အပိုင်း(၁၆)
Start from the beginning
ရှူသွင်း ရှူထုတ်လိုက်တာတွေက လေအစား မီးခိုးလုံးတွေက အစားထိုးဝင်ရောက်လာလေသည်။
"အဟွတ် ဟွတ် ဟွတ်!!!"
အပေါ်ထပ်ကို အပြေးတက်လိုက်ပြီး အခန်းခန်းတိုင်းကို ရှာဖွေပေမဲ့ ဘယ်မှာမှ မတွေ့၊ ထောင့်ချိုးတစ်ခုကိုအဖြတ် ဝုန်းကနဲပွင့်ထွက်လာတဲ့ တံခါးနောက် မီးတောက်တွေက ကျွန်တော်ဆီ အပြေးအလွှား။
အုန်းးးးးးးး!ဝုန်းးးးးးးး!
မြှောက်တက်သွားပြီး တစ်နေရာမှာ ပစ်ကျသွားလေသည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
"ဟော ထွက်လာပြီ ထွက်လာပြီ"
မီးသတ်သမားတွေ ကယ်ဆယ်လာတဲ့သူက အိမ်ပိုင်ရှင်အမျိုးသမီးကြီး။
Yiboရော....ဒီရောက်နေတယ်ဆိုတာ လွှတ်ထားတဲ့သူတွေကနေတဆင့် ပြောလာသည်မို့ သေချာနေပြီးသား၊ ဒါဆို မဟုတ်မှ ကြီးမေကိုကယ်မယ်ဆိုပြီး ဝင်သွားလောက်လား၊ Yibo ဆို ကျိန်းသေဝင်သွားလောက်သည်မို့။
"သခင်လေး သခင်လေး"
နောက်ပါးကနေ ဝရုန်းသုန်းကားလိုက်ဆွဲကြတဲ့ သူတွေကိုလည်း မျက်ကွယ်ပြုလိုက်သည်၊ မီးသတ်သမားတွေကပါ Xiao Zhanနောက်လိုက်လာသူတွေနဲ့ ဝရုန်းသုံးကား လုံးထွေးနေတာမို့ Xiaoလွတ်သွားလေသည်၊ Yiboဆို သွားမယ့်နေရာက တစ်နေရာတည်း ၊ အိမ်က အတော်များများ လောင်ပြီး မီးခိုးတွေ အူထွက်နေပေမဲ့ မီးသတ်သမားတွေရဲ့ ကြိုးစားမှုကြောင့် မီးညွန့်ကတော့ အတော်ကျိုးနေလေပြီ။
"ဝုန်းးးး!!!"
အနောက်တံခါးကို ပုခုံးနဲ့တိုက်ပြီး ဖွင့်ဝင်လိုက်တာကြောင့် တံခါးက ပွင့်ထွက်သွားသည်၊ အမှန်တစ်ကယ် ပိတ်ထားပုံ မရဘူးဆိုတော့ ကျိန်းသေ ဒီတံခါးကနေ Yiboဝင်သွားလိမ့်မည်။
အပြေးအလွှား မမောပန်းနိုင်အောင် ရှာလိုက်သည်၊ အသက်ရှူနှုန်းတွေ မမှန်တော့ပေမဲ့ ညီအတွက် အားတင်းထားသည်။
ကျွန်တော်ပြေးဝင်လိုက်တဲ့ဘက်က မရှာရသေးတဲ့ တစ်ခုတည်းသော အပေါ်ထပ်ကို သွားရာလမ်း။