Intro

1.5K 53 4
                                    

မဂၤလာပါ DAUM ပါ

အရမ္းႀကီး အဆက္ျပတ္သြားခ့ဲၾကတယ္ေနာ္။ စာေတြမေရးေတာ့ဘူးလို႔ ေျပာရမွာေတာင္ အားနာပါတယ္။ တကယ္လည္း မေရးျဖစ္ေတာ့ပါဘူး။ ဒါေပမယ့္ ဒီရက္ပိုင္းမွာ DAUM ပံုမွန္လုပ္ျဖစ္ေနတာကေတာ့ စာဖတ္ျခင္းပါ။ စာဖတ္တယ္လို႔ေျပာျခင္းဟာ DAUM ကို အထင္ႀကီးဖို႔ ေျပာတာမဟုတ္ေၾကာင္း စကားခံထားပါရေစေနာ္။ DAUM က အခ်ိန္ေတြကုန္ခ်င္လို႔ပဲျဖစ္ျဖစ္၊ ဝမ္းနည္းလို႔ပဲျဖစ္ျဖစ္၊ တစ္ခုခုကို ေခတၱေမ့ခ်င္လို႔ပဲျဖစ္ျဖစ္ စာဖတ္ပါတယ္။ DAUM က စာဖတ္ကၽြမ္းက်င္မဟုတ္ပါဘူး။ ပညာရွင္လည္းမဟုတ္ပါဘူး။ ဒီတိုင္း စာဖတ္ေနျခင္းပဲျဖစ္ပါတယ္။ စာအုပ္တစ္အုပ္ကို ဖတ္ရာမွာ ဒီစာအုပ္ထဲက ငါဘာရမလဲဟ့ဲဆိုတ့ဲ စိတ္နဲ႔ဖတ္တာမဟုတ္ပဲ စာဖတ္ရတာကို ႀကိဳက္လို႔ပဲ ဖတ္ေနတာမို႔ DAUM ဖတ္တ့ဲ စာအုပ္ေတြဟာ ဟိုတစ္စဒီတစ္စ ျပန္႔က်ဲေနပါလိမ့္မယ္။ ေနာက္ၿပီး DAUM က စာေရးသူကို မေရြးသလို စာအုပ္အမ်ိဳးအစားလည္း မေရြးပါဘူး။ DAUM က စာဖတ္ရတာကိုပဲ သေဘာက်တာမို႔ စာကိုပဲ ဖတ္ပါတယ္။

ဒီ Album ေလး လုပ္ရျခင္းက DAUM ဖတ္ျဖစ္ေနတ့ဲ စာအုပ္ေတြ၊ စာအုပ္အေၾကာင္းအနည္းငယ္ (spoil မိခ်င္မိႏိုင္) ေနာက္ၿပီး DAUM ရဲ႔ အျမင္အေတြးေလးေတြ sharing လုပ္ခ်င္တ့ဲ ရည္ရြယ္ခ်က္တစ္ခုတည္းပဲျဖစ္ပါတယ္။ အျမင္မတူရင္ ေဆြးေႏြးႏိုင္ပါတယ္။ ဒီေလာက္ပါပဲ။

ႀကိဳတင္ သတိေပးခ်င္တာက DAUM က စာအုပ္တစ္အုပ္ကို spoil မိတာလည္း ျဖစ္ခ်င္ျဖစ္ႏိုင္သလို ကိုယ္တိုင္က ဂု႐ုႀကီးမဟုတ္တ့ဲအတြက္ pro ဆန္ဆန္ သံုးသပ္ျပမွာလည္း မဟုတ္ပါဘူး။ DAUM ဒီစာအုပ္ကို ဖတ္တယ္ အေၾကာင္းအရာက ဒီေလာက္၊ DAUM က ဒါေတြေတြးမိတယ္၊ personally အရ ဘယ္လိုခံစားရတယ္ ဒါကိုပဲ ေျပာသြားမွာပါ။

သေဘာမက်ရင္ ေရွ႕ဆက္မဖတ္မိဖို႔ သတိေပးပါတယ္ေနာ္။ ျငင္းခုန္ရတာေတြ DAUM မလုပ္၊ လုပ္ရင္ DAUM မဟုတ္။

ဒီေလာက္ဆိုရင္ အားလံုးနားလည္ေလာက္ၿပီထင္ပါတယ္ေနာ္။ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ေရွ႕ဆက္ၿပီးဖတ္ေပးၾကပါဦးလို႔ 😘

Unicode

မင်္ဂလာပါ DAUM ပါ

အရမ်းကြီး အဆက်ပြတ်သွားခဲ့ကြတယ်နော်။ စာတွေမရေးတော့ဘူးလို့ ပြောရမှာတောင် အားနာပါတယ်။ တကယ်လည်း မရေးဖြစ်တော့ပါဘူး။ ဒါပေမယ့် ဒီရက်ပိုင်းမှာ DAUM ပုံမှန်လုပ်ဖြစ်နေတာကတော့ စာဖတ်ခြင်းပါ။ စာဖတ်တယ်လို့ပြောခြင်းဟာ DAUM ကို အထင်ကြီးဖို့ ပြောတာမဟုတ်ကြောင်း စကားခံထားပါရစေနော်။ DAUM က အချိန်တွေကုန်ချင်လို့ပဲဖြစ်ဖြစ်၊ ဝမ်းနည်းလို့ပဲဖြစ်ဖြစ်၊ တစ်ခုခုကို ခေတ္တမေ့ချင်လို့ပဲဖြစ်ဖြစ် စာဖတ်ပါတယ်။ DAUM က စာဖတ်ကျွမ်းကျင်မဟုတ်ပါဘူး။ ပညာရှင်လည်းမဟုတ်ပါဘူး။ ဒီတိုင်း စာဖတ်နေခြင်းပဲဖြစ်ပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ရာမှာ ဒီစာအုပ်ထဲက ငါဘာရမလဲဟဲ့ဆိုတဲ့ စိတ်နဲ့ဖတ်တာမဟုတ်ပဲ စာဖတ်ရတာကို ကြိုက်လို့ပဲ ဖတ်နေတာမို့ DAUM ဖတ်တဲ့ စာအုပ်တွေဟာ ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေပါလိမ့်မယ်။ နောက်ပြီး DAUM က စာဖတ်သူမရွေးသလို စာအုပ်အမျိုးအစားလည်း မရွေးပါဘူး။ DAUM က စာဖတ်ရတာကိုပဲ သဘောကျတာမို့ စာကိုပဲ ဖတ်ပါတယ်။

ဒီ Album လေး လုပ်ရခြင်းက DAUM ဖတ်ဖြစ်နေတဲ့ စာအုပ်တွေ၊ စာအုပ်အကြောင်းအနည်းငယ် (spoil မိချင်မိနိုင်) နောက်ပြီး DAUM ရဲ့ အမြင်အတွေးလေးတွေ sharing လုပ်ချင်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းပဲဖြစ်ပါတယ်။ အမြင်မတူရင် ဆွေးနွေးနိုင်ပါတယ်။ ဒီလောက်ပါပဲ။

ကြိုတင် သတိပေးချင်တာက DAUM က စာအုပ်တစ်အုပ်ကို spoil မိတာလည်း ဖြစ်ချင်ဖြစ်နိုင်သလို ကိုယ်တိုင်က ဂုရုကြီးမဟုတ်တဲ့အတွက် pro ဆန်ဆန် သုံးသပ်ပြမှာလည်း မဟုတ်ပါဘူး။ DAUM ဒီစာအုပ်ကို ဖတ်တယ် အကြောင်းအရာက ဒီလောက်၊ DAUM က ဒါတွေတွေးမိတယ်၊ personally အရ ဘယ်လိုခံစားရတယ် ဒါကိုပဲ ပြောသွားမှာပါ။

သဘောမကျရင် ရှေ့ဆက်မဖတ်မိဖို့ သတိပေးပါတယ်နော်။ ငြင်းခုန်ရတာတွေ DAUM မလုပ်၊ လုပ်ရင် DAUM မဟုတ်။

ဒီလောက်ဆိုရင် အားလုံးနားလည်လောက်ပြီထင်ပါတယ်နော်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ရှေ့ဆက်ပြီးဖတ်ပေးကြပါဦးလို့ 😘

စာအုပ္စင္Donde viven las historias. Descúbrelo ahora