဒါပေမယ့်ကျတော့ခံစားချက်ကို
ကျတော်တောင်နားမလည်တော့ဘူး
ဘာတေဖြစ်နေတာလဲကိုယ့်ကိုယ်ကိုတောင်နားမလည်တော့ဘူး

'ဝမ်ရိပေါ်....အာ့တာမင်းကြောင့်သိလား....မင်းကြောင့်ကလေးအာ့လိုဖြစ်တာ'
'သူကမင်းစိတ်နဲ့ဆေးလည်းမသောက်ဘာလည်းမသောက်
တမှိုင်မှိုင်နဲ့နေ့ရှိသရွေ့ငိုနေတာမင်းသိလား
....ငါတို့ဘယ်လိုပြောပြောမရဘူး...
...သူ့ကိုကိုအပေါ်မရိုးသားတဲ့စိတ်တေဝင်မိတဲ့
သူ့ကိုသူအပြစ်ပေးတာတဲ့.... ..
......သူ့မှာလေမင်းနဲ့နေ့တိုင်းမတွေ့မိအောင်ပတ်ရှောင်နေတာ....
.....မင်းကိုတွေ့ရင်သူ့စိတ်တေထိန်းမရမှာစိုးလို့တဲ့လေ.....
...နေ့ရှိသရွေ့ပိန်လာတဲ့သူ့ကိုမင်းသတိမခါးမိဘူးမဟုတ်လား...
...သူ့ရောဂါဒဏ်ကိုသူ့ဘာသာခံစားနေရတာ...
...သူ့ဘေးမှာငါတို့ရှိတာတောင်သူ့စိတ်ထဲကမင်းလောက်တောင်သူ့အတွက်အရေးမကြီးဘူး...
...မနည်းချော့ပြောလို့ဆေးပြန်သောက်လာတော့
မင်းကသူ့ကိုပြောလိုက်တာဘာတဲ့ရွံတယ်..မုန်းတယ်တဲ့လား.
...ဟမ့်..ဝမ်ရိပေါ်မင်းသူ့ကိုအာ့လိုပြောတဲ့နေ့ကသူတယောက်တည်းကြာကန်ထဲမှာထိုင်ငိုနေတာသိလား..
..ငါကပြောတော့သူ့ကိုကိုမုန်းတာခံနေရတဲ့သူ့ဘဝကဘာအဓိပ္ပာယ်မှမရှိဘူးတဲ့
သူအသက်ရှင်နေလည်းအလကားပဲမို့သေတာပဲကောင်းတယ်တဲ့
အာ့နေ့ကစပြီးဆေးဘူးမှန်သမျှသူ့အခန်းထဲကနေထုတ်ထားတာ
ဆေးမသောက်လို့သူ့ရောဂါကိုဆိုးလာတိုင်း
သူကြိတ်မှိတ်ပြီးနေနေတာ
ပြီးတော့ဝမ်ရိပေါ်မင်းသူ့အပေါ်အထင်လွဲနေတဲ့ကိစ္စ
အာ့ကိစ္စကိုသူကသိတာတောင်မဟုတ်ဘူး
ပွဲနီးခါမှသူသိတာမင်းလည်းအမြင်ပဲ
ဒါကိုကလေးကိုဘယ်လိုတေသွားလုပ်လို့
ဒီအခြေအနေထိဖြစ်သွားရတာလဲ

အေး...ငါ့သားငယ်ပြန်နိုးမလာလို့ကတော့နင်ငါ့အကြောင်းအသိပဲ
နင်မှတ်ထားဖို့ကနင်ဆိုတာသူ့ကြောင့်အသက်ဆက်ရှင်နေခဲ့တာ
သူ့ကြောင့်သာမဟုတ်ရင်နင်သောတာကြာနေပြီ..နင်သိလား'

'သားတောင်းပန်ပါတယ်မား...သူဒီလောက်ထိဖြစ်သွားမယ်မှန်းမသိလို့ပါ.....'
'..သား...သားလည်းကိုယ့်ခံစားချက်ကိုကိုယ်နားမလည်တော့ဘူး'
'စိတ်ချပါ...သားဒီရက်ရှေ့လျှောက်သူ့အပေါ်ကောင်းပါ့မယ်'
'ဒါတွေနောက်ထား...အခုသားငယ်နိုးလာဖို့ပဲဆုတောင်းထား'

ကျွန်တော်ချစ်သောကိုကို(completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα