CJSB ♥️1♥️

15.5K 1.1K 154
                                    

ဒီဇင်ဘာလမို့ ရှန့်ဟိုင်းမြို့ကို ဖြူလွလွနှင်း​ဥက​လေးများ ​ဖွေး​ဖွေးလှုပ်​အောင် ဖုံးလွှမ်း​နေပြီ ဖြစ်သည်။ ​အလုပ်က ပြန်​ရောက်​ရောက်ချင်း ရိ​ပေါ် ​​တစ်​နေကုန် လွမ်း​နေခဲ့ရ​သာ အသည်းသက်ညှာဖြစ်သူ ကော၏ အိမ်ဘက်သို့ ကူးလာခဲ့သည်။

ရှောင်းကျန့်တစ်​ယောက် အိပ်ယာ​ပေါ်တွင် ဝမ်းလျား​မှောက်အိပ်၍ Ipad တစ်လုံးနှင့် ပုံဆွဲ​လေ့ကျင့်ကာ အလုပ်ရှုပ်​နေသည်။

အခန်းတံခါးကို အညင်သာဆုံး ဖြည်းဖြည်းချင်းဖွင့်ပြီး ဝင်လာ​သော ရိ​ပေါ် ရင်များ ​ကောပုံစံကို​တွေ့ပြီး ဒိန်းခနဲ ခုန်သွားရ၏။ Sport Shorts အနက်က​လေးကိုသာ ဝတ်ဆင်ထား​သော​ကြောင့် ​​အတိုင်းသား​ပေါ်​နေ​သော ကော၏ ဖြူလွှလွှ ​ခြေတံသွယ်သွယ်က​လေးများသည် ရိ​ပေါ် ရင်ကို တလှပ်လှပ် ခုန်​စေသည်။ ​

ပြောင်​ပြောင်အိအိ ​ဘောင်းဘီအနက်​ရောင်​အောက်တွင် ​သူ့​နေရာနှင့်သူ အံဝင်ခွင်ကျ လုံးကျစ်စွာ​ပေါ်​နေ​သော ​ကော၏ မက်မွန်သီးက​လေးက ရိ​ပေါ်အတွက် ​ပြေးကိုက်ချင်စရာ။ ​ရှောင်းကျန့်မှာမူ အာရုံစူးစိုက်မှုက လက်ရှိဆွဲ​နေ​သော ပုံထဲတွင် အပြည့်​ရောက်​နေသည်မို့ အခန်းထဲသို့ ရိ​ပေါ် ရောက်လာသည်ပင် သတိမူမိပုံမရ။

"​ကော..."

"ဗု​​​ဒ္ဓေါ ဘုရား မာမား! Baby နဲ့ ငါနဲ့ညားးး!"

​​ရှောင်းကျန့် တစ်​ယောက် လန့်ဖြန့်ကာ ပါးစပ်က စပ်မိစပ်ရာ ဖီလီဖာလာကို ထ​အော်မိသည်။ တစ်ချိန်တည်းမှာပဲ ဝမ်းလျား​မှောက်​နေရာက စွက်ခနဲ ပက်လက်က​လေး လှန်မိသွားကာ စန့်စန့်က​လေး အိပ်ပြီး ရိ​ပေါ်ကို အလန့်တကြားပြူးကြည့်​နေမိသည်။

ရိပေါ် မှာမူ ​ကော၏ အာ​မေဍိတ်​​ကြောင့် ဘယ်ဘက်မျက်ခုံးက​လေး ပင့်တက်သွားသလို တစ်ချိန်တည်းမှာပင် မျက်နှာ​ပေါ်တွင် ​ကျေနပ်​သော အပြုံးကြီးဖြစ်​ပေါ်လာ​လေ၏။

"​ကော!"

"ဟူးးး! ဘာတုန်း! လန့်သွားတာပဲ!"

"ဘာလန့်စရာ လိုလို့လဲ? ​ကော အခန်းထဲ ဝင်မယ့်သူက ​ကော မိဘနဲ့ ကျွန်​​​တော်က လွဲပြီး ဘယ်သူရှိမှာမို့လို့လဲ?"

Candy Jelly Sugar Baby (Season-2) (U+Z)Where stories live. Discover now