အပိုင်း ၇

Start from the beginning
                                    

ရှောင်ဟုန်ကတော့တည်ငြိမ်ချင်ယောင်ဆောင်
ကာ သိက္ခာရှိစွာစားသောက်လျက်..

သူ့ဇနီးလေးအကြောင်းကိုသိသောဝူရှဲ့မှာတော့
ပြုံးစိစိဖြင့် သာကြည့်နေသည်..

ဟွားပေါင်မှာလဲ ကလေးပုစိလေးကိုသာ
ကြည့်၍ပြုံးနေသည်..

အားလုံးသတိမထားမိသည်က ထိပ်ဆုံးတွင်
စူပုတ်ကာထိုင်နေသော မင်းကြီးဆုအိုင်ပင်

မင်းတို့ကအဲ့လိုအကြည်စိုက်နေကြတော့မှာလားငါကိုယ်တော်ကိုလည်းအားနာပါအူး

ကျန်သူအားလုံးမှာ ပြုံးစိစိလုပ်ပြလျက်

.
.
စားသောက်ပြီးမှာတော့ ဆွေးနွေးခန်းထဲ
အားလုံးထိုင်နေကြသည်...

အဟမ်း ကိုယ်တော်အခုပေးအပ်မဲ့တာဝန်တွေ
ကတော့

ဆုအိုင်ရယ် အသံနေအသံထားတွေလုပ်မနေ
ပါနဲ့ရီချင်လွန်းလို့ပါ..

ဝူရှဲ့စကားကိုကြားတော့ မင်းကြီးဆုအိုင်မှာ
ငိုရမလိုရယ်ရမလိုပင်..

ငါက ခလေးတွေရှေ့မို့ သိက္ခာတွေထိန်းမလို့
ပါဆိုကွာ..

လုပ်မနေနဲ့အရင်လိုပဲပြောစမ်းပါ

ထပ်ပြောလိုက်သူကတော့ ဟွားပေါင်ပင်

ပြီးရော အဟွန့် အခုအခြေအနေအရတော့
ဟွားပေါင်က အမတ်ကြီးတွေလူစုနေကြနေရာ
တွေနဲ့ပါဝင်တဲ့သူတွေကိုစုံစမ်းပေးရမယ်
ဝူရှဲ့ကတော့ ခါတိုင်းလိုပဲ ရှင်းပြစ်သင့်သူတွေ
ကိုရှင်းပေးယုံပဲ အခုထပ်တိုးလာတာက
ရှောင်ဟုန် အင်း ရှောင်ဟုန်က သူတို့စုလာ
ပေးသမျှသတင်းအချက်အလက်တွေနဲ့
စရင်းတွေကို သေချာပြုစုပေးရုံပဲ အခြေအနေ
မဟန်ရင်တော့ကိုယ်တိုင်စုံစမ်းသင့်တာတွေ
စုံစမ်းပေါ့ အမ် ဒါနဲ့ အဲ့ခလေးကိုကဘာခိုင်း
ဖို့လဲ....

ဆုအိုင်ကျင့်ရှန့်ကိုလက်ညိုးထိုးကာပြောခြင်းပင်

ကျွန်တော့ကိုကာကွယ်ဖို့ပါ...

ရှောင်ဟုန်အမြန်ပင်ဝင်ဖြေလိုက်သည်

မင်းကြီးဆုအိုင်ကမျက်မှောင်ကျုံလျက်..

အာ သူကငယ်ပေမဲ့ ကျွန်တော့်ထက်တော့
သိုင်းပညာကပိုမြင့်ပါတယ်

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now