သော်တာအေးလဲ့ - မနက်ဖြန်မှ ပြုံးတော့မယ်

Start from the beginning
                                    

ဝတ္ထုကို ဖတ်ပြီးပြီးချင်းမှာ စာအုပ်အဖုံးကို တစိမ့်စိမ့်ကြည့်ရင်း သဘောတွေကျမိတယ်။ လိုက်ဖက်လိုက်တာ။ စာအုပ်အဖုံးဟာ ဝတ္ထုကိုဖတ်ပြီးကာမှ အသက်ဝင်လာတယ်။ လေဟာနယ်တစ်ခုကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားပြီး ပြုံးနေတဲ့ မိန်းမဟာ စိမ့်လား။

တစ်အုပ်လုံးမှာ သော်တာအေးလဲ့ဟာ ဇာတ်ကောင်စိမ့်ကို တစ်ချက်ကလေးမှ အနားမပေးခဲ့ဘူး။ စိတ်သက်သာမှုဆိုတာ မရှိခဲ့ဘူး။ စာမျက်နှာတွေရှေ့ရောက်လေ စိမ့်ရဲ့ရင်ထဲကို တဖြည်းဖြည်းနဲ့ တူးဆွမိလေ၊ ဘယ်လောက်တောင် နက်ရှိုင်းလဲဆိုတာ မြင်ရလေ။ စိတ်ဝေဒနာတစ်ခုကို ရုပ်လုံးပေါ်အောင် စိတ်ရှည်ရှည်နဲ့ ပုံဖော်တယ်။ စာဖတ်သူဟာလည်း တစ်နေရာမှ အနားယူလို့ရတယ်မရှိပဲ ဇာတ်ကောင်နဲ့အတူ မောလိုက်၊ အံ့သြလိုက်။ စိမ့်ကလေးတော့ နောက်ဆုံးသစ်ရွက်ကို ဆုပ်ကိုင်မိပြီဟဲ့လို့ တွေးလိုက်မိပေမယ့် အဲ့ဒီ့နောက်ဆုံးသစ်ရွက်မှာပဲ စိမ့်ရဲ့ စိတ်ရောဂါဟာ ဘွားခနဲပေါ်လာတယ်။ Psychology terms အခေါ်အဝေါ်တွေပါပေမယ့် မရှုပ်ထွေးဘူး။ ရှုင်းလင်းနေအောင်ရေးထားတယ်။ စိမ့်ရဲ့ ကိုယ်ခန္ဓာ အထူးသဖြင့် စိတ်အခြေအနေကို စာဖတ်သူနားလည်အောင် အစကနေ ဆွဲခေါ်သွားတာကို အရမ်းသဘောကျတယ်။ တစ်ဖက်မှာလည်း မွန်းမောရတာပေါ့။

ဝတ္ထုတစ်အုပ်လုံးမှာ အနုအယွတွေမပါဘူး။ စိတ်သက်သာစရာနေရာ မရှိဘူး။ ပျော်စရာမပါဘူး။ ဒါပေမယ့် သော်တာအေးလဲ့ရဲ့ တင်ပြမှုပုံစံကို အရမ်းသဘောကျတယ်။ သူက စိတ်ရှည်သလို စာဖတ်သူကလည်း စိတ်ရှည်မှရမယ်။ ဝတ္ထုကို စကောက်ကိုင်ကိုင်ချင်း ဘာဆိုတာ သေချာသိမှာ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း တစ်လှမ်းချင်းဆွဲခေါ်သွားတယ်။ စိတ်ပညာအကြောင်းအရာတွေလည်း ပါတာမို့ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။

စိမ့်တစ်ယောက် မနက်ဖြန်ကျရင်တော့ ပြုံးနိုင်ပါစေ...

Unicode

သော်တာအေးလဲ့ဆိုတာက ဒီဘက်နောက်ပိုင်းမှ ပေါ်လာတဲ့ ကလောင်အသစ်တစ်ချောင်းပါပဲ။ ဒီစာအုပ်အရှေ့မှာ လရိပ်ပိုးမျှင်ဆိုတဲ့ တစ်အုပ်ရှိပြီး အဲ့စာအုပ်ကလည်း ကောင်းတယ်ပြောတယ်။ ကြားတော့မကြားဖူးခဲ့ပါဘူး။ ဒါပေမယ့် ဒီစာအုပ်လေးကို ဝယ်လိုက်ရခြင်းက စာအုပ်အဖုံးကြောင့်ပါ။ စာအုပ်အဖုံးက The KISS ဆိုတဲ့ ပန်းချီကားကို မှီငြမ်းပြီး ဝတ္ထုနဲ့ လိုက်ဖက်အောင် သေချာပြောင်းလဲပြင်ဆင်ထားတယ်လို့ ထင်ပါတယ်။ ဝတ္ထုကိုဖတ်မိမှ မျက်နှာဖုံးပန်းချီကို နားလည်ပါလိမ့်မယ်။

စာအုပ်စင်Where stories live. Discover now