လင္းခါး - ေရေသအိုင္

2K 57 0
                                    

လင္းခါးဆိုတ့ဲ နာမည္ကို အခုမွ ၾကားဖူးတယ္ဆိုတာ ဝန္ခံပါတယ္။ ဒီစာအုပ္ကို ျမင္တုန္းက ေမာ္ဒန္ဝတၳဳတိုမ်ားလား ကဗ်ာလားလို႔လည္း ထင္မိတယ္။ အ့ဲဒါေၾကာင့္ review ေတြတက္လာလည္း မဖတ္ပဲ ေက်ာ္သြားတာပဲ။ ဒါေပမယ့္ ၿပီးခ့ဲတ့ဲ အပတ္ကမွ စာအုပ္ဆိုင္ေရာက္ျဖစ္လို႔ ေကာက္ကိုင္ၿပီး လွန္ေလွာၾကည့္မိမွ စိတ္ဝင္စားၿပီး ဝယ္ၿပီးၿပီးခ်င္း တစ္ထိုင္တည္း အၿပီးဖတ္ျဖစ္ခ့ဲတာပါ။

ဒီစာအုပ္က စာဖတ္သူကို ေက်နပ္အားရေစတ့ဲ ခံစားမႈမ်ိဳး ဒါမွမဟုတ္လည္း ၿငိဳးငယ္ဝမ္းနည္းေစတ့ဲ ရသမ်ိဳး တစ္ခုမွ ေပးမွာ မဟုတ္ဘူး။ ဒါေပမယ့္ ဪ.. ဘဝေတြဆိုတာလည္း ဒီလိုမ်ိဳးရွိတာပဲဆိုတ့ဲ သံေဝဂတစ္ခုေတာ့ ရသြားေစမယ္လို႔ ထင္တယ္။ တစ္အုပ္လံုးမွာ plot twist ေတြ ဘာမွ သံုးမထားဘူး။ သူငယ္ခ်င္းေလးေယာက္ရဲ႕ လက္ဖက္ရည္ဆိုင္မွာ တစ္ခါတစ္ရံဆံုၾကတယ္။ ၿပီးေတာ့ သူတို႔ဘဝေတြကို အနီးစပ္ဆံုးခ်ဥ္းကပ္ျပထားတယ္။ စာဖတ္သူအေနနဲ႔ ႐ုပ္ရွင္ကားတစ္ကားၾကည့္ရသလိုပဲ။ ေနာက္ၿပီး ဒီဘက္ေခတ္ကာလနဲ႔ နည္းနည္းလည္း နီးစပ္ေတာ့ ျမင္လို႔ရတယ္။ ေတြးလို႔ရတယ္။ ပံုေဖာ္ၾကည့္လို႔ရတယ္။

တစ္အုပ္လံုး ၿပီးသြားတ့ဲအခါ သက္ျပင္းရွည္တစ္ခုပဲ ခ်ႏိုင္တယ္။ အျပင္မွာ စာအုပ္ထဲက ဘဝေတြ တကယ္ရွိတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဘာမွမလုပ္ႏိုင္ဘူး။ ဘာမွမတတ္ႏိုင္ဘူး။ အနည္းဆံုးေတာ့ စာဖတ္သူဟာ ကိုယ္မရင္းႏွီးတ့ဲ အလႊာတစ္ခုကို ဇာတ္ေကာင္ေတြနဲ႔အတူ စီးေမ်ာမိသြားမွာေတာ့ အေသခ်ာ။ လူ႔ပတ္ဝန္းက်င္ အသိုင္းအဝိုင္းရဲ႕ အျပစ္တစ္ခု ရွက္စရာတစ္ခုလို႔ သတ္မွတ္ထားတ့ဲအရာေတြက အ့ဲဒီ့ေအာက္ဆံုးအလႊာမွာက် သူလည္း သူ႔အေၾကာင္းနဲ႔သူဆိုတာ ေတြးမိတယ္။ အျပစ္တင္စရာကေတာ့ ဆိုးရြားတ့ဲ စနစ္ဆိုးလို႔ပဲ ဆိုရေတာ့မယ္။

တစ္အုပ္လံုးကို ေပါ့ေပါ့ပါးပါးေလးနဲ႔ ဖတ္လို႔ရတယ္။ ေလွာင္ပိတ္ေနတာမ်ိဳး၊ ယူက်ံဳးမရျဖစ္တာမ်ိဳး မရွိေပမယ့္ ေလာကႀကီးက ဒီလိုပါလား၊ ဘဝေတြက ဒီလိုလည္းရွိပါလားဆိုတာကိုေတာ့ ေသခ်ာေပါက္ ဆင္ျခင္မိမွာပဲ။

လင္းခါးရဲ႕ တင္ဆင္ပံုကလည္း ရွင္းလင္းတယ္။ ျပတ္သားတယ္။ ဝါက်တိုေတြနဲ႔ဆိုေတာ့ နားလည္ရလြယ္တယ္။ ရပ္ကြက္ထဲကအသံုးအနႈန္းေပမယ့္ ရင့္သီးတာမရွိဘူး။ တစ္ခါတစ္ေလ ရယ္ရတယ္။ ဇာတ္ေကာင္ေတြကိုယ္တိုင္က မြဲျပာေတေလေနေပမယ့္ တစ္ခါတစ္ေလ ခ်စ္စရာေကာင္းတယ္။ ေနာက္ၿပီး သံေဝဂရစရာလည္း ေကာင္းတယ္။ လံုးဝ ဖတ္သင့္တ့ဲ စာအုပ္တစ္အုပ္လို႔ ျမင္ပါတယ္။ လင္းခါးကိုေတာ့ ဒီတစ္အုပ္ဖတ္ဖူးၿပီး ဒီတစ္အုပ္နဲ႔တင္ အရမ္းႀကိဳက္မိသြားပါတယ္။

