Part 1

5.8K 278 15
                                    

Part 1

Unicode

နန်းတွင်းဧည့်ခန်းဆောင်မှာ ကြင်ယာတော် ငါးဦး လက်ဖတ်ရည်သောက်နေစဉ်

" မင်းကြီးအာဏတော်တွေကို အကုန်လုံးကို မင်းကြီးက ပထမကြင်ယာတော်ဖြစ်တဲ့ ငါ့ကိုမလွှဲပေးပဲ ဘာလို့မင်းကိုလွှဲပေးတာလဲ ဝေ့ရင်း "

ကျန်းချန်ဒေါသကြီးစွာ ဆိုလိုက်သည်

" ရှင်းရှင်းလေးပဲဟာ ခင်ဗျားကိုမယုံပဲ အစ်ကိုတော်ဝေ့ကို ယုံလို့ပေါ့ "

" စစ်ကျွေး!! "

ကျန်းချန် စစ်ကျွေးကို ဒေါသကြီးစွာအော်လိုက်သည်

" မင်းကြီးအမိန့်တော်ပါ ခင်ဗျားအစ်ကိုဝေ့ကို ဆူစရာမလိုဘူး "

ဝမ်နင်ဆိုလိုက်သည်

" ဟုတ်တယ်မကျေနပ်ရင် မင်းကြီးကိုသွားပြောလေ"

ကျင်းရီပါပြောလိုက်တော့ ကျန်းချန်တောက်ခေါက်ပြီး အပြင်ထွက်သွားသည် ဝေ့ရင်းလည်းမင်းကြီးဘာကြောင့် ဒီလိုလုပ်လည်း နားမလည်နိုင်ဘူး

🏯🏯🏯🏯🏯ဘုရင်နန်းဆောင်

" အရှင် "

" ဝေ့ရင်းအတော်ပဲ ကိုယ်တော်မျှော်နေတာ"

လန်ကျန့်လက်ကမ်းလိုက်ပြီး ဝေ့ရင်းကို သူဘေးနားမှာ လာထိုင်စေသည် ဝေ့ရင်းလာထိုင်တာနဲ့ ဝေ့ရင်းပေါင်ပေါ်ခေါင်းပြု လှဲလိုက်သည် ဝေ့ရင်း အရှင်နဖူးကိုလက်နဲ့ထိပြီး နှိပ်ပေးနေသည်

" ကောင်းလိုက်တာ ကိုယ်တော်မျက်ရိုးကိုက်တာနေတာ ဘယ်လိုလုပ်သိလဲ "

" အရှင်ကျန်းမာရေးမကောင်းဘူးလား "

" အင်း "

" ဘုရင်နဲ့ထပ်တူညီတဲ့ အာဏာဘာလို့ကျွန်တော့်ကို ပေးတာလဲ အရှင်ကျန်းမာရေးမကောင်းလည်း တခြားသူတွေကို အပ်နှင်းသင့်တယ် "

" ဝေ့ရင်းကိုယုံတယ် ကိုယ်တော်လုပ်ရမဲ့အလုပ်တွေကို ဝေ့ရင်း ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာ ကိုယ့်ယုံတယ် "

" ကျန်းချန်လည်းလုပ်နိုင်ပါတယ် မင်းကြီး "

" သူကကိုယ်ဝန်ဆောင်ပြီး သားဦးမွေးချင်တာလေ နိုင်ငံရေးတွေ စိတ်မဝင်စားပါဘူး  "
( ယောက်ကျားလေးတွေ ကိုယ်ဝန်ဆောင်လို့ရတဲ့ Mangaကို အထူးပြုပြီး ရေးသားထားတာနော် )

ချစ်သောအရှင် { Unicode -ZAWGYI}Where stories live. Discover now