"Hello" ဟူသောဒေါ်နန်းသီ၏အသံပေါ်လာလေသည်..
"အန်တီနန်း..ကျနော်ဒီရေ ပါ.."
"ဟုတ်ကဲ့..ဆရာလေးဒီရေ..ဘာကိစ္စများရှိလို့လဲရှင့်နားရက်ကြီးကို.."
"ဟို..Rhymeနေပြန်ကောင်းပြီလား..သက်သာရဲ့လားသိချင်လို့ပါ.."
"သက်သာသွားပါပြီ
အခုတောင်အပြင်သွားချင်တယ်ဆိုပြီး ဂျီကျနေလို့ ခဏဘဲရမယ်ဆိုပြီး လွှတ်လိုက်တယ်''"aww...ဟုတ်ကဲ့..1st pretest စာမေးပွဲလည်းနီးပြီဆိုတော့နေမကောင်းအကြာကြီးဖြစ်နေမှာစိတ်ပူလို့ပါ..ကျနော်လည်းမနက်ဖြန်guideအတန်းယူပေးပါ့မယ်"
"ဟုတ်ကဲ့ပါ..ဆရာလေးရယ်..ဒီနေ့နားရက်လေးကိုဆရာလေးအေးအေးဆေးဆေးနားပါ..သားRhymeကို ဆရာလေးဖုန်းဆက်မေးတဲ့အကြောင်းအန်တီပြောပြ~~~~"
ဒေါ်နန်းသီ စကားပင်မဆုံးလိုက်..ဒီရေတစ်ယောက်ကပျာကယာဖြင့်
"ရ ရပါတယ်.အန်တီ..သူ့ကိုမပြောပါနဲ့တော့..ကျနောက်ကဒီတိုင်းသတင်းလှမ်းမေးရုံပါ"
"အေးပါကွယ်.ဒါဆိုဒါပဲနော်."
"ဟုတ်ကဲ့ခင်ဗျ.."
ဒီရေလည်းphချပြီး phကိုsilent modeသို့ပြောင်းကာစားပွဲပေါ်ပြန်တင်ထားလိုက်သည်..ထို့နောက်ခုတင်ခေါင်းရင်းရှိဖတ်လက်စ ဆရာချစ်ဦးညို ရဲ့ လင်္ကာဒီပချစ်သူ စာအုပ်လေးကိုယူကာ စာမျက်နှာမှတ်ထားသောဖဲကြိုးလေးရှိရာကိုလှန်လိုက်ပြီး စာဆက်ဖတ်နေလေသည်....
္က္ကဤစာအုပ်ကိုဒီရေ ဖတ်တာ၂ကြိမ်မကတော့...ကြိုက်လွန်း၍ပြန်ပြန်ဖတ်ဖြစ်သည်..ဒီရေ့ အတွက်တော့ဘယ်တော့ဖတ်ဖတ်မရိုးနိုင်သောစာအုပ်လေးပင်....အချိန်အတော်ကြာဒီရေ စာဖတ်နေရင်း အိမ်ရှေ့ကဆိုင်ကယ်ဟွန်းတီးသံကြား၍ထွက်ကြည့်တော့ ဟိုအရစ်ကောင်လျှမ်းလေး...
ဒင်း မနေ့ကမလာမိစေနဲ့ပြောတာကိုရောက်အောင်လာတယ်။
ဒင်းနဲ့ကိုယ်နဲ့တွေ့ပြီ...
နာရီကြည့်လိုက်တော့နေ့လယ်၂နာရီခွဲ...
YOU ARE READING
CAN I............(Completed!)
Tilfeldigဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕
part 9(Unicode)
Start from the beginning