အပိုင်း ၆

Start from the beginning
                                    

ဒီ ဒီလိုဆို ကိုယ်တကယ်မထိန်းနိုင်တော့ဘူး

ဟင်

ရှောင်ဟုန်ခတ္တမျှငြိမ်သွားကာ

ဘာလို့လဲ

ကိုယ့်မှာမနည်းထိန်းထားရတာ
နှစ်ပတ်ကြီးများတောင် အီးဟီးဟီး

ငိုမဲ့မဲ့ အသံနဲ့ပြောလာသော ဝူရှဲ့ကိုကြည့်ကာ
ရှောင်ဟုန်တွေဝေနေမိသည်

ဘာဖြစ်တာလဲ ရုတ်တရက်ကြီး
ဘာလို့ထငိုရတာလဲ

ကိုယ်ဒဏ်ရာရခဲ့ပြီးအပြင်းဖျားနေတာကြောင့်
ချစ်ဇနီးလေးကိုအဖျားကူးမှာစိုးလို့ မပြန်လာပဲ
နှစ်ပတ်ကြီးတောင် စစ်စခန်းမှာနေခဲ့ရတာ

ဟင်

ဟုတ်တယ် အခုလဲသိပ်မသက်သာတေးတာမို့
ရှောင်နေတာကို ခုလိုကြီးလာစွဲဆောင်နေတော့
ကိုယ်ဘယ်လိုနေနိုင်တော့မလဲ

ဟို ငါ ငါထင်တာက မင်း
ငါ့ကိုစားလို့ဝပြီး မေ့သွားပြီလို့

ဟာမဖြစ်နိုင်တာ ကိုယ်ဒီလောက်မှချစ်တာကို
ပြစ်သွားစရာလား ဇနီးလေးရယ်

ငါ ငါလေ

ဘာလဲ ဇနီးလေးက ကိုယ့်ကိုလွမ်းနေတာပေါ့

ဟို အဲ့ဒါက

ဘယ်လိုလဲ ကိုယ့်ကို အရမ်းလွမ်းနေတယ်မလားဟင် ပြောပါအုံး

ငါ ငါလေ ဟို အဲ့တာက အလွမ်းဆို
ငါတကယ်လွမ်းတယ် သိလား

တကယ်ပေါ့ ပျော်လိုက်တာ ချစ်တယ်
ဟုန်အာလေး

ဝူရှဲ့ရှောင်ဟုန်အား ဖက်ထားလိုက်သည်

ငါ ငါလည်း ချစ်

ဟင် တ တကယ်လား

ဘာလဲ ငါဘာမှမပြောရတေးဘူး

ဇနီးလေးပဲ ကိုယ့်ကိုချစ်တယ်ဆို

ဘယ်မှာပြောလို့လဲ ငါအဆုံးထိတောင်
မပြောရတေးဘူးလေ

အင်း အာ့ဆိုပြောလေ

မပြောဘူး တော်ပြီ
သွားအိပ်တော့မယ် ဟွန့်

ချစ်ဇနီးလေး စောင့်နေနော်
ကိုကိုရေချိုးပြီးလာခဲ့မယ်

ယီး ကိုကိုပါလား ရွံစရာကြီး

ဟီးဟီး

ရှောင်ဟုန်ရှက်ရမ်းရမ်းကာ
ပြေးထွက်သွားတော့သည် ....

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now