23x(Zawgyi&Unicode)

Start from the beginning
                                    

📞ဘာဖြစ်လို့လဲ?

📞Drဆီလာခဲ့ ကိုကို

📞အရေးကြီးလို့လား

📞အရေးတော့မကြီးပေမယ့် အသုံးများဝင်မလားလို့

📞အဲ့တာဆိုလာခဲ့မယ်လေ ဘယ်လာရမလဲ?

📞Drထိုင်နေကျဆေးရုံပဲ ကိုကို
ရိပ်အခု အဲ့မှာရှိတယ်

ဖုန်းချပြီးတာနဲ့ အ၀တ်အစားလဲကားသွားထုတ်ကာ သစ် ဆင်းလာတာကိုစောင့်ပြီး အလုပ်လိုက်ပို့လိုက်သည်

ထို့နောက် ရိပ်ခေါ်တဲ့ဆီသို့

🍃

သတိုးထွက်သွားပြီး သိပ်မကြာလိုက်ခင်မှာပဲ သစ် waiter ယူနီဖောင်းလဲကာ ကောင်တာထိုင်ပေးရသည်

"Coffeeနွေးနွေးလေးတခွက်ပေးပါ သကြားမထည့်ဘူးနော်"

လူကျနေတာမို့ ၀ယ်သူမျက်နှာကို သစ်မော့မကြည့်နိုင်ပဲ

"ဟုတ်ကဲ့ ထိုင်မယ့် Table numberလေး Noteပေးခဲ့ပြီး ထိုင်စောင့်ပေးပါဗျ"

"Ok"

ဝယ်သူက Note bookလေးတွင် Table 3ဟု ရေးခဲ့ကာ ထွက်သွားသည်

ပါဆယ်ဝယ်တဲ့ဝယ်သူတွေကို ကောင်မလေးတယောက်က လာရောင်းပေးနေပြီမို့ ထိုင်စောင့်နေတဲ့ ၀ယ်သူတွေ မှာထားတာကို ဗန်းပေါ်တင်ကာ သစ်လိုက်ချပေးလိုက်သည်

နောက်ဆုံးကျန်တာက Table 3

"Coffeeရပါပြီဗျ"

"ကျေးဇူး"

သစ်ကိုမော့ကြည့်ကာ ပြုံးပြလိုက်တဲ့ဝယ်သူကြောင့် သစ် ချက်ချင်းမူးသွားကာ coffeeတွေကလည်း ၀ယ်သူရဲ့ ပုဆိုးပေါ်မှောက်ကျကုန်တော့သည်

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျွန်တော် အသစ်ပြန်လုပ်ပေးပါ့မယ် တောင်းပန်ပါတယ်ဗျ"

"ဟားဟား အဲ့လောက်မကြောက်ပါနဲ့ကွာ စိတ်ငြိမ်ငြိမ်ထား ဟုတ်ပြီလား"

ဝယ်သူပြောလိုက်တဲ့စကားသည် မနက်က သစ်အိပ်မက်ထဲကလူပြောသွားတဲ့စကားနဲ့တပုံစံတည်း

Oh !Where stories live. Discover now