အပိုင်း(၃)

Start from the beginning
                                    

"အင်း--အင်း ကောင်းတယ်။ Arthit က လိမ္မာတယ်."

"လိမ္မာတာမဟုတ်ပါဘူး မမရာ.။ဒီကောင်လေး ခပ်အေးအေးနဲ့ထင်ရာစိုင်းလေးပါ."

ဒီလိုဆိုတော့ မယ်မယ်က ရယ်သည်။ သားကြီးနှင့်သားငယ် အတူတူပင်ဆိုသော်ငြား သားငယ်အပေါ်အနည်းငယ်လေးတော့ ပိုချစ်မြတ်နိုးသည်ထင်ပါ၏။ Arthit အကြောင်းပြောလျှင်ဆို မယ်မယ်သည် ပြုံးနေတတ်သေးသည်။

"အေး ဒီကလေးကို သင့်တော်ရာ နဲ့သင့်တော်တဲ့အချိန် အိမ်ထောင်ချပေးဖို့ကို ဦးလေးဖြစ်တဲ့ မင်းကလည်း အာရုံစိုက်ထား။ငါ့သားငယ်လေး မတော်တရော်နဲ့တွေ့သွားမယ်.."

"Arthit ကကြည့်ရတာ လူပျိုကြီးလုပ်မယ့်ပုံ"

"ဒါလည်းကောင်းတာပဲ.။ငါ ကမျိုးရိုးရှင်သန်ရမယ်တွေ ဘာတွေ အစွဲမရှိဘူး။ မျိုးရိုးမကောင်းတာနဲ့ ဆုံပြီး မျိုးဆက်ရှိမယ့်အစား ဒီတိုင်း နေသွားတာမှကောင်းသေးတယ် ဟုတ်တယ်မလား Chanchai.. မင်း လည်း ရွေးယူရမယ့် မိန်းကလေးမျိုးကို သေချာသိတယ်နော.်"

"မမ ကတော့"

မနက်စာ စကားဝိုင်းက ထိုမျှနှင့်အဆုံးသတ်သွားသည်။ Chanchai အနေနှင့်ကတော့ ဘယ်မိန်းကလေးကိုမှ စိတ်ဝင်စားခြင်းမရှိ.။အိမ်ထောင်ရက်သားပြုရခြင်းကိုလည်းစိတ်မဝင်စား.။မိဘတွေရှိစဉ်တုန်းက တွေ့ဆုံမိတ်ဆက်ပွဲတွေ စီစဉ်ပေး တတ်ပေမယ့် သူ ကိုယ်တိုင်က စိတ်မပါလေတော့ မိဘတွေကလည်းထပ်မံတိုက်တွန်းခြင်းမပြုတော့.။ခုထိ အမဖြစ်သူနှင့်သာ ဒီအသက်အရွယ်ထိ အတူနေထိုင်လာခြင်းဖြစ်သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ရတယ် ရတယ် ဒီဘက်က ကျွန်တော်လုပ်ပေးလိုက်မယ်."

သူ့ဆီပြေးလာကာ လက်ထဲက တံမြက်စည်းကိုလာလွှဲယူနေသည့်ဝန်ထမ်းတစ်ယောက်ကြောင့် သူတားဆီးလိုက်သည်။ ဒါ ထုတ်ကုန်သစ်ဌာနမှ ဝန်ထမ်းတွေစု လာကြခြင်းဖြစ်သည်။ MD ဖြစ်သည့် Arthit က ဘယ်ဌာနက လာ လာ ခေါင်းဆောင်လိုက် လာတတ်သူ။ခပ်လှမ်းလှမ်းတွင် ကလေးငယ်တွေကို မုန့်တွေဝေသည့်သူက ဝေ.အတူကစားပေးနေသူက ကစားပေးဖြင့် ပျော်ရွှင်နေကြသည်ကိုခ ဏမျှ ပြုံးငေးကာကြည့်နေမိသေး၏။

မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)Where stories live. Discover now