Unicode

လင်းခါးဆိုတဲ့ နာမည်ကို အခုမှ ကြားဖူးတယ်ဆိုတာ ဝန်ခံပါတယ်။ ဒီစာအုပ်ကို မြင်တုန်းက မော်ဒန်ဝတ္ထုတိုများလား ကဗျာလားလို့လည်း ထင်မိတယ်။ အဲ့ဒါကြောင့် review တွေတက်လာလည်း မဖတ်ပဲ ကျော်သွားတာပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်ကမှ စာအုပ်ဆိုင်ရောက်ဖြစ်လို့ ကောက်ကိုင်ပြီး လှန်လှောကြည့်မိမှ စိတ်ဝင်စားပြီး ဝယ်ပြီးပြီးချင်း တစ်ထိုင်တည်း အပြီးဖတ်ဖြစ်ခဲ့တာပါ။

ဒီစာအုပ်က စာဖတ်သူကို ကျေနပ်အားရစေတဲ့ ခံစားမှုမျိုး ဒါမှမဟုတ်လည်း ငြိုးငယ်ဝမ်းနည်းစေတဲ့ ရသမျိုး တစ်ခုမှ ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ဪ.. ဘဝတွေဆိုတာလည်း ဒီလိုမျိုးရှိတာပဲဆိုတဲ့ သံဝေဂတစ်ခုတော့ ရသွားစေမယ်လို့ ထင်တယ်။ တစ်အုပ်လုံးမှာ plot twist တွေ ဘာမှ သုံးမထားဘူး။ သူငယ်ချင်းလေးယောက်ရဲ့ လက်ဖက်ရည်ဆိုင်မှာ တစ်ခါတစ်ရံဆုံကြတယ်။ ပြီးတော့ သူတို့ဘဝတွေကို အနီးစပ်ဆုံးချဉ်းကပ်ပြထားတယ်။ စာဖတ်သူအနေနဲ့ ရုပ်ရှင်ကားတစ်ကားကြည့်ရသလိုပဲ။ နောက်ပြီး ဒီဘက်ခေတ်ကာလနဲ့ နည်းနည်းလည်း နီးစပ်တော့ မြင်လို့ရတယ်။ တွေးလို့ရတယ်။ ပုံဖော်ကြည့်လို့ရတယ်။

တစ်အုပ်လုံး ပြီးသွားတဲ့အခါ သက်ပြင်းရှည်တစ်ခုပဲ ချနိုင်တယ်။ အပြင်မှာ စာအုပ်ထဲက ဘဝတွေ တကယ်ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး။ ဘာမှမတတ်နိုင်ဘူး။ အနည်းဆုံးတော့ စာဖတ်သူဟာ ကိုယ်မရင်းနှီးတဲ့ အလွှာတစ်ခုကို ဇာတ်ကောင်တွေနဲ့အတူ စီးမျောမိသွားမှာတော့ အသေချာ။ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ အပြစ်တစ်ခု ရှက်စရာတစ်ခုလို့ သတ်မှတ်ထားတဲ့အရာတွေက အဲ့ဒီ့အောက်ဆုံးအလွှာမှာကျ သူလည်း သူ့အကြောင်းနဲ့သူဆိုတာ တွေးမိတယ်။ အပြစ်တင်စရာကတော့ ဆိုးရွားတဲ့ စနစ်ဆိုးလို့ပဲ ဆိုရတော့မယ်။

တစ်အုပ်လုံးကို ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်လို့ရတယ်။ လှောင်ပိတ်နေတာမျိုး၊ ယူကျုံးမရဖြစ်တာမျိုး မရှိပေမယ့် လောကကြီးက ဒီလိုပါလား၊ ဘဝတွေက ဒီလိုလည်းရှိပါလားဆိုတာကိုတော့ သေချာပေါက် ဆင်ခြင်မိမှာပဲ။

လင်းခါးရဲ့ တင်ဆင်ပုံကလည်း ရှင်းလင်းတယ်။ ပြတ်သားတယ်။ ဝါကျတိုတွေနဲ့ဆိုတော့ နားလည်ရလွယ်တယ်။ ရပ်ကွက်ထဲကအသုံးအနှုန်းပေမယ့် ရင့်သီးတာမရှိဘူး။ တစ်ခါတစ်လေ ရယ်ရတယ်။ ဇာတ်ကောင်တွေကိုယ်တိုင်က မွဲပြာတေလေနေပေမယ့် တစ်ခါတစ်လေ ချစ်စရာကောင်းတယ်။ နောက်ပြီး သံဝေဂရစရာလည်း ကောင်းတယ်။ လုံးဝ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ မြင်ပါတယ်။ လင်းခါးကိုတော့ ဒီတစ်အုပ်ဖတ်ဖူးပြီး ဒီတစ်အုပ်နဲ့တင် အရမ်းကြိုက်မိသွားပါတယ်။

စာအုပ္စင္Where stories live. Discover now