သိသူ​ရော မသိတဲ့သူ​တွေကိုပါ
ပြုံးပြနှုတ်​ဆက်​ရင်း အရင်​​ရောက်​​နေပြီဖြစ်​​သော
Ji yoonနားသို့​​လျှောက်​လာခဲ့လိုက်​သည်​..


"မလာ​တော့ဘူး ထင်​​နေတာ"

"ဒီ​ကောင်​​လေ ပြင်​မပြီးနိုင်​လို့"

Seok Jinကသူ့အစားဝင်​​ပြောရင်း
ခုံတွင်​ဝင်​ထိုင်​လိုက်​သည်​...
Ji yoon က ဆံပင်​ရှည်​​တွေကို​မြှောက်​စည်းထားကာ အနည်းငယ်​တည်​ငြိမ်​ရင့်​ကျက်​​နေပုံ​ပေါက်​၏...

"ခန​နေရင်​ Hyo wooတို့လာမယ်​တဲ့..
သိတယ်​မဟုတ်​လား?"

Namjoonအ​အေးကို​မော့​သောက်​ရင်း​ခေါင်းညိတ်​ပြသည်​...မသိမှထူးဆန်းမှာမဟုတ်​ဘူးလား?
Hyo wooဆိုတာ သူနဲ့အထက်​တန်းတစ်​​လျှောက်​လုံး အတန်း​ခေါင်း​ဆောင်​ တာဝန်​ကိုတူတူထမ်း​ဆောင်​လာသူ..
နူးညံ့ပြီးမိန်းက​လေးမဆန်​​ပေမဲ့ ထက်​မြတ်​ပြီးဆွဲ​ဆောင်​မှုရှိသည်​...

Hyo wooဆို​သော အသံကိုကြား​တော့
Seok Jinမျက်​ခုံးနှစ်​ဖက်​အလိုလိုကြုံ့ဝင်​သွားသည်​....

""မင်းIdeal Typeဆိုတဲ့ အာပြဲမလား""

Seok Jinအ​မေးကိုကြား​တော့ Ji yoonကသတိရဟန်​ဖြင့်​ လက်​​ဖျောက်​တီးကာ..

""ဟုတ်​တယ်​ ဟုတ်​တယ်
နင်​မှတ်​မိ​သေးလား
နင့်​Ideal Typeက Hyo wooလိုမိန်းက​လေးမျိုးလို့​ပြောတာ​လေ"

စကားတစ်​ခွန်းဆီတိုင်းက လည်​ပင်းကိုကြိုးကွင်းရစ်​​နေသလိုမို့ Namjoon​ချောင်းဟန့်​လိုက်​ရင်း

"ဘယ်​​လောက်​​တောင်​ကြာပြီလဲ..
အဲ့တုန်းကလဲ ဒီအတိုင်း​ဖြေလိုက်​ရုံပါ..."

Seok Jinမ​ကျေမလည်​ကြည့်​ဖြင့်​တစ်​ချက်​ကြည့်​ကာ မျက်​နှာပြန်​လွှဲသွားသည်​...

"Hyo!ဒီမှာ"

ဒေါက်​ဖိနပ်​သံခပ်​စိပ်​စိပ်​နှင့်​အတူ မိန်းက​လေးတစ်​​ယောက်​သူတို့ဝိုင်းသို့​လျှောက်​လာသည်​...

"ကြာပြီလား?ကို​ယ်​အလှပြင်​တာကြာသွားလို့"

အသံခပ်​ရှရှ​​နောက်​မှ ​လေသံက ​ပေါ့ပါးလွတ်​လပ်​ဟန်​အပြည့်​...
သူမက Namjoonနှင့်​Seok Jinကို​ဝေ့ဝဲ ကြည့်​လိုက်​ရင်း...

Hey Bro!Where stories live. Discover now