ဆံပင်နက်ထဲမှာ တစ်ချောင်းစနှစ်ချောင်းစ ထိုးထွက်နေတဲ့ ဆံပင်ဖြူလေးတွေရယ် ...
မျက်နှာတွေကျသွားပြီး ချိုင့်နေတဲ့မျက်တွင်းတွေရယ် ~
ပိန်ကျသွားတဲ့ခန္ဓာကိုယ်ရယ်အကုန်လုံးကိုခြုံကြည့်လိုက်တဲ့အခါ JongIn သည် လူမမာတစ်ယောက်ပင် ...
နှလုံးရောဂါ နောက်ဆုံးအဆင့်ဆိုတဲ့ ဆရာဝန်ရဲ့စကားကြောင့် KyungSoo မယုံကြည်ပဲ ထပ်ခါတလဲလဲ ပြန်စစ်ခိုင်းခဲ့ပေမယ့် "လူနာကိုယ်တိုင်လက်ခံထားပါတယ် " ဆိုတဲ့ စကားကြောင့် KyungSoo လက်လျှော့ခဲ့လိုက်သည်။
လက်လေးတစ်ဖက်ကိုဆုပ်ကိုင်ထားပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ JongIn ရဲ့ ပါးပြင်လေးကို ဖွဖွလေးကိုင်ရင်း
ငိုနေမိသည်။"Appa "
Taemin က KyungSoo ရဲ့ ပခုံးလေးကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်ပြီး မငိုဖို့ပြောပေမယ့် KyungSoo က တော့ ပို၍သာငိုနေတော့သည်၊
ငိုလို့ပင်ပန်းပြီး အိပ်ပျော်သွားတဲ့ KyungSoo ကို
Taemin က စောင်လေးခြုံပေးလိုက်ပြီး မလှမ်းမကမ်းမှာရှိတဲ့ လူနာစောင့်အိပ်တဲ့ ကုတင်ပေါ်က်ု ပြောင်းပေးလိုက်သည်၊အောက်ဆီဂျင်ပိုက်နဲ့ အသက်ပုံမှန်ရှူနေတဲ့ JongIn ကို ကြည့်ပြီး မျက်ရည်တွေကျလာသည်။
"အဲ့တာကြောင့်လား ... အဲ့နည်းနဲ့ ကျွန်တော်နဲ့ Appa အပ်ါမှာ တင်နေတဲ့အကြွေးကို ဆပ်လိုက်တာလား ... ဘယ်သူက ခွင့်ပြုလို့ ဒီလိုရောဂါဖြစ်ရတာလဲ ဟမ် ... အခုချက်ချင်းထပြီး ကျွန်တော်နဲ့ ကျွန်တော့် Appa ကျေနပ်တဲ့အထိ .. ခွင့်လွှတ်တဲ့အထိ တောင်းပန်ပါ .... ဒီလိုပုံစံမျိုးနဲ့
ထားမသွားပါနဲ့ ... Appa ကို နောက်တစ်ခါထပ်ပြီး ထားမသွားပါနဲ့ ... "ခပ်တိုးတိုးပြောနေရင်းနဲ့ မျက်ရည်တွေကို မထိန်းနိုင်တော့တာကြောင့် အခန်းအပြင်ကိုထွက်ရင်း စိတ်လွတ်လက်လွတ် ငိုနေလိုက်သည်၊
JongIn ရဲ့ လက်ချောင်းလေးတွေ လှုပ်သွားသည်ကိုတော့ Taemin မမြင်လိုက် ...