__________________________________
__________________________________
သေချာတယ်၊ အာ့ကလေးမှ အာ့ကလေးဘဲ၊ ဒါ ဒါပေမဲ့ သူက သူက သေဆုံးခဲ့ပြီးသား မဟုတ်ဘူးလား၊ ဘာလို့ ဘာလို့ အသက်ရှက်လျှက်ရှိနေရတာလဲ၊ မဟုတ်ဘူး မဟုတ်ဘူး သူကသိပ်ငယ်လွန်းတယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကအတိုင်းပဲ ရုပ်ရည်သွင်ပြင်က မပြောင်းလဲဘူး၊ ငါ ငါ အမြင်မှားတာလား၊ ငါ့ကိုလက်စားချေဖို့ ပြန်လာတာလား၊ မင်းကိုသေစေချင်ခဲ့တာမှမဟုတ်ဘဲ၊ ငါ သေစေချင်ခဲ့တာလည်း မဟုတ်ရပါဘူး၊ ငါ့အစ်ကိုကြီးကို မနာလိုလို့၊ ပါးရဲ့အချစ်တွေကို ငါမရခဲ့လို့ ငါ့မနာလိုမှုတွေကြောင့် Zhan Zhanကို ထိခိုက်ဒဏ်ရာရအောင် လုပ်မိယုံလေးပါ၊ ဒါပေမဲ့ ဘာလို့လဲ ဘာလို့ Xiao Zhanမဟုတ်ပဲ မင်းဖြစ်သွားရတာလဲ၊ ငါမရည်ရွယ်ဘူး မဟုတ်ဘူး သွား သွား သွား၊ ငါမသတ်ဘူး........။
"ဒေါက် ဒေါက် ဒေါက်!!!"
တံခါးခေါက်သံကြောင့် လူကလန့်ဖြန့်နိုးလာရပေမဲ့ အိပ်မက်ယောင်နေတာက တစ်ကယ်လိုပင်။
Las Vegasမှာ ပထမဆုံးတွေ့ဖြစ်ခဲ့တဲ့ အသေးစား တိုက်ခိုက်မှုထဲက ကောင်လေးက အိပ်မက်ထဲထိ လိုက်ပါလာသည်။
ကျွန်တော်စေခိုင်းလိုက်လို့ Zhan Zhanအစား သေဆုံးခဲ့တဲ့ Shinဆိုတဲ့ကောင်လေးနဲ့ သိပ်တူတယ်၊ ချွတ်ပြီးစွပ်ထားတဲ့ အတိုင်းပဲ။
"ဘယ်သူလဲ"
"ကျွန်တော်ပါ ဆရာ"
ဂျောက်!!!သတင်းစုံစမ်းခိုင်းထားတဲ့ တပည့်တစ်ယောက် ရောက်လာတာမို့ တစ်ခုခုတော့ထူးလောက်သည်။
"ကဲ ဆို"
"သူဌေးကြီးက ဘာမှမလှုပ်ရှားဘူး၊ သူဌေးလေးဘက်ကတော့ လှုပ်ရှားမှုရှိပေမဲ့ ခုတစ်လော ဆေးရုံကိုပဲ ဝင်ထွက်နေတယ်၊ ဒါပေမဲ့ လူတစ်စုကတော့ ဆိပ်ကမ်းမှောင်ခို အဝင်အထွက်တွေကအစ စောင့်ကြည့်နေတယ် ပြည်တွင်းပြည်ပ လေကြောင်းကုန်းကြောင်းမကျန် အကုန်စစ်ဆေးနေတယ်၊ ကျွန်တော်အထင် Wangအိမ်က လူတွေလို့ထင်ပါတယ် ဆရာ"
"အေး ဆေးရုံသတင်းကရော"
"မနက်ဖြန်ညနေ ဆင်းမယ်လို့ကြားပါတယ်"