Part 3

3.5K 222 11
                                    

Zawgyi

Part 3

" အစ်ကိုတော် ကျွန်တော်အဆောင်ကိုဘာလာလုပ်တာလဲ "

" ဘာလာလုပ်ရမှာလဲ အားယွမ့် "

" ကျွန်တော့်နာမည် စစ်ကျွေး မင်းကြီးရဲ့ ကြင်ယာတော် မင်းကြီးရဲ့အချစ်ဆုံး မရိုမသေမခေါ်နဲ့ "

" အားယွမ့် "

ကျန်းချန်အော်လိုက်သည်

" မရိုမသေမခေါ်နဲ့ အဲ့လိုခေါ်ပိုင်ခွင့်မင်းကြီးနဲ့ အစ်ကိုဝေ့ရင်းဆီမှာပဲရှီတယ်  "

" ကောင်းပြီလေ ငါပြောမယ် မင်းကြီးကို ဖြားယောင်းချင်ရင်လည်း ငါ့နဲ့နေတဲ့အပတ်မှာ ဖြားမယောင်းနဲ့  "

" ဘာဗျမင်းကြီးက ကျွန်တော့်ကိုအချစ်ဆုံးမို့ လို အမြဲတမ်း ကျွန်တော့်နားမှာ လာနေတာ ကျွန်တော့်ကိုဘာမှလာပြောစရာ မလိုဘူး  "

" မင်း! "

ဖြန်း

" ကျန်းချန်! "

ဝေ့ရင်း အားယွမ့်ကိုရိုက်နေတဲ့ ကျန်းချန်ကိုမြင်ပြီး အော်လိုက်သည်

" ခင်ဗျား! "

အားယွမ့် သူပါးကိုအရိုက်ခံလိုက်ရတာကြောင့် စိတ်တိုသွားပြီး ကျန်းချန်ခေါင်းဆောင်းကို ဖယ်ကာ ကျန်းချန်ဆံပင်ကို ဆွဲလိုက်သည်

" အားးး  "

နှစ်ယောက်သား ရုန်းရင်းဆန်ခတ်ဖြစ်နေတာကြောင့် ဝေ့ရင်း အစောင့်တွေခေါ်ပြီး လူစုခွဲခိုင်းလိုက်သည်

" တော်တော့!! "

ဝေ့ရင်းအော်လိုက်တော့ အားလုံးငြိမ်သွားသည်

" အစ်ကိုတော် ဘာဖြစ်နေတာလဲ မိဖုရားတွေသိရင် ကျွန်တော့်တို့ ကို ဘာပြောမလဲ မယ်တော်ကြီးသိရင်လည်း မကောင်းဘူး  "

" ဘာလိုငါ့ကိုပဲပြောတာလဲ ဝေ့ရင်း အငယ်ဆုံးဖြစ်ပြီး အကြီးကို ဆံပင်ဆွဲတာကို မင်းမမြင်ဘူးလား "

" အစ်ကိုတော်က အားယွမ်ကိုအရင်သွားချတာကိုး ကျွန်တော့် ဘယ်နှခါပြောရမလဲ အားယွမ့်က မင်းကြီးနဲ့ သွေးသားပတ်သတ်မှုမရှီပါဘူးလို့  အဲ့တာကို ဘာလို့ ကလေးကို အနိုင်ကျင့်နေတာလဲ "

ချစ်သောအရှင် { Unicode -ZAWGYI}Where stories live. Discover